Wednesday, December 14, 2011

မြောက်ကိုရီးယား ခေါင်းဆောင် အမွေခံ ကင်ဂျူံအန်း၏ ဆံပင်ပုံစံ မြောက်ကိုးရီးယား လူငယ်တွေအကြား ခေတ်စား

( ကင်ကျူံအန်းရဲ့ ဆံပင်ပုံစံ)
(Photo via AsiaOne)

မြောက်ကိုရီးယားရဲ့ လက်ရှိ ခေါင်းဆောင် ကင်ကျူံအီရဲ့ နေရာကို အမွေဆက်ခံမယ့် သူရဲ့သား ကင်ဂျူံအန်းရဲ့ လက်ရှိ တိုတိုနဲ့ အလယ်ခွဲထားပြီး၊ အနောက်ကို ခပ်မြင့်မြင့်လှန်ဖီးထားတဲံ ဆံပင်ပုံစံဟာ မြောက်ကိုရီးယား လူငယ်တွေကြားမှာ ခေတ်စားနေပါတယ်တဲ့... သူရဲ့ ဆံပင်ပုံစံကို လိုက်ညှပ်ဖို့ ဆံပင်ညှပ်ဆိုင်မှာ လူငယ်တွေ ဆိုင်မှာတန်းစီနေတာပဲဆိုပြီး တောင်ကိုးရီးယား သတင်စာတစ်စောင်မှာ ရေးသားထားပါတယ်။

 အသက်နှစ်ဆယ်ကျော် ရှိပြီးလို့ထင်ရတဲ့ ကင်ဂျူံအန်ဟာ ဗိုလ်ချူပ်ငယ်လေးလို့ တင်စားခံရပြီး၊ သူရဲ့ပုံစံကို မြောက်ကိုးရီးယား နိုင်ငံကို တည်ထောင်သူ သူ့အဘိုး ကင်အီဆွန်းပုံစံနဲ့ တူအောင် လုပ်ဆောင်နေထိုင်ခြင်း၊ တရုတ်ခေါင်ဆောင်းဟောင် မော်စီတုံးလို အနက်ဝတ်စုံ ၀တ်ခြင်းဖြင့် သားစဉ်မြေးဆက် အာဏာဆက်ခံမှုမှာ လူထုထောက်ခံမှု ရအောင် ကြိုးစားနေပါတယ်

 ဒီကင်ဂျူံအမ်းရဲ့ ဆံပင်အတိုပုံစံဟာ ငယ်ရွယ်နုပျိုခြင်းနှင့် ရည်မှန်းချက်ကြီးမားခြင်း အသွင်ကိုဆောင်တယ်လို့ မြောက်ကိုရီးယား လူငယ်တွေက မှတ်ယူနေကြပါတယ်။ ဒါ့အပြင်ဒီပုံစံကိုပဲ ခပ်တိုတို၊ အလယ်အလတ်နဲ့ လေထောင့်စပ်ကျကျ စတိုင်တွေက ခေတ်စားနေပါတယ်လို့ မြောက်ကိုရီးယား ဆံပင်ညှပ်ဆရာ အန်ဆုဂီး(An Su-gil)က မြောက်ကိုရီးယား သတင်းဌါန KNCA ပြောပြပါတယ်။။ ဆံပင်အတိုပုံစံကိုတော့ ပိုပြီးဆွဲဆောင်မှု ရှိခြင်း၊ သပ်ရပ်မှုရှိခြင်း၊ အားမာန်ရှိဟန် ရှိခြင်းအပြင်၊ ကျန်းမာရေး ကောင်းမွန်စေခြင်း အတွက်လည်း ညှပ်ကြပါတယ်တဲ့...

ကင်ဂျူံအမ်းဟာ မနှစ်ကမှ သူ့အဖေက ကြယ်လေးလုံးအဆင့် ဗိုလ်ချူပ်ကြီး ရထူးတိုး ဆက်ခံစေခြင်းဖြင့် မြောက်ကိုရီးယား နောက်မျိုးဆက် ခေါင်းဆောင်နေရာ ဆက်ခံမည့်သူလို့ အများက ယူဆခံထားရသူပါ။

ဒီဆံပင် ဒီဇိုင်းလန်းလေးကို ညှပ်ချင်သူများ မြောက်ကိုးရီးယားက ဆံပင်ညှပ်ဆိုင်မှာ သွားတန်းစီကြပါ။ ညှပ်ပြီးတာနဲ့ ကြယ်လေးပွင့် ဗိုလ်ချူပ်ဖြစ်သွားပါမယ်။ :D

News Souce:
http://www.asiaone.com/News/Latest+News/Asia/Story/A1Story20111214-316166.html

10 comments:

  1. သွားညှပ်ဦးမှ......၊ညန်မာပြည်ကဆို မြောက်ကိုရီးယားကိုဝင်ဖို့ ဗီဇာမလိုဘူး
    တဲ့ဗျ......:))

    ReplyDelete
  2. အပေါ်က လူပျိုကြီးကတော့ သွားမယ်ဆိုပဲ
    ဒီတိုင်းနေတာမှ ရအုန်းမယ်
    ကလေးတွေကိုဦးစားပေးပါဗျို့
    လူပျိုကြီးတွေနောက်ဆုတ်ပါ
    ဒီပိုစ့်တင်တဲ့လူကိုယ်တိုင်ကလူပျိုကြီးဖြစ်နေတာခက်ပါ့

    ReplyDelete
  3. ကေ ကမိုက်ပါတယ်
    ဒါမျိုးတွေခောတ်စားနေတာလား
    မသိလိုက်ဘူးဗျာ

    ReplyDelete
  4. ကိုမောင်သန့်နဲ့ ကျွန်တော် သွားညှပ်ရအောင်လေဗျာ... :P

    ReplyDelete
  5. ကိုအောင်(ပျူနိုင်ငံ)December 14, 2011 at 10:40 PM

    အာဏာရှင်ရဲ့ စတိုင်ပေါ့ ...

    ReplyDelete
  6. ကိုမောင်သန့်ရော မညှပ်ချင်ဘူးလား ဟီးဟီး... :D
    ဗိုက်ဆာနေရင် မုန့်လိုက်ကျွေး :P

    ReplyDelete
  7. ဟွင့်...ဒီပုံကြီးများ... တို့ဗမာ ဘိုကေကို မမှီပေါင်... :)

    ReplyDelete
  8. ညှပ်ချင်ပါဘူးဗျာ... ဗိုလ်ချူပ်လောက်တော့ စိတ်မ၀င်စားဘူး.. တပ်ချူပ်လောက်မှ... ငှဲငှဲ

    အားလုံးကျေးဇူး :P

    ReplyDelete
  9. Once we had the same hair style PM U Mg Mg Kha.I said he's putting a little book on his head by my childthought,that time.How we Burmese are in advance!
    Gyidaw

    ReplyDelete