Monday, October 10, 2011

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၂

Ablutophobia - Fear of washing or bathing

ဆေးကြောခြင်း၊ သန့်ရှင်းခြင်း၊ ရေချိုးခြင်း စတာတွေ ကြောက်တတ်တဲ့ ရောဂါတဲ... ရောဂါနာမည်က "Ablutere" ဆေးကြောခြင်းလို့ အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာပါ။ ဒီရောဂါဟာ ကလေးငယ်တွေမှာ ရှိတတ်ပြီး... လူကြီးပိုင်းမှာတော့ အမျိုးသမီးများဟာ အမျိုးသားများထက် ဒီရောဂါ ပိုရှိတတ်ပါတယ်၊ 


ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အတိတ်က အဲလို ကိုယ်လက် ဆေးကြောခြင်းကြောင့် ထိခိုက်နာကျင်စရာ တစ်ခုခု ဖြစ်ခဲ့လို့ပဲ ဖြစ်ဖြစ် (သို့မဟုတ်) ထိတ်လန့်စရာ ရုပ်ရှင်တွေထဲမှာ အဲလို ပြကွက်တွေ ကြည့်ခဲ့မိလို့ပဲ ဖြစ်ဖြစ် ဒီရောဂါဟာ ကိုယ့်မှာ မသိမသာ စွဲကပ်လာတတ်ပါတယ်...
Ref: 
http://en.wikipedia.org/wiki/Ablutophobia
http://phobias.about.com/od/phobiaslist/a/ablutophobia.htm 


Aerophobia, Aviatophobia, Aviophobia or Pteromechanophobia - Fear Of Flying

အမြင့်ပျံတာ ကြောက်တတ်တဲ့ ရောဂါပါ။ အထူးသဖြင့် လေယာဉ်စီးရမှာကို ကြောက်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒီရောဂါကလည်း အတိတ်က ဒါနဲ့ ပက်သက်ပြီး တစ်ခုခု ဖြစ်ခဲ့လို့ ဒီအကြောက်ရောဂါ ဖြစ်တတ်တာ ရှိပါတယ်...

ဒီလိုရောဂါရှိတဲ့ ထင်ရှားတဲ့ သူနှစ်ဦးကတော့...

အာဆင်နယ်နှင့် နယ်သာလန် အသင်းသားဟောင်း ကမ္ဘာကျော် ဘော်လုံးသမား ဒင်းနင့်ဘားကမ့် (Dennis Bergkamp) နဲ့ မြောက်ကိုးရီးယားတို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျူံအီပဲ ဖြစ်ပါတယ်။


ဒင်းနစ်ဘားကမ့်ဟာ ၁၉၉၄ခုနှစ် ကမ္ဘာ့ဖလားပွဲအတွင်း နယ်သာလန်နိုင်ငံအသင်းနဲ့အတူ လေယာဉ်နဲ့ ခရီးသွားနေစဉ်မှာ လေယာဉ် အင်ဂျင်ရုတ်တရက် ပြတ်တောက်မှု ဖြစ်သွားခဲ့ပြီး... ဒါကို သူတို့နဲ့ အတူပါလာတဲ့ ဂျာနယ်လစ်က သူအိတ်ထဲမှာ ဗုံးရှိလို့ ဆိုပြီး နောက်ပြောင်ခဲ့ရာမှာ ဘားကမ့်က ဒါကို တကယ်ကြောက်သွားပြီး... နောက်ဘယ်တော့မှ လေယာဉ် မစီးတော့ဖို့ ဖြစ်သွားစေပါတယ်... ဒီလို အကြောက်လွန်ရောဂါ ဖြစ်သွားတာကြောင့် ဘားကမ့်အတွက် အာဆင်နယ် အသင်းနဲ့ရော ဒတ်ခ်ျ အသင်းနဲ့ပါ အဝေးကွင်းပွဲတွေ သွားကစားတဲ့အခါမှာ အခက်အခဲ ကြုံရပါတယ်... သူဟာ ဥရောပတခွင် အဝေးကွင်းပွဲတွေကို တခါတလေ အသင်းနဲ့အတူ လေယာဉ်စီးပြီး မသွားပဲ သူ့ဘာသာသူ ကားတတန် ရထားတတန်နဲ့ သွားတတ်ပါတယ်... ဥရောပပြင်ပ ကုန်းလမ်းနဲ့ သွားဖို့ မဖြစ်နိုင်တဲ့ ဒါမဟုတ် ကုန်းလမ်းနဲ့ သွားဖို့ အချိန်အရမ်းကြာတဲ့ နေရာတွေမှာ ကစားတဲ့ပွဲတွေကိုတော့ ဘားကမ့်ဟာ သွားရောက်မကစားနိုင်ပဲ အများအားဖြင့် အဲဒီပွဲတွေကို လွဲချော်လေ့ ရှိပါတယ်။
Ref:
http://en.wikipedia.org/wiki/Dennis_Bergkamp#Aerophobia

မြောက်ကိုရီးယားတိုရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျူံအီကတော့ သူရဲ့ တရုတ်ပြည် ရုရှားပြည် တို့ကို သွားတဲ့ ခရီးရှည်ကြီး တွေကို လက်နက်အပြည့်အစုံဖြင့် အထူးစီမံထားတဲ့ ရထားနဲ့ သွားလေ့ရှိတာကို ကြည့်ရင် သူရဲ့ လေယာဉ်စီးဖို့ ကြောက်တတ်တဲ့ ရောဂါကို သတိပြုနိုင်ပါတယ်.. သူအခုလို လေယာဉ်စီးဖို့ ကြောက်သွားတာက ၁၉၇၆နှစ်ကုန်ခါနီးက ပြည်တွင်းလှည့်လည်တဲ့ ခရီးစဉ်တစ်ခုမှာ သူစီးတဲ့ ဟယ်လီကော်ပတာ ပျက်ကြမှု ဖြစ်ခဲ့တာကြောင့်လို့ ခေါင်းဆောင်ကြီး ကင်ကျူံအီနဲ့ အခါများစွာ နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသူ မြောက်ကိုရီးယားမြို့တော် ပြုံးယွမ်မှာ ဆွီဒစ်သံတမန်အဖြစ် အမှုထမ်းခဲ့ဖူးတဲ့ "အင်ဂေါ့ဖ် ကိဗ်ဆိုး" (Ingolf Kiesow) က သူရဲ့သူငယ်ချင်း ဂျပန် သံအမတ်နဲ့ စာရေးဆရာ "မာဆာယူကိ ကိုအိကဲ" (Masayuki Koike) ကို အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်...
Ref: http://www.smh.com.au/articles/2003/06/16/1055615736319.html

ကင်ဂျူံအီဟာ ပြီးခဲ့ သြဂုတ်လကဘဲ ရုရှား သမ္မတနဲ့ တွေ့ဖို့ မိုင်ပေါင်း ၁၈၀၀ကျော်ကို ရက်ပေါင်းများစွာ ရထားစီးပြီး သွားခဲ့ပါသေးတယ်... 

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Ref: 
http://www.youtube.com/watch?v=0TUVUbijJ3k
http://www.independent.co.uk/news/world/europe/mystery-tour-for-kim-jongil--train-in-russia-2341680.html

5 comments:

  1. လူတိုင်းမှာ ကိုယ်တိုင်တောင် သတိမထားမိတတ်တဲ့ ရောဂါနဲ့ အကြောက်တရားတွေ ရှိတတ်ကြတယ်နော်။
    ချမ်းသာတဲ့လူ အာဏာရှိတဲ့လူတွေက ဆင်းရဲသူတွေထက် သေမှာ ပိုကြောက်ကြသလိုဘဲနော်
    တချို့ကတော့ ဆင်းရဲမှာ ကြောက်ကြပြန်တယ်

    ReplyDelete
  2. ကျမစီမှာလည်းဘာကိုကြောက်တဲ့ရောဂါရှိနေမလဲမသိဘူး..

    ReplyDelete
  3. ကျွန်မကတော့ အမြင့်ကြောက်တတ်သည်။ မြင့်မည်ဆိုလျှင် ဘယ်အမြင့်မှမတက်ချင်..။ :)

    ReplyDelete
  4. ကျွန်တော်တော့ အမြင့်တက်ဖို့ ကြောက်တဲ့ ရောဂါတော့ ရှိသဗျ။
    လူတကိုယ်စိတ်တမျိုးနဲ့ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါကလည်း ရှိသေးတယ်။

    ReplyDelete
  5. မချော .. အဲဒီရောဂါတွေက နာမည်မရှိတာ ခက်တယ်...

    ဘလက်ရိုစ့်... အဘွားကိုရော ကြောက်နေသေးလား :P

    မမြသွေးနီ... ဟိုမင်းသမီး ရေကူးတဲ့ ရေကူးကန် ရှိတဲ့နေရာ တစ်ခါလောက် လာတက်ကြည်ပါလား အထပ် ၅၀ကျော်... :D

    ကိုမြစ်ကျိုးအင်း... ဟုတ်ပါ့ စိတ်ကြောင့်ဖြစ်တာ ပိုဆိုးတယ်..

    လာလည်တာ အားလုံးကို ကျေးဇူးတင်ပါတယ်... ခင်ဗျာ

    ReplyDelete