Thursday, December 15, 2011

ဒေါ်လာ ၁.၆သန်းရသွားတဲ့ Apple ကုမ္ပဏီ စတင်တည်ထောင်စဉ် ချူပ်ဆိုခဲ့တဲ့ စာချူပ်မူရင်း

Apple ကုမ္ပဏီ စတင်တည်ထောင်စဉ်က ပါဝင်ခဲ့သူသုံးဦး ဖြစ်တဲ့ စတိဂျော့(Steve Jobs)၊ ၀ါ့နိရက်ဇ်(Wozniak)နှင့် ၀ိန်း(Wyane)တို့ ပါဝင်လက်မှတ်ထိုးထားတဲ့ ရှယ်ယာခွဲဝေရေးနဲ့ သက်ဆိုင်တဲ့ စာချူပ်မူရင်းတစ်ခုကို ဒီဇင်ဘာ ၁၃ရက်နေ့က လေလံတင် ရောင်းချခဲ့တာမှာ Cisneros Corporation ရဲ့ Chief Executive "Eduardo Cisneros" က  ဒေါ်၁.၆သန်းဖြင့် လေလံအနိုင်ရကာ ၀ယ်ယူသွားခဲ့ပါတယ်။ ဒီစာချူပ်နဲ့အတူ နောက်ထပ် '၀ိန်း' က သူရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ပြန်လည်အမ်းယူသွားတဲ့ စာချူပ်တစ်ခုလည်း ပါဝင်ပါတယ်။ စာချူပ်တွေကို '၀ိန်း' က ဒါတွေစုဆောင်းတဲ့ လူတစ်ယောက်ကို ၁၉၉၄ခုနှစ်ကတည်း ရောင်းချထားခဲ့တာပါ။

အက်ပဲလ် တည်ထောင်စဉ် စာချူပ်မူရင်း  တစ်ခု
(Photo Via DailyMail)

'၀ိန်း' ဟာ အက်ပဲလ်ကုမ္ပဏီ စတင်တည်ထောင်တဲ့အထဲ စတိဂျော့နဲ့ ၀ါ့နီရက်ဇ်တို့နှင့်အတူ တတိယလူအဖြစ် ပါဝင်ခဲ့ပေမယ့် သူ့ကို လူသိနည်းပါတယ်။ အခု အသက် ၇၇ခုနှစ်ရှိနေပြီး ဖြစ်တဲ့ '၀ိန်း' ဟာ အဲဒီအချိန်တုန်းက ဗွီဒီယိုဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီ Atari မှာ အလုပ်လုပ်နေစဉ် စတိဂျော့နဲ့ တွေ့ဆုံခဲ့ပြီး၊ စတိဂျော့က သူကို့ အဖေသဖွယ် ခင်မင်လေးစားခဲ့ပါတယ်။ အက်ပဲလ်ကုမ္ပဏီ စတင်တည်ထောင်စဉ် စာချူပ်ချူပ်ဆိုချိန်မှာ စတိဂျော့နဲ့ ၀ါ့နီရက်ဇ်က ၄၅ရာခိုင်နှုန်းစီ ရှယ်ယာပိုင်ဆိုင်မှု ရှိခဲ့ပြီး '၀ိန်း' ဆယ်ရာခိုင်နှုန်းပိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ သူရှယ်ယာကို ပြန်ရောင်းခဲ့တာ ပထမဆုံး ဒေါ်လာ၈၀၀ရပြီး နောက်ထပ် ဒေါ်လာ ၁၅၀၀ထပ်ရခဲ့ပါတယ်။ တကယ်လို့ သူသာ ဒီရှယ်ယာကို ပြန်မရောင်းခဲ့ရင် အခုဒီရှယ်ယာရဲ့တန်ဖိုးဟာ ဒေါ်လာ ၂ဘီလီယံခန့် ရှိနေပါပြီး။

အက်ပဲလ် စတင်တည်ထောင်စဉ် ပါဝင်ခဲ့ပေမယ့် လူသိနည်းတဲ့ Ronald Wayne
(Photo Via DailyMail)

ဒါပေမယ့် '၀ိန်း' ဟာ ဒီရှယ်ယာ ပြန်ရောင်းခဲ့တာကို နောင်တမရပါဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အက်ပဲလ်မှာသာ သူဆက်နေခဲ့ရင် အခုချိန်မှာ သူဟာ သင်္ချိုင်းထဲမှာပဲ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက် ဖြစ်နေမှာလို့လည်း ပြောပါတယ်။ စတိဂျော့နဲ့ ၀ါနီရက်ဇ်ဟာ နည်းပညာဘီလူးတွေဖြစ်ပြီး အလုပ်ကိုမှာ ဇယ်စက်သလို အလွန်အကျွံလုပ်တတ်တဲ့ သူမျိုးတွေဖြစ်တာကြောင့် သူတို့နဲ့ အတူ အလုပ်တွဲလုပ်ရမှာ သူအနေနဲ့ မချောင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် '၀ိန်း' ဟာ စတိဂျော့ကိုတော့ စီးပွားရေးစလုပ်စဉ်  ရုန်းကန်ကြိုးစားရချိန်မှာ အများကြီး ကူညီပေးခဲ့ပါတယ်။

ဒီစာချူပ်ကို ၀ယ်ယူခဲ့တဲ့ သူဌေးကတော့ သူရဲ့ တွစ်တာ(Twitter)မှာ

'အခုလို အမေရိကန်ရဲ့ သမိုင်းအပိုင်းအစတစ်ခုကို ပိုင်ဆိုင်ခွင့်ရတာ အလွန်ပျော်ရွှင်ကြောင်း'

ရေးသားထားပါတယ်။

News Source:
http://www.dailymail.co.uk/sciencetech/article-2073925/Contract-1-10th-Apple-sold-800-fetches-1-6-million-auction--10-times-estimate.html

4 comments:

  1. ဂျက်လဲ မသိလေးတာတွေသိရလို့ပျော်ရွှင်ပါတယ်

    ReplyDelete
  2. ဒေါ်လာ ၁.၆သန်းရသွားတဲ့ အက်ပဲလ်ကုမ်ပဏီ
    လို့
    ဖတ်မိပြီး.. နည်းလှပါလားလို့.. တွေးလိုက်မိသေးတယ်..။ ;)
    pN

    ReplyDelete
  3. ဗဟုသုတလေးတွေ ယူသွားတယ် မောင်သန့်ရေ။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ခေါင်းစဉ်က အစက အတည့်ပဲ နောက်တော့မှ ပြောင်းပြန်လုပ်လိုက်တာပါ... ဒေါ်လေး... :D

    ဂျက်စ်နဲ့ တီတင့် ကျေးဇူးပါခင်ဗျ

    ReplyDelete