Tuesday, November 8, 2011

ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး ဒေါ်လာ ၁၀ပြားကို ၅၇နှစ်အကြာမှာ ရဲစခန်းကို လာရောက်ပေးအပ်

နိုဝင်ဘာ ၁ရက်နေ့တုန်းက ယောက်ခ်(York) ရဲစခန်းမှုးကြီး ဒွန်ကလတ်(Don Klug)တစ်ယောက် သူ့စားပွဲပေါ်မှာ ယောက်ရဲဌါနက ထုတ်တဲ့ ဇူလိုင် ၁၃၊ ၁၉၅၄ခုနှစ် ညနေ ၃နာရီ ၂၀ရက်စွဲပါ ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး လက်မှတ်လေးနဲ့ ပေးဆောင်ရမယ့် ဒဏ်ကြေး ၁၀ပြားစေ့ကို တွေ့လိုက်ရတဲ့အချိန်မှာ တော်တော် အံ့သြသွားပါတယ်။ အမည်မသိ လူတစ်ယောက်က ဘောင်ခတ်ထားတဲ့ ဖြတ်ပိုင်းလေးနဲ့ ပိုက်ဆံကို လာရောက်ပေးသွားခြင်းဖြစ်ပါတယ်။ နာမည်ပင် ချန်မသွားတဲ့ လာရောက်ပေးသွားတဲ့လူက ဒီဒဏ်ကြေးဖြတ်ပိုင်းကို သူ့အမေကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကြားမှာ အိမ်ရှင်းရင် တွေ့ရှိခဲ့တာဖြစ်ပြီး သူ့အမေက ယောက်ခ်(York)ကို လွန်ခဲ့တဲ့နှစ်များစွာက လည်ပတ်ခဲ့ကြောင်းနဲ့ ဒီဖြတ်ပိုင်းကို ပေးဖို့မေ့ခဲ့တာ ဖြစ်နိုင်ပြီး... အခုလို ပြန်ပေးရှာတွေ့အခါ ပေးဖို့ အကောင်းဆုံး ဖြစ်ကြောင်း ပြောပြီး လှည့်ပြန်သွားခဲ့တာပါ။

ရဲမှုးကြီး ကလပ်က 'အခုလို ၅၇နှစ်ကြာတင်ရှိနေတဲ့ ဒဏ်ကြေးအကြွေးကို အခုလို လာရောက်ပေးတာ.. ဒါဟာ တကယ့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ... နောက်ပြီး တခြားလူရဲ့ ပိုင်ဆိုင်မှုကနေတဆင့် ရှာတွေ့ပြီးလာပေးတာက ပိုပြီး ထူးခြားပါတယ်... အဲနောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာကတော့ ဒဏ်ကြေးပေးဆောင်ဖို့ ဖြတ်ပိုင်းပေါ်မှာ ရေးထားတဲ့ စာတိုလေးပါပဲ' လို့ ပြောပါတယ်။

(Photo via )

ဒဏ်ကြေးပေးဆောင်ဖို့ ဖြတ်ပိုင်းပေါ်မှာ ရေးထားတဲ့စာတိုလေးဟာ ရိုးရှင်းပြီး အင်မတန်မှ ယဉ်ကျေးတဲ့ စကားလုံးတွေသုံးထားပါတယ်။ ဖြတ်ပိုင်းပေါ်မှာ ရေးထားတာကတော့

"We are sorry... to have to leave this tag. However, our parking space is so limited we have to divide it up. A charge of 10 cents is made for your extra time. You may enclose a dime in this envelope and deposit it in the red box located on the corner. We hope you understand our parking problem.Help us solve it, won't you?

Thanks! Come again!
"

"အခုလို ဒီဖြတ်ပိုင်းလေး ချန်ခဲ့ပေးရတာ အထူးပဲ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယဉ်ရပ်နားတဲ့နေရာတွေက တကယ့်ကို အကန့်အသတ်ဖြစ်နေလို့ ဒါကို အားလုံးအဆင်ပြေစေဖို့ အချိန်ခွဲသုံးဖို့ လိုအပ်နေပါတယ်။ အဲဒါကြောင့် အချိန်ပို ရပ်နားမိချိန် ၁၀ပြားကို ကျွန်တော်တို့ ကောက်ခံရပါမယ်။ ဒီဆယ်ပြားကို အခုပါတဲ့စာအိတ်လေးထဲထည့်ပြီး လမ်းထောင့်က ပုံးနီနီလေးထဲကို ထည့်သွားခဲ့လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ယာဉ်ရပ်နားမှု ပြဿနာ အခက်အခဲကို နားလည်ပေးမယ်လို့ မျှော်လင့်ပြီး ကူညီဖြေရှင်းမယ်လို့ ထင်ပါတယ်..

ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါဦး'

ရဲမှုးကြီး ကလက်က သူတို့ဆီမှာ ဒီလို ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး ကောက်ခံတဲ့ အစဉ်အလာမျိုး တကယ်ရှိခဲ့တာ မှန်တယ်လို့ပြောပြီး... ဒီ ၅၇နှစ် သက်တမ်းရှိတဲ့ ဖြတ်ပိုင်းလေးကို ဘောင်ခတ်ထားတဲ့အတိုင်းပဲ ဒီရုံးခန်းထဲမှာ ချိတ်ထားမယ်လို့ ဆိုပါတယ်။

News Source:
http://yorknewstimes.com/articles/2011/11/03/news/doc4eb2949534f54650865388.txt
http://consumerist.com/2011/11/man-pays-moms-10-parking-ticket-57-years-after-it-was-issued.html

5 comments:

  1. အမှတ်တမဲ့မှ အမှတ်တရသို့ :)

    ReplyDelete
  2. ဒါလေးလည်းအမှတ်တရ တမျိုးပါဘဲလေ..

    ReplyDelete
  3. ထူးဆန်းပါပေ့ ကိုကိုတွတ်ရယ်လို့သာပြောလိုက်ချင်ပါပြီကွယ်။
    အမှတ်တရလေးပါပဲနော်။

    ReplyDelete
  4. ၅၇နှစ်ကြာမှ သူ့အမေကျန်ရစ်ခဲ့တဲ့ ဖြတ်ပိုင်းကို သစ္စာရှိရှိပြန်လာပြီး ဒဏ်ကြေးဒေါ်လာ ၁၀ပြားကိုဆောင်တဲ့သူရဲ့ စိတ်ဓာတ်ကိုလေးစားမိတယ် မောင်သန့်ရေ။
    ဒဏ်ကြေးဆောင်ဘို့ တိုက်တွန်းစာကလည်း နူးညံ့သိမ်မွေ့လိုက်တာနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မြန်မာမှာ အဲဒီလို လာပေးရင် စိတ်ဆိုးမှာ သေချာတယ်။ ၁၀ ပြားထဲမို့။း)

    ReplyDelete