Wednesday, December 28, 2011

ဘာလို့ မိန်းကလေး ကြယ်သီးက ဘယ်ဘက်နဲ့ ယောက်ျားလေး ကြယ်သီးက ညာဘက် ရှိ

- မိန်းကလေးတွေရဲ့ အင်္ကျီကြယ်သီးဟာ အမြဲတမ်း ဘယ်ဘက်မှာရှိပြီး၊ ယောက်ျားလေးတွေရဲ့ အင်္ကျီကြယ်သီးကျတော့ ညာဘက်မှာ အမြဲတမ်း ရှိပါတယ်။

ဘာကြောင့်ပါသလဲ?

နောက်ဆုံး ဖွက်ခဲ့တဲ့ ပဟေဠိပါရဲ့ အဖြေကို ရှင်းပါမယ်... မရှင်းခင်မှာ ကောမက်မှာ ဖြေသွားကြတဲ့ သူတွေရဲ့ အဖြေကို အရင်ကြည့်ကြည့်ရအောင်...

မောင်ဘုန်း said...
အယ် ... ဟုတ်ပ အခုမှ ကြည့်မိတယ် .... မသိဘူး ဗျ .. စိတ်ဝင်စားစရာပဲ နော် ... နောင်တော် အဖြေ ရေတဲ့ နေ့ မှပဲ လာဖတ်တော့မယ် ...

<အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားတဲ့ ကိုမောင်ဘုန်းကို ကျေးဇူးအထူးတင်တယ်နော်> :D

Candy said...
ကိုမောင်သန့်တို့တော့ ခေါင်းစားအောင်လုပ်ပြီ။
ယောက်ျားလေးတွေရဲ့ အကျီကြယ်သီးကို မိန်းကလေးတပ်ပေးနိုင်အောင် များလား.. မှန်လားဟင်??
ဗဟုသုတနုံချာတဲ့ ကန်ဒီတယောက်မတိပါဘူးရှန် အဟင့် :(

<ကန်ဒီ အဖြေက မှန်မလိုနဲ့ လွဲနေတယ် :P >


Anonymous said...
Women were buttoned by their maids or slaves long time ago coz they put the buttons at the back of the clothes. Men button themselves,
Mg tout

<Your answer partial right. If women buttons at the back, it should be on their right to button by others, isn't it?>

ဘိုဖြူ said...

    အမှန်အတိုင်းပြောရရင်လုံးဝမသိပါဘူးဗျာ
    တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး
    ဒါကြောင့်အဖြေကိုပဲ စောင့်နေပါ့မယ်ဗျာ

<ဟုတ်ကဲ့ ကိုဘိုဖြူ  အခုလို ဖြေကြားပေးတာ ၀မ်းသာမဆုံးနိုင်ပေ :D >
 
ဇင်မျိုး said...

    Nobody's certain, but the usual answer given is that men's clothing buttons the left side over the right because that's easier for right-handed people to manage, while women's clothing does the reverse because, in Victorian times, ladies didn't button their own clothes, but had maids to do it. As for the maids, their clothes weren't fancy enough to have buttons.

    An alternative answer is that women nursed on the left side, near their hearts, and reversing the button opening made this easier for them.

    We confess we're more than a little skeptical about these answers, and we're not alone: presents both, and is no more satisfied with them than we are. But they're the best we have to offer.

    (ref : internet) :D
  
<ကိုဇင်မျိုး not bad>

jasmine(တောင်ကြီး) said...
နဂိုကမှ ခေါင်းမှာကြာဆံထွက်ချင်နေပါတယ်ဆိုနေမှ

<ဂျပ်စ်မင်း၊ ခေါင်းမှာ ကြာဆံထွက်တော့ ကြာဇံပြုတ်တဲ့အခါ မ၀ယ်ရတော့ဘူးပေါ့>

ကိုအောင်(ပျူနိုင်ငံ) said...
မသိဘူးဗျ၊ အခု လိုက်ဖတ်နေတယ် ...

<လိုက်ဖတ်လို့ ပြီးပြီးလာ အကို :P >

အဖြေက ရှင်းရှင်းလေးပါ...
ရှေးတုန်းကနဲ့ စရပါမယ်။ ရှေးတုန်းက ယောက်ျားလေးတွေက အခုလိုပဲ ကိုယ့်ဟာကိုယ် အင်းကျီကြယ်သီး တပ်ပေမယ့်၊ မိန်းကလေးများကတော့ သူများတွေက တပ်ပေးတာပါ။ သူတို့ရဲ့ အစေခံတွေ သို့မဟုတ် အမတွေ အမေတွေက တပ်ပေးကြတာ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမှာပါ။ အဲဒီတော့ လူအများစုဟာ ညာသန်ဖြစ်တဲ့အခါ ကြယ်သီးကို ကိုင်တာ ညာဘက်နဲ့ ကိုင်ကြတာ များပါတယ်။ ဒါကြောင့် ယောက်ျားလေး ကြယ်သီးတွေက ညာဘက်မှာ ရှိနေပြီး မိန်းကလေးကြယ်သီးက မျက်နှာချင်းဆိုင်က ကြယ်သီးတပ်ပေးမယ့်သူ ညာဘက်ကနေ ကိုင်နိုင်ဖို့ အတပ်ခံရသူ မိန်းကလေးရဲ့ အင်းကျီဘယ်ဘက်မှာ ကြယ်သီးကို ထားတာပါတဲ့....

ကိုမောင်တောက်(ဟမ်) ပြောသလို အနောက်ဘက်ကနေဆို ကြယ်သီး အတပ်ခံရသူရဲ့ ညာဘက်ပဲ ထားသင့်တာပေါ့လို့ထင်ပါတယ်။ သက်သေပြစရာ ရှာတာ ရှာလို့မတွေ့လို့ ဒီအတိုင်းပဲ ထားလိုက်တော့မယ်။

ကိုဇင်မျိုးရဲ့ အင်တာနက် အဖြေက ပြည့်စုံမှန်ကန်ပါတယ်။ ကိုဇင်မျိုးရှိပါသလား (၃ကြိမ်ခေါ်ပါတယ်) မထူးတဲ့အတွက် ဆုကို ပြည်သူပိုင်သိမ်းလိုက်ပါပြီး.. ဂိမ် (စတာ အတည်)

ဒီလောက်ဆို ကြောင်ရေချိုး အဲလေ ကြယ်သီးရှင်းတမ်း ပြီးပါပြီး... နောက်များကြုံရင်တော့ ထပ်ဖွက်ပါဦးမယ်။ ဘလော့မှာ စာလာဖတ်တဲ့ ပရိသတ်ကြီးအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Ref:
http://www.primermagazine.com/2010/field-manual/why-do-men%E2%80%99s-and-women%E2%80%99s-shirts-button-on-different-sides

7 comments:

  1. သြော် ...အဲ့လို ...အဲ့လို ... ကို ...

    ReplyDelete
  2. မေးထားတာပဲ ကြာလှပြီ ခုမှအဖြေပေးတယ်... မှန်တဲ့လူလည်း ဆုမချဘူး.. ညစ်ပတ်တယ်... ဟိဟိ :P :P

    ReplyDelete
  3. အမေးရော အဖြေရော ပေါင်းဖတ်သွားတယ်

    ReplyDelete
  4. စာမေးပွဲတွေမှာ ခိုးချခဲ့တဲ့အကျင့် အခုထိ အဆင်ပြေနေတုန်းပဲ... အင်တာနက်က ခိုးချလိုက်တာ... မှန်သွားပြန်ပြီ :D

    ReplyDelete
  5. ကိုသန့်ရေ.. ဒီခေတ်နဲ့တော့အဲဒီအဖြေမကိုက်လောက်ဘူးနော်.. အမေးရောအဖြေရောရှင်းလင်းချက်ပါပါလို့ ကျေးဇူးပါ...

    ReplyDelete
  6. အောင်မလေးဗျာ......မိန်းကလေးအကျီင်္နဲ့ယောင်္ကျားလေး
    အကျီ င်္ ကြယ်သီးတပ်တာခြင်း ဘက်မတူတာတောင် ခုမှ
    သိတာရယ်....:)))

    ReplyDelete
  7. သြ ကိုယ်မသိတာတွေ သိပ်များပါလားလို့ ဒီပို့စ် ဖတ်ပြီး မှ သိတော့တယ်

    ReplyDelete