Thursday, October 27, 2011

ဂျီမေးလ်နှင့် ဂျီတော့ကို (Gmail & Gtalk) မိမိကိုယ်ပိုင်ဒိုမိန်းဖြင့် (Domain) အသုံးပြုခြင်း

ဒီပိုစ့်ကို ရေးရခြင်း ရည်ရွယ်ချက်က ဘလော့ အချို့ တော်တော်များမှာ ကိုယ်ပိုင် ဒိုမိန်းနိမ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် အီးမေးလ်လိပ်စာကျတော့ ဂျီမေးလ်ပဲ ဖြစ်နေတာ တွေ့ရလို့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ မိမိဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့် ပြုလုပ်ပြီး ဂျီးမေးလ်နဲ့ အသုံးပြုလို့ ရတဲ့နည်းကို မျှဝေခြင်း ဖြစ်ပါတယ်။

မိမိကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့်လေးဆိုတော့ ပိုပြီး အထင်ကြီးစရာ တင့်တယ်စရာဖြစ်မှာပေါ့။ ဥပမာ mgthant@mgthant.me ပါ။ သိပြီးသားလူတွေလည်း ရှိမှာပါ။ မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

အရာရာတိုင်းနီးပါးကို လူတွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ဂူးဂဲလ်က (Google) ဒီဆားဗစ် (Service) လေးကို ပေးထားခြင်းဖြစ်ပါတယ်။ ဒါကို Google Apps လို့ခေါ်ပါတယ်... ဒီဆားဗစ်က သာမန်သုံးတဲ့လူတွေအတွက် အခမဲ့ပေးထားသလို စီးပွားရေး လုပ်နေတဲ့လူတွေအတွက် ဒါမှမဟုတ် ဒိုမိန်းတစ်ခုတည်းမှာ အကောင့်ပေါင်းများစွာ ဖွင့်ချင်တဲ့လူတွေအတွက် ချိုသာတဲ့ဈေးနှုန်းနဲ့လည်း ဂူးဂဲလ်ကနေ ၀ယ်ယူအသုံးပြုလို့ ရပါတယ်။ အခမဲ့အတွက်က ဒိုမိန်းတစ်ခုတည်းမှာ အကောင့် ၁၀ခုထိ ဖွင့်လို့ရပါတယ်။

ဒါကို လုပ်ရတာ သိပ်တော့မခက်ပါဘူး... ကိုယ့်ရဲ့ဘလော့လေးကို ကိုယ့်ဒိုမိန်းနဲ့ချိတ်ထားတဲ့လူတွေအတွက် ပိုပြီးလွယ်ကူစေပါတယ်။ အောက်ကအတိုင်း အစဉ်အလိုက်သွားလိုက်ရုံပါပဲ...

၁. ဂူးဂဲလ်မှာ အကောင့်မဖွင့်ခင် အရင်ဆုံးကိုယ့်ရဲ့ ဒိုမိန်း Setting ကို အရင်သွားလိုက်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ဒိုမိန်း Setting ထဲမှာရှိတဲ့ MX Record ကို ဂူးဂဲလ်နဲ့ချိတ်ဆက်ဖို့ ပြင်ရပါမယ်။ Godaddy အသုံးပြုသူများ အောက်ပါအတိုင်း ပြင်နိုင်ပါတယ်။

တခြား ဆားဗစ်သုံးသူတွေ အောက်က Records အတိုင်း ကိုယ်ရဲ့ MX Records ကို ပြင်နိုင်ပါတယ်။

ဘလော့ကို ဒိုမိန်းချိတ်ရင်လည်း Domain Records တွေ ပြင်ရတာမို့... ဒိုမိန်းနဲ့ ဘလော့ချိတ်ထားတဲ့လူတွေ ဒါကိုလုပ်တတ်မယ်လို့ ထင်ပါတယ်။

၂. ပြီးသွားရင် http://www.google.com/apps/intl/en/group/index.html ဒီနေရာကို သွားလိုက်ပါ။
အဲဒီမှာ စပြီး Get it Started ကို သွားပါ။

၃. ကိုယ့် ဒိုးမိန်းနိမ်းနာမည်ကို ရိုက်ထည့်လိုက်ပါ။ (e.g mgthant.me) www တွေ ထည့်စရာမလိုပါဘူး။ ဒိုမိန်း တစ်ခုတည်းကိုပဲထည့်ပါ။

၎. နောက်ပေါ်လာတဲ့ ပုံစံ (Form) မှာ ဖြည့်ခိုင်းတဲ့ နာမည်၊ အီးမေးလ်(လက်ရှိကိုယ်သုံးနေတဲ့ ဂျီးမေးလ် ဖြည့်လို့ရပါတယ်)၊ ဖုံးနံပါတ်၊ ကိုယ်နေတဲ့ နိုင်ငံအမည် စတာတွေဖြည့်ပါ။ အနီရောင် စတားလေး ပြထားတာတွေအားလုံးဖြည့် ရပါတယ်။ ကျန်တာက မဖြည့်ပဲ ချန်ထားခဲ့လို့ ရပါတယ်။ ပြီးတော့ I understand.......... ဆိုတာလေး အမှန်ခြစ်လေး လုပ်ပေးလိုက်ပါ။ Continue ကိုနှိပ်ပြီးနောက်တဆင့်ကို သွားပါမယ်။

၅. နောက်တဆင့်မှာ User Name (ဒါက ကိုယ့်ဒိုမိန်းနဲ့ သုံးမယ့် User Name ပါ၊ ဥပမာ mgthant@mgthant.me ဆိုရင် mgthant လို့ ဖြည့်ရပါတယ်။ ကိုယ်သုံးမယ့် ပါ့တ်စ်ဝေါ့စ် Password နှစ်ခါပြန် ဖြည့်ပါ။ (ရှည်ရှည် ရှုပ်ရှုပ်လေး ပေးပါနော် ပါတ်စ်ဝေါ့စ်ကို)၊ နောက်ရိုက်ခိုင်းတဲ့ စာလေး ရိုက်ပေးလိုက်ပါ။ အောက်ဆုံးမှာ Automatically ဘာညာဆိုတာလေး အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ (ဒါက Gmail အပြင် တခြားအသုံးပြုခွင့်ပေးတဲ့ ဆားဗစ်အားလုံးကို အလိုအလျောက် ဖွင့်ပေးပါဆိုတာ ပြောတာပါ။) ပြီးတော့ I accept. Continue Setup ဆိုတာလေး နှိပ်ပြီး နောက်တဆင့်ကို သွားပါမယ်။

၆. နောက်တဆင့်မှာ setup လုပ်တာတွေ ကိုယ့်ဟာကိုယ်လုပ်မှာလား .. သူ့ဟာသူပဲ လုပ်လိုက်ရမလား မေးပါမယ်။ Express ကိုပဲ နှိပ်ပြီး သူ့ဟာသူ လုပ်ခိုင်းလိုက်ပါ။

၇. နောက်ဆုံးအဆင့်ပါပဲ... နောက် စာမျက်နှာကို ရောက်သွားရင် Next... Next ဆက်သွားလိုက်ပါ။ အဲဒီမှာ ဒိုမိန်းကို ကိုယ်ပိုင်ဟုတ်မဟုတ် verify လုပ်ပေးရပါတယ်... အဲမှာ Recommended Method နဲ့ Alternative Method ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘလော့ကာတွေအတွက် Alternative Method ပဲ အဆင်ပြေပါတယ်။ Recommended Method က ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် ရှိသူတွေပဲ လုပ်လို့ရပါတယ်။ Alternative Method ကို သွားလိုက်ရင် နောက်ထပ် ရွေးစရာ သုံးခု ထပ်တွေ့ရပါမယ်။ အဲဒီထဲမှာမှ ဒုတိယဟာဖြစ်တဲ့ "Add a DNS..... " ဆိုတာကို ရွေးပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်း ၀ယ်ခဲ့တဲ့နေရာကို ရွေးလိုက်ပါ။ ဥပမာ godaddy.com ပေါ့။ အဲဒါပြီးရင် နောက်ထပ် ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ချက် ထွက်လာပါမယ်။ Domain Records မှာ နောက်ထပ် TXT Records လေး တစ်ခုထည့်ပေးရုံပါပဲ... အဲဒီ Records က ခုနက MX Records ရဲ့ အောက်မှာ ရှိတတ်ပါတယ်။ ပြီးရင် Verify ဆိုတာ နှိပ်ပေးရုံပါပဲ။ Google က Verify ဖြစ်ကြောင်း ပြောပါလိမ့်မယ်။ တခါတလေ ချက်ချင်း Records က Active မဖြစ်ပါဘူး... အဲဒါဆိုရင် နောက်တစ်နာရီလောက်စောင့်ပြီး Verify လုပ်ပေးပါ။ အများအားဖြင့် ချက်ချင်း ရတတ်ပါတယ်။

ခုဆိုရင် ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်လေးတစ်ခု ရပါပြီး... နောက်ထပ် အီးမေးလ်ကိုးခု ထပ်ဖွင့် လို့ရပါတယ်။ ဒါ့အပြင် တခြားဆားဗစ်တွေဖြစ်တဲ့... Google Reader, Google Docs, Google Calender စတာတွေကို ကိုယ့်ကိုယ်ပိုင် ဒိုမိန်းနဲ့ သုံးလို့ရပါပြီ ခင်ဗျာ။ Gmail ၀င်မယ်ဆိုရင် ပထမဆုံး ဂျီးမေးလ်ကိုသွား ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်းနဲ့ အီးမေးလ်အပြည့်အစုံရိုက် (ဥပမာ User Name မှာ mgthant@mgthant.me) ပြီးရင် ပါတ်စ်ဝေါ့စ် (Password) ရိုက်... login ၀င်လိုက်တာနဲ့ ရပါပြီး....  Gtalk ၀င်ရင်လည်း ဒီအတိုင်းပါပဲ...

ဒါနဲ့ ပက်သက်ပြီး မရှင်းတာရှိရင် mgthant@mgthant.me ကို အီးမေးလ် မေးမြန်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။ တတ်နိုင်သမျှ ကူညီဖြေရှင်း လုပ်ဆောင်ပေးပါမယ်။ Domain Records ပြင်ရမှာ ပြင်ရမယ့် Records က လွဲရင် ကျန်တာတွေမပြင်ပါနှင့်၊ မဟုတ်ရင် Domain Setting တွေ တလွဲဖြစ်ကုန်ပြီး ဘာမှသုံးမရတာ ဖြစ်သွားပါလိမ့်မယ်။

ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်များ ပိုင်ဆိုင် နိုင်ကြပါစေခင်ဗျာ။

5 comments:

  1. တစ်ခေါက်တော့ ဆိုဒ်တစ်ခုမှာ ဖတ်ဘူးတယ်
    အခုသေသေချာချာ ရှင်းပြထားတဲ့အတွက် စိတ်ဝင်တစ်စား သေချာဖတ်သွားပါတယ် မောင်သန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကျေးဇူးပါ။ တီတင့်

    ReplyDelete
  3. နည်းပညာတွေအခုလိုမျှဝေတာ မြသွေးနီတို့လို လူမျိုးအတွက် အရမ်းအကျိုးရှိတယ်။ ကျေးဇူးပါ MGTHANTရေ..။

    ReplyDelete
  4. ဟုတ်ကဲ့ ၀မ်းသာပါတယ် အမ မြသွေးနီ...

    ReplyDelete
  5. အကျိုးရှိတဲ့ သီတင်းတွေတင်ပေးလို့ ကျေဇုးပါဗျာ....

    ReplyDelete