Tuesday, December 13, 2011

ကိုယ်ကိုယ်တိုင်မသိသေးတဲ့ ကိုယ့်အကြောင်း ၁၀ချက်

၁. ကိုယ်ကိုယ်တိုင် မသိသေးတဲ့ ကိုယ့်အကြောင်းဆိုလို့ ဒါကို စိတ်ဝင်တစားနဲ့ စဖတ်နေပြီး မဟုတ်လား

၂. အင်း... ဒီလိုစပြောတော့ မဟုတ်တာ ပြောတော့မယ် ဆိုတာ နည်းနည်း သဘောပေါက်လာလား မသိ

၎. သြော်... ပြောရင်းနဲ့ နံပါတ်သုံးကို ကျော်သွားတယ်နော်... သိလိုက်လား... စိတ်မရှိနဲ့နော်...

၅. အင်း... အခုမှ ပြန်ကြည့်နေတာလား...

၆. မောင်သန့်တော့နော် ဆိုပြီး... အံ့ကြိတ်ပြီး ပြုံးမနေနဲ့ဦးနော်.. စတာပါ။

၇. ဒါပေမယ့်လည်း... မောင်သန့်စာတွေကို ဆက်ဖတ်နေမယ်ဆိုတာ... စာဖတ်ပရိသတ်ကို ယုံကြည်တယ်။ (အာဘွား ခိခိ)

၉. ဟာ... လုပ်မိပြန်ပြီး... တကယ်တောင်းပန်တယ်... နံပါတ် ၈ ကျော်သွားမိပြန်ပြီး...

၁၀. ဟုတ် မဟုတ်ပြန်ကြည့်နေတာလား... ဟီးဟီး... ဒီငနဲတော့ ဘိုးတော်ဘုရား လေးဘက်ထောက်က ဟာတွေနဲ့ လာလှည့်နေသေးတာဆိုပြီး စိတ်ဆိုးမနေနဲ့ဦးနော်...

၁၁. စတာပါ... ပျော်ပျော်ပါးပါးပေါ့...

၁၂. ဟယ်တော့... ဒုက္ခပဲ... မောင်သန့်ကို ပြောမှမပြောဘဲ... ၁၀ချက်ဆိုပြီး အခု ၁၂ချက်တောင် ဖြစ်သွားပြီး... ဟာ ကိုယ့်ကိုယ်ကို သေတာသေလိုက်ချင်ပါတယ်လို့ ပြောမနေနဲ့ဦးနော်

တော်ပြီ.. တော်ပြီ... ဒီလောက်ဆို သိသွားပြီးဟုတ်...  ဒါပဲနော်... အားလုံး ကျေးဇူး အထူးတင်ပါတယ်။ :D

9 comments:

  1. ဒီလောက်ဆို သိသွားပြီးဟုတ် ဆိုတော့က
    မသိသေးတာ တခုရှိတယ် ဟိုအကြောင်းလေ
    ဂေဂေးတွေ လိုက်တုန်းက တခုခုလုပ်လိုက်လားဟင်
    စတာနော် အတည် :P :D

    ReplyDelete
  2. ဟဟဟ... ကိုမောင်သန့်တယောက် အားနေပုံပေါက်တယ်.. :P :P :D

    ReplyDelete
  3. လူဇိုးကြီး..... နောက်တစ်ခါကျရင် များတို့လက်ထဲရောက်ရင် ဘက်စ်ကား အချိန်မီ မလာပါစေနဲ့ဗျာ...... ဟား ဟား နောက်တာပါ

    ReplyDelete
  4. Ma Baby - အင်း လုပ်လိုက်တယ်လို့ မထင်ဘူး... ဘာလို့လဲဟင်.. ဂိ

    Ma NNN - Thanks Sis :D

    ကန်ဒီ - ဒါက မနာလိုတာလား... ဟမ်

    ကိုအားထိုင် - ခွှင့်လွှတ်လိုက်မယ် ခွှင့်လွှတ်လိုက်မယ် :D

    ReplyDelete
  5. တတ်လဲတတ်နိုင်တဲ့လူပဲ၊ ပြုံးမိတယ်။

    ReplyDelete
  6. ဒါပေမယ့်လည်း... မောင်သန့်စာတွေကို ဆက်ဖတ်နေမယ်ဆိုတာ... စာဖတ်ပရိသတ်ကို ယုံကြည်တယ်။ (အာဘွား ခိခိ)
    အဲဒီ အာဘွားက ဘယ်သူ့ကိုပေးတာလဲ
    များသိချင်လို့စပ်စုတာပါ

    ReplyDelete
  7. အဟုတ်အောင့်မေ့လို့ အစအဆုံးဖတ်တယ်...၊နားမလည်သလိုလိုပဲဆိုပြီး ပြန်
    ဖတ်တယ်....၊၃ခေါက်မြောက်မှ သိသွားတယ်...ဆြာသန့် လူဇိုးကိုးးးးးး:)))

    ReplyDelete
  8. မောင်သန့်က ပျော်စရာလေးတွေလည်း ရေးတတ်သားး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete