Saturday, October 8, 2011

ဖေ့ဘွတ်မှာ Like မလုပ်လို့ ယောက်ျားက မိန်းမကို ပါးဆွဲရိုက်

တက်ဆက်က ကိုယ်တော်တစ်ယောက် မူးပြီး စိတ်ဆိုးမာန်ဆိုးနဲ့ သူ့မိန်းမကို ပါးဆွဲရိုက်ပါတယ်တဲ့ အကြောင်းအရင်းက သူ့မိန်းမက သူ့ရဲ့ သူအမေ နှစ်ပတ်လည်အတွက် တင်ထားတဲ့ ဖေ့ဘွတ်ပေါ် သူရဲ့စတေးတပ်စ်ကို ကောမက်လည်းမပေး လိုက်ခ်လည်း မလုပ်တဲ့ အတွက်ကြောင့်လို့ သူတို့အမှုကို စစ်တဲ့ရဲက ပြောပါတယ်.... သူဟာ တကယ့်ကိုစိတ်ဖိစီးမှု ရပါတယ်လို့ ယောက်ျားဖြစ်တဲ့ ဘန်နီတို အပိုလီနာ (Benito Apolina) က ပြောပါတယ်....

ဒါတော့်တော့်ကို အံ့သြစရာကောင်းတယ်... ကျနော့်စတေးတပ်ကို တခြားလူတွေက ကောမက်ပေး လိုက်ခ် လုပ်ပေမယ့် သူမကတော့ ဘာအကြောင်းမှမပြန်ပါဘူး... အမှန်မှာဆိုရင် သူ့မက အရင်ဆုံး လိုက်ခ်လုပ် ကောမက်ပေးတဲ့သူ ဖြစ်ရမှာပါလို့ သူက ဆိုပါတယ်....

သူတို့နှစ်ယောက်ဟာ ကွဲနေပြီး သူ့မိန်းမက ကလေးတွေကို သူတို့နေအိမ် ပက်စ်ကော့၊ တက်ဆက် (Pecos, Texas)ကနေ နယ်ခြား ကားစ်ဘတ်၊ နယူးမက္ကစီကို  (Carlsbad, New Mexico) ကို ပြောင်းနေနေတာပါ။ ဘန်နီတိုက သူတို့နောက်ကို လိုက်ပြီး သူတို့ရဲ့ မိသားစု မပျက်ရအောင် ကာကွယ်ဖို့ ကြိုးစားနေတာပါ။

အဲဒီနေ့က မိန်းမနေအိမ်ရဲ့ အိမ်တံခါးကို သွားခေါက်ပြီး ဖေ့ဘွတ်မှာ အကြောင်းမပြန်ရတဲ့ အကြောင်းကို ရှင်းလင်းချက် သွားတောင်းခဲ့ပါတယ်။ သူမိန်းမက အိမ်ထဲအ၀င်မခံပေမယ့် သူကအတင်းဝင်ပြီး မိန်းမကို ဆံပင်ဆွဲကာ ပါးကိုလက်သီးနဲ့ ထိုးခဲ့ပါတယ်... သူ့မိန်းမက သူ့ကို အရင် ဖုန်းနဲ့ ပေါက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ဒဏ်ရာကိုယ်စီ ရထားကြတယ်လို့ ရဲကပြောပြီး အပိုလီနာ တစ်ယောက်ထဲကိုပဲ ဖမ်းလိုက်ပါတယ်....

သူ့ကို ရဲက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ စွဲချက်တင်ပေမယ့် သူ့အပြစ်ကိုတော့ ၀န်မခံခဲ့ပါဘူးတဲ့....


Source
http://www.dailymail.co.uk/news/article-2046404/Drunk-husband-beats-wife-commenting-Facebook-update.html

11 comments:

  1. ကိုမောင်သန့် ကျွန်တော် လိုက်ခ် လုပ်သွားတယ်နော်.... :P

    ReplyDelete
  2. အမလေး.. ကြောက်လိုက်တာ... မလိုက်ခ်တာနဲ့ ဒီလိုလုပ်တယ်ဆိုတော့.. x(

    ReplyDelete
  3. အော်..ဖြစ်မှဖြစ်ရလေ..ဟယ်..

    ReplyDelete
  4. အမလေး မြန်မြန်သွားလုပ်မှပဲ
    တော်ကြာနေပြန်လာပြီးပါးရိုက်နေအုန်းမယ်...

    ReplyDelete
  5. ဘုရားရေ
    ဒီထဲကလို မဖြစ်အောင် စတေးတပ်မှန်သမျှ ကော်မန့်ရေး လိုက်ခ်လုပ်မှဖြစ်မယ်
    အင်း အသစ်တွေ ဘာတွေတက်သလဲ စတေးတပ် ဘာပြောင်းသလဲ သေချာစောင့်ကြည့်ဦးမှ :)

    ReplyDelete
  6. like လုပ်သွားပါတယ်

    ReplyDelete
  7. ကောမက်ပေးတဲ့သူ အားလုံးနဲ့ လိုက်ခ်တဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်... :D

    ReplyDelete
  8. စိတ်လေလိုက်တာနော် ...
    ဘာလို့များ အဲ့လောက်တောင်
    အဲ့ဒီ့ ဖေ့ဘွတ်ဆိုတာကို
    ရူးသွပ် နေကြတာပါလိမ့် .. ??

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  9.ိလိုက်ခ် လိုက်ခ် like like လိုက်ခ် like လိုက်ခ x 10000000

    ဟီးဟီးးးးးးးး။

    ReplyDelete
  10. မဆောင်းနှင်းရွက် ... ဖေ့ဘွတ်ကို ရူးမရူးတော့ မသိဘူး .. ဖုန်းခေါ်တာ မရလို ဖေ့ဘွတ်ပေါ် မက်ဆေ့ပို့လိုက်တာ ချက်ချင်း ပြန်လာတာတော့ ကြုံဖူးတယ် :D

    ကိုမိုးယံ... လိုက်ခ်တာ များကို ဖေ့ဘွတ်က ဘန်းသွားဦးမယ် ဟား ဟား

    လာလည်တာ ကျေးဇူးတင်ပါတယ် နော်...

    ReplyDelete
  11. မောင်သန့်ရေ...

    မဗေဒါလဲ ပထမဆုံးအကြိမ် လာ like သွားတယ်... နည်းနည်းနောက်ကျသွားလို့ မငြူစူပါနဲ့နော်...

    ReplyDelete