Thursday, October 6, 2011

လူလောကကို နှုတ်ဆက်သွားပြီ ဖြစ်တဲ့ စတိပ်ဂျော့ (Steve Jobs)

ကမ္ဘာ့တန်ဖိုးအရှိဆုံး (Apple) ကုမ္ပဏီကိုတည်ထောင်ခဲ့သူ၊ ဦးဆောင် ဦးရွက်ပြုခဲ့သူ၊ လူအများ နှစ်ကြိုက်ကြတဲ့ ချစ်ဖွယ် ရုပ်လုံးကြွ ကာတွန်း ရုပ်ရှင်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီ (Pixer) ကိုလည်း စတင်ခဲ့သူ.. လူတွေရဲ့ နေ့စဉ်ဘ၀ကို ပိုလွယ်ကူအောင် ဆန်းသစ်သော နည်းပညာ (iPod, iPhone & iPad) တို့ဖြင့် ပြောင်းလဲစေခဲ့သူ အသက် ၅၆နှစ်အရွယ် စတိပ်ဂျော့ဟာ ဒီနေ့ မနက်မှာပဲ ကွယ်လွန်ကြောင်း သိရသောကြောင့်... သူ၏မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်။


5 comments:

  1. နေမယ်ဆိုရင်နေလို့ရသေးတဲ့အရွယ်ပါပဲ
    ဘာဖြစ်လို့လဲ...ရောဂါနဲ့လား...
    ဘာကြောင့်ဆိုတာမရေးထားဘူးနော်..

    ReplyDelete
  2. မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိတယ်။
    ကောင်းရာမွန်ရာသို့ ရောက်ပါစေလို့ ဆုတောင်းပါတယ်။
    ငှက်ပေါင်းများစွားနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပြိုလဲသွားတာပဲပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. စိတ်မကောင်းစရာဘဲ.. နည်းပညာတွေ သူနဲ့အတူ ပါသွားမှာကို ပိုပြီး စိတ်မကောင်းဖြစ်မိတယ်။ လူ့လောကကို တိုးတက်ပြောင်းလဲစေတဲ့သူတစ်ဦးထဲမှာ အပါအဝင်မို့ ပိုပြီး နှမြောစရာပါ။

    ReplyDelete
  4. အရမ်းတော်တဲ့လူတယောက်အခုလိုဆုံးပါးသွားတဲ့အတွက်
    နှမြောစရာပါ...သူရဲ့နည်းပညာတွေကိုပိုနှမြောမိပါတယ်..
    သူ့ရဲ့မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်..

    ReplyDelete
  5. သူ့ ဘ၀အတွက် သူဘာမှ မလုပ်ရသေးခင် လောကကြီးကို ကျောခိုင်းသွားရတယ်လို့ ထင်ပါတယ်... ခင်ဗျာ :)

    အားလုံးကို ကျေးဇူးပါနော်

    ReplyDelete