Wednesday, November 16, 2011

ပေ ၂၀မြင့် ကန္တာရဆူးပင်ထိပ်မှာ သုံးရက်ကြာ နေသွားတဲ့ ကြောင်ကလေး

ကြောင်မဲ သေးသေးလေး တစ်ကောင် အာရီဇိုနား ကန္တာရတစ်ခုက ပေ၂၀လောက်မြင့်တဲ့ ကန္တရဆူးပင်ကြီးပေါ်မှာ ၃ရက်ကြာလောက် နေသွားသတဲ့။ နောက်ဆုံး သူ့ကိုလာကြည့်တဲ့ လူတွေများလာပြီး ဟယ်လီကော်ပတာနဲ့ ဘာနဲ့ သူ့အပေါ်မှာ ဗီဒီယိုလာရိုက်တော့မှ အောက်ကို ပြေးဆင်းသွားပါတယ်။ ဒီလောက်မြင့်တဲ့ ဆူးပင်ပေါ် ဘယ်လိုများ တက်သွားလားဆိုတာ တော်တော်ထူးဆန်း နေကြတယ်။ အောက်ကဗီဒီယိုမှာ ကြည့်ကြည့်ကြပါ။ တမင်ပဲ အဲမှာအဲလောက်ကြာနေနေတာလား၊ ဒါမှမဟုတ် တက်ပြီး ပြန်မဆင်းရဲလို့ပဲ မဆင်းတာလားတော့ မသိဘူး။


တခါကကြုံဖူးတယ်။ အိမ် တိုက်အောက်က ကြောင်ဖြူတစ်ကောင် သစ်ပင်ပေါ်တက်သွားပြီး ပြန်မဆင်းတတ်ဘူး။ သူ့ကို အောက်ကနေ အဲဒီအပင် အမြင့်နီးပါးမှာ အကာထားပြီး ခြောက်လှန့် ခုန်ချခိုင်းတာလည်း မဆင်းဘူး၊ သစ်ပင်ပေါ်မှာပဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ညောင်ညောင်အော်နေတာ ဘာမှမတတ်နိုင်ဘူး။ နောက်ဆုံး ခြောက်ရတာ မောသွားလို့ ဒုတ်နဲ့လိုက်ထိုးကြည့်တာ ဒုတ်ကို ရှောင်ရင်းနဲ့ အပင်က ရှောကြတာကနေ ကုတ်ကတ်ပြီး ဆင်းလို့ ရသွားတယ်။ အဲတော့မှာ လူတွေလည်း သက်ပြင်းချကြရတော့တယ်။ တော်တော်ဆိုးတဲ့ ကြောင်တွေ....

News Source:
http://www.telegraph.co.uk/news/worldnews/northamerica/usa/8890351/Cat-stuck-on-cactus-for-days.html

9 comments:

  1. ကြည့်ရတာအဲကြောင်မည်းလေးက
    တမင်တကာသူ့ကိုvideo လာရိုက်တာ
    စောင့်နေတာလားမှမသိတာလေ...

    ReplyDelete
  2. ဟုတ်ပ ပစ်ပစ်ပြောတာဖြစ်နိုင်တယ်
    ဒါမှမဟုတ်ရင်လဲ ဂျက်ဘလော့ထဲပါချင်နေတာထင်ပါရဲ့
    ခင်ခင်မင်မင် jasmine

    ReplyDelete
  3. ကြောင်တွေဆိုးချက်... အင်္ကျီ ခြင်းတောင်းထဲ ချီးပါထည့်တာ ၂ ခါရှိပြီ... မတွေးတောင်မတွေးရဲပါဘူး ကျွန်တော့် အင်္ကျီခြင်းထဲမှာ ၃ ရက်လောက်နေသွားခဲ့ရင်လို့...

    ReplyDelete
  4. ဟားဟား ကိုဇင်မျိုး အဖြစ်ကဆိုးတယ်။ ကြောင်ကို အီးပါစေချင်တဲ့ နေရာ ဖင့်ဆောင့်လိုက်လေ ဒီမှာအိပ် ဒီမှာစား ဒီမှာပါ... ဆိုပြီးတော့... ကျွန်တော်တို့တော့ အဲအတိုင်းအမြဲလုပ်တာ အဆင်ပြေတယ်။

    ပစ်ပစ်နဲ့ ဂျက်စ်တို့ အဲဒီကြောင်လောက်တောင် မစွံဘူးလား။ စွံအောင် အဲလို ကန္တရဆူးပင်ပေါ် တက်နေလိုက်ပါလား... ကွိကွိ

    ReplyDelete
  5. နာမည်ကြီးချင်တော့ ကြောင်လေးတောင်နာမည်ကြီးရသေးတယ်နော်..၊။
    သူ့ခမျာ တက်ပြီးမှ ဆူးစူးတော့ နာလို့ မဆင်းတာ ဖြစ်မယ်ထင်တယ်။ video clip က ဖွင့်မရဘူး..။ စာဖတ်ပြီး မှန်းပြောရတာ...။

    ReplyDelete
  6. ဟင်....ကြောင်တွေလား..ဆိုးပါဘူးဗျ..သိပ်ချစ်စရာကောင်းတာ...၊မယုံရင်
    ဖဘကကြောင်ဂိုဏ်းနဲ့ဆက်သွယ်ကြည့်လိုက်....:)

    ReplyDelete
  7. အမ.. အင်း စိတ်မကောင်းတာ ကြည့်မရလို့...

    ဖဘက ကြောင်ဂိုဏ်းဆိုတာ လင့်ခ်ပေးဦးလေ...

    ReplyDelete
  8. ပူစီကတ်လေး တနားပါယယ် နော် ... သူ့ခမျာ တကိုယ်တည်း ၃ ရက်ကြာအောင် သစ်ပင်ပေါ်နေသွားတာတောင် ကယ်တင်ရှင် ကိုကိုကြောင်က ပေါ်မလာပဲ စပ်စုစိန် လူတွေနဲ့ပဲတွေ့ပီး ပြန်သွားရပြီ ......တခါတလေ သူလဲ အပေါ်စီးက ကြည့်ချင်လို့ ကန္တာရထဲက အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ကြည့်တာရော မဖြစ်နိုင်ဖူး လား လို့ :P

    ReplyDelete
  9. အပင်ကိုပဲ အသည်းယားတယ်။ အမြင့်ကြီးပဲ။ ကြောင်ကလည်း ဆော့ပါပေ့။

    ReplyDelete