Friday, November 11, 2011

၁၁.၁၁.၁၁ နေ့မှာ ၁၁နှစ်မြောက်မွေးနေ့ ကျင်းပမည့် အမြွှာညီအစ်မ

(Photo via)

အမေရိကန်ပြည်ထောင်စု မတ်ဒီဆန်၊ ၀စ်စဂွန်စင်(Madison, Wisconsin)မှာ နေထိုင်တဲ့ ဘက်ဆီနဲ့ ကေသီ (Betsy and Katie) ဆိုတဲ့ အမွှာညီအစ်မ နှစ်ယောက်ရဲ့ ၁၁နှစ်မြောက်မွေးနေ့ဟာ ထူးထူးခြားခြား ၁ခြောက်လုံးစုံတဲ့ နေ့ရက်ဖြစ်တဲ့ ၁၁ရက် ၁၁လ ၂၀၁၁ခုနှစ်(၁၁.၁၁.၁၁)မှာ ကျရောက်နေတဲ့အတွက် သူတို့ မိသားစုဟာ ထူးထူးခြားခြား မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေပါတယ်တဲ့...

သူတို့နှစ်ယောက် စဉ်းစားနေတာကတော့ ဒီနေ့(အမေရိကန်မှာတော့ မနက်ဖြန်ပေါ့) သောကြာနေ့မှာ ကျောင်းကိုသွားပြီး ၁၁မိနစ်လောက်နေဖို့၊ ဒါမှမဟုတ် တခြား အပေါင်းအဖော်တွေနဲ့ ၁၁နာရီ ၁၁မိနစ်ရောက်တာကို ရေတွက်ကြ စတာတွေလုပ်ဖို့ လို့ဆိုပါတယ်။

သူတို့ရဲ့ အဒေါ်တစ်ယောက်ကတော့ လက်ဆောင်လေးတွေ ၁၁ခုစီပါတဲ့ လက်ဆောင်အိတ် ၁၁ခုကို လက်ဆောင်အနေနဲ့ ပေးပြီးပါပြီးတဲ့...

ကေသီကတော့ ပူးကလေးနှစ်ကောင်လောက် လက်ဆောင်အဖြစ် လိုချင်နေပြီးတော့၊ ဘက်ဆီကတော့ အမေဇုံ ကင်တယ် (Amazon Kindle) စာဖတ်တဲ့(Reader) လေး လိုချင်နေပါတယ်တဲ့။ ဒါတွေအတွက် သူတို့ဟာ မင်နီဆိုးတာ (Minnesota) မှာ ရှိတဲ့ Mall Of America ကို သွားပြီး ဈေးဝယ်ကြဖို့လည်း အစီအစဉ်လုပ်ထားပါတယ်။

သူတို့ အမြွှာညီအစ်မနှစ်ယောက်ကို ၁၁ရက် ၁၁လ ၂၀၀၀ခုနှစ် စနေနေ့မှာ ဟာရစ်ဆန်ဘတ်, ဗာဂျီးနီးယား (Harrisonburg, Virginia)က ဆေးရုံတစ်ခုမှာ မိခင် 'ဂျူလိုင် အိုဗာမန်း'(Julie Overman)မှ ၁၇မိနစ်ခြား မွှေးဖွားခဲ့ပြီး၊ သူတို့မှာ ၁၃နှစ်အရွယ် အစ်စဘယ်(Isabel) ဆိုတဲ့ အမတစ်ယောက် ရှိပါတယ်တဲ့။

News Source:
http://www.stuff.co.nz/oddstuff/5943304/Twins-to-celebrate-11th-birthday-on-11-11-11
http://host.madison.com/wsj/news/local/these-kids-go-to-twin-sisters-to-celebrate-birthdays-on/article_1148c9f8-0a65-11e1-84b8-001cc4c002e0.html

6 comments:

  1. အမွှာညီအမအကြောင်းလေးဖတ်ခဲ့ပါပြီ
    ချစ်ဖို့ကောင်းတယ်မိဂျက်နဲ့တူတူပဲ
    ခင်မင်တဲ့ မုန်လာထုပ်

    ReplyDelete
  2. ထူးထူးခြားခြားအမွှာနှစ်ယောက်ပေါ့...။
    ချစ်စရာလေးတွေ...။

    ReplyDelete
  3. အင်းပေါ့လေ ၁၁ က ၆ လုံးစုံဖို့မှ မလွယ်တာ ၁၁ တွေစုံအောင် လျှောက်လုပ်ပေါ့။

    ၁၁ x ၁၁ = ၁၂၁
    ၁၁၁၁၁၁ x ၁၁၁၁၁၁ = ၁၂၃၄၅၆၅၄၃၂၁
    ၁၁၁၁၁၁၁၁၁ x ၁၁၁၁၁၁၁၁၁ = ၁၂၃၄၅၆၇၈၉၈၇၆၅၄၃၂၁

    ReplyDelete
  4. ချိုချဉ် ၁၁လုံးစားပြီး
    နေကြာစေ့ ဆယ့်တစ်စေ့စားတယ်..
    ဘီစကစ် ၁၁ချပ်စားတယ်..လိမ္မော်သီး အသေး ၁၁လုံးစားတယ်..
    ရေ ၁၁ကြိမ်ချိုးမလို့ အအေးပတ်မှာ ကြောက်လို့ မချိုးဖြစ်
    ကော်ဖီ ၁၁ခွက်တော့ ဘယ်လိုဖြစ်ဖြစ် သောက်နိုင်တယ် ဒါပေမဲ့ အိပ်မပျော်မှာစိုးလို့ မသောက်ဖြစ်..
    ဘလော့ ၁၁ခုဘဲလည်ရင်ကောင်းမလား စဉ်းစားနေတာ.. ဒါ ၁၁ခုမြောက်ဘဲး)
    ဒီနေ့ ၁၁ ဂဏန်းနဲ့ဘဲ အလုပ်လုပ်မယ်..း)

    ReplyDelete
  5. ဒီအမြွှာ နှစ်ယောက်အတွက်တော့ တသက်မှာ တခါပဲ ကြုံနိုင်တဲ့ ၁ ဂဏန်းတွေ စုဆုံနေတဲ့ မွေးနေ့ပါပဲ၊ ၂၂.၂.၂၂ ဆိုတာကတော့ ဘယ်ဆီ နေမှန်းမှ မသိနိုင်သေးတာကိုး...နော။း)

    ReplyDelete
  6. ထူးခြားတဲ့ရက်လေးမှာ ထူးခြားတဲ့မွေးနေ့ကျင်းပတဲ့ မွေးနေ့ရှင်လေးများ ထာဝရပျော်ရွှင် အေးချမ်းနိုင်ပါစေ။ မျှဝေခံစားခွင့်ရလို့ ကျေးဇူးပါမောင်သန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete