Tuesday, December 27, 2011

ခရစ်စမတ်ကတ် တစ်ကတ်ထဲကို နှစ်စဉ် အပြန်အလှန်ပို့ဆောင်မှု ၆၁နှစ်အကြာမှာ အဆုံးသတ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁နှစ် ၁၉၅၀ခုနှစ် အခုလို ခရစ်စမတ်ရာသီမှာပေါ့ အခုအသက် ၈၉နှစ်ရှိပြီး ဖြစ်တဲ့ တက်ဆက်မှာနေထိုင်တဲ့ အက်ကာဟန့်စ်(Acker Hanks)ဟာ သူ့အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ လီကယ်လီ(Lee Kelly)ဆီကို ခရစ်စမတ်ကဒ်လေး တကဒ်ပို့ခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ ၁၉၅၁ခရစ်စမတ်မှာတော့ နောက်ပြောင်တတ်တဲ့ ကယ်လီဟာ အဲဒီကဒ်ကိုပဲ ဟန့်စ်ဆီကို ပြန်ပို့ခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ အဲဒီကဒ်ကိုပဲ တစ်နှစ်ပြီးတစ်နှစ် အပြန်အလှန်ဆက်ပြီး ပို့ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကယ်လီ သေဆုံးသွားပေမယ့် ကယ်လီရဲ့ဇနီး ရို့စ်အန်း(Rose Ann)က ဒီတာဝန်ကို ဆက်ယူပြီး ကဒ်ကို ဆက်ပို့နေခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ဟန့်စ်ပို့လိုက်တဲ့ ကဒ်ဟာ လက်ခံတဲ့သူဆီ မရောက်ဘဲ သူ့ဆီကို ပြန်ရောက်လာချိန်မှာတော့ ၆၁နှစ်ကြာတဲ့ ခရစ်စမတ်စ်ကဒ်တကဒ်ရဲ့ နှစ်စဉ်ခရီးသွားမှု ပြီးဆုံးသွားပါတယ်။ ကြည့်ရတာ တစ်ယောက်တည်း ဖြစ်နေတဲ့ ရိုစ့်အန်းဟာ လူအိုရုံရောက်သွားတဲ့ ပုံပဲလို့ ဟန့်စ်က ခန့်မှန်းပါတယ်။

'ကျူပ်တို့ ကဒ်ထဲမှာ ဘာတွေရေးထားတယ်ဆိုတာ အသေအချာ မဖတ်မိကြပါဘူး... ဒီလိုပဲ ကျူပ်တို့နှစ်ယောက် နောက်ပြောင်ပြီး ဒီကဒ်တစ်ကဒ်ထဲကို အပြန်အလှန်ပို့နေကြတာ' လို့ ဟန့်စ်က ပြောပြပါတယ်။ ဟန့်စ်ကသာ တက်ဆက်မှာ တောက်လျှောက်နေလာပေမယ့် အစိုးရသစ်တောဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကယ်လီဟာ သူတာဝန်ကျရာ အရပ်ကို ပြောင်းနေရပါတယ်။ ဒါပေမယ့် ကဒ်ကတော့ သူတာဝန်ကျရာ အရပ်ကို ရောက်ရောက်လာတာပါပဲ။ ကဒ်ထဲမှာ ပါတာတွေက သူတို့ဘ၀ရဲ့ အမှတ်တရ ဖြစ်စဉ်တွေ ကဒ်ပို့ခဲ့တဲ့ နှစ်တွေနဲ့ အဲဒီအချိန် လက်ရှိနေထိုင်တဲ့ အရပ်တွေပါ။ ကယ်လီဟာ သူ့ဘ၀တစ်လျှောက် တက်ဆက်၊ ပင်ဆယ်ဗေးနီယား၊ နယူးဟမ်ရှိုင်းယား၊ ၀ါရှင်တန်ဒီစီ၊ ၀စ်စကွန်စင် စတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နောက်ဆုံး ၀စ်စကွန်စင်မှာပဲ သူပင်စင်ယူပြီး သေဆုံးတဲ့အထိ နေထိုင်ခဲ့ပါတယ်တဲ့...

'ဒါဟာ ကျူပ်တို့ရဲ့ အရမ်းရင်းနှီးတဲ့ ပြယုဒ်ပါပဲ... ကျူပ် ဒီကဒ်လေးကိုလက်ခံရဖို့ အမြဲတမ်း မျှော်နေတတ်ပါတယ်။ ခုကတော့ ဒီကဒ်ကလေး ကျူပ်ဆီကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်တော့ပါဘူး' လို့ ဟန့်စ်က ပြောပါတယ်။

ဟန့်စ်ဟာ ၆၁နှစ်သက်တမ်းရှိတဲ့ ခရစ်စမတ်ကဒ်လေးကို မှန်ဘောင်သွင်းကာ အမှတ်တရအဖြစ် ထာဝရသိမ်းထားလိုက်ပါပြီး။

Ref:
http://www.upi.com/Odd_News/2011/12/25/Christmas-card-travels-for-61-years/UPI-24291324852619/?spt=hs&or=on

6 comments:

  1. ကြည့်ပါဦး....ဘယ်လောက်များ ကြည်နူးစရာကောင်း
    လိုက်ပါလိမ့်......

    ReplyDelete
  2. ကြည်နှုးဖို့  ကောင်းလိုက်တာ..တော်တော့်ကို အဖိုးတန်တဲ့ ခရစ်စမတ်ကဒ်လေးပါပဲ

    ReplyDelete
  3. အော် တော်တော်လဲ မှတ်မှတ်ရရ လုပ်နိုင်ပါပေတယ်
    ကိုယ်တွေသာဆို တစ်နှစ်အပြင် နောက်နှစ် ဒီကဒ်ကြီး သုံးချင်တော့ပါဘူးး)

    ReplyDelete
  4. သူတို့နှစ်ယောက်အတွက်တော့ တန်ဘိုးရှိတဲ့
    ကဒ်လေးတစ်ကဒ်ဖြစ်မယ်ထင်ပါတယ်။
    ဘဝရဲ့အမှတ်တရတွေသိမ်းဆည်းထားတဲ့
    သံယောဇဉ်ကဒ်လေးပဲပေါ့ မောင်သန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. What a valuable friendship!
    The card shows its' actual price than unseen tie between two friends and their family.
    Gyidaw

    ReplyDelete