Thursday, December 22, 2011

ဖေ့ဘွတ်(Facebook)က မက်ဇက်ကာဘတ်(Mark Zuckerberg)ကို တရားစွဲ

ဖေ့ဘွတ်က(Facebook)နေပြီးတော့ မက်ဇက်ကာဘတ်(Mark Zuckerberg)ကို တရားစွဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ မိတ်ဆွေတို့ သို့လော သို့လော ဖြစ်ပြီး စတိဂျော့က သူတည်ထောင်တဲ့ အက်ပဲလ်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရတာမျိုး တွေးနေမလား မသိ။ ဒါပေမယ့် အခုဒီဟာ ဖေ့ဘွတ်က မက်ဇက်ကာဘတ်ကို တရားစွဲတယ်ဆိုတာ တကယ်ပါ။ သို့သော် ဒီနေရာမှာ မက်ဇက်ကာဘတ် ဆိုတဲ့သူဟာ ဖေ့ဘွတ်ကို တည်ထောင်ခဲ့တဲ့သူ မက်ဇက်ကာဘတ်တော့ မဟုတ်ပါဘူး။

ဖေ့ဘွတ်က ဘာလို့ သူ့ကို တရားစွဲပါသလဲ? ဖေ့ဘွတ်ပိုင်ရှင်နဲ့ နာမည်တူလို့ တရားစွဲတယ်လို့ ထင်ပါသလား။ ဟီးဟီး ဒါဆိုရီစရာ ဖြစ်နေမှာပေါ့။ အဖြစ်ကဒီလိုပါ။ အဲဒီ မက်ဇက်ကာဘတ် ဆိုသူရဲ့ဖေ့ဘွတ် စီးပွားရေး စာမျက်နှာတစ်ခုဟာ ဖေ့ဘွတ်ရဲ့ စည်မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ဖေ့ဘွတ်က ယူဆလို့ သူစာမျက်နှာကို ပိတ်ပစ်တဲ့အပြင် သူ့ကိုပါ တရားစွဲဖို့ စီစဉ်နေတာပါ။ သူဘာတွေလုပ်လို့ ဖေ့ဘွတ်က ဒီလောက် တရားစွဲဖို့ လုပ်ရသလဲဆိုတော့ သူဟာ "Like" တွေကို ရောင်းတဲ့ Like Store ဆိုတာ ဖွင့်ထားလို့ပါပဲ။ မိတ်ဆွေတို့စာမျက်မှာမှာ Like တွေ လိုချင်နေတယ်ဆိုရင် သူရဲ့ Like Store မှာ Like တွေ ၀ယ်လို့ရပါတယ်။ :P ဖေ့ဘွတ်က ဒါဟာ သူရဲ့ကြော်ငြာလုပ်ငန်းကို ပျက်စီးစေတယ်ဆိုပြီး တရားစွဲဖို့ လုပ်နေတာပါ။ ဒါများ တကယ်တမ်း ဘာထူးဆန်းလို့လဲလို့ မိတ်ဆွေတို့ ထင်နေမလား။ အဖြစ်က ဒီလောက် မရိုးရှင်းပါဘူး။

ဒီတရားစွဲခံရတဲ့ တကယ်တမ်း မက်ဇက်ကာဘတ်ဆိုတာ အစ္စရေးနိုင်ငံသား တစ်ယောက်ပါ။ မရိုးရှင်းဘူးလို့ ပြောတာက ဒီ မက်ဇက်ကာဘက် ဆိုတာ သူရဲ့ နာမည်ရင်း မဟုတ်ပါဘူး။ ဒါဆို နောက်ပြောင်ခေါ်တဲ့ နစ်နိမ်းလို့ ထင်နေပါသလား။ မဟုတ်ပါဘူး။ ဒီလူရဲ့ နာမည်အရင်းက Rotem Guez လို့ခေါ်ပါတယ်။ ဒါပေမယ့် ဒီသူရဲ့နာမည်ရင်းနဲ့ သူ့ကိုခေါ်လို့မရတော့ပါဘူး။ ဘာလို့လဲဆို သူဟာ သူရဲ့နာမည်ကို မက်ဇက်ကာဘတ်လို့ တရားဝင်ပြောင်းလဲလိုက်တာပါပဲ။ အခုခါမှာ သူရဲ့ ပတ်စ်ပို့ကအစ မှတ်ပုံတင် လိုင်စင်တွေ အဆုံး အားလုံးကို သူတို့ရဲ့ ပြည်ထဲရေး ၀န်ကြီးဌါနမှာ တရားဝင် သွားပြောင်းလိုက်တာပါ။ ဒီလိုလုပ်တာ ဖေ့ဘွတ်က သူ့စာမျက်နှာကို ပိတ်ပြီး တရားစွဲဖို့ စပြင်ဆင်ချိန်မှာပါ။

Mark Zuckerberg
(Photo via)

သူ့နာမည်ကို ပြောင်းပြီးပြီး ဆိုတာနဲ့ 'ကဲ ဖေ့ဘွတ်ရေ မင်းတို့ မက်ဇက်ကာဘက်ကို တရားစွဲချင်သေးရင် စွဲလို့ရပြီး' ဆိုပြီး ကြွေးကြော်လိုက်ပါတယ်။ နောက်ပြီးတော့ သူကလည်း ဖေ့ဘွတ်ကို သူစာမျက်နှာကို ကျိုးကြောင်းဆီလျှော်မှု မရှိဘဲ ပိတ်လိုက်တာကို အကြောင်းပြုပြီး တန်ပြန်တရားစွဲထားပါတယ်။ ပြီးတော့ အခုသူ့နာမည်အသစ်နဲ့ ဖေ့ဘွတ်စာမျက်နှာတွေ တွစ်တာတွေကိုလည်း ဖွင့်ထားပြီး အဲမှာ သူပတ်စ်ပို့အသစ် ရိုက်ထားတဲ့ ဓါတ်ပုံကို တင်ထားပါတယ်။ ဒီအကြောင်းကို မီဒီယာတွေက Zuckerberg vs Zuckerberg ဆိုပြီး ရေးနေကြပါတယ်။ ဒီပွဲမှာတော့ ဘယ် စကာပေါက်(ဇက်ကာဘတ်) ကတော့ ပိုကျယ် အဲလေ အနိုင်ရသွားမလဲဆိုတာ ငွေရောင်ပိတ်ကားပေါ် စောင့်ကြည့် အဲ တရားရုံးကနေ ဆုံးဖြတ်တာကို စောင့်ကြည့် ရဦးမှာပါ။

ကဲ ဖေ့ဘွတ်က ဘာကြောင့် မက်ဇက်ကာဘတ်ကို တရားစွဲလည်းဆိုတာ ရှင်းကြပြီးဟုတ်... :P

Ref:
http://www.tomsguide.com/us/Facebook-Mark-Zuckerberg-Like-Store-Ministry-of-Home-Affairs-Rotem-Guez,news-13577.html
http://www.ndtv.com/article/world/will-facebook-sue-this-mark-zuckerberg-158779
http://www.markzuckerbergofficial.com/

6 comments:

  1. ကိုအောင်(ပျူနိုင်ငံ)December 23, 2011 at 3:31 AM

    နာမည်ကြောင့် သတင်းဖြစ်ပေါ့ ...း)

    ReplyDelete
  2. သြော်..ဒီလူ့နှယ်..၊း)
    ကြည့်ရတာ facebook ကို အတော်လေး စွဲလမ်းသူ ထင်ပါရဲ့..၊ သေချာတာတော့ လူစိတ်ဝင်စားအောင် ဘယ်လိုမျိုး ကြော်ငြာရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ သူပဲ..။

    ReplyDelete
  3. ထူးဆန်းပါပေ့ကွယ်..

    ReplyDelete
  4. နာမည်ကြီးချင်လို့ လုပ်တာလား ဘာသဘောလဲ.
    အော် ဒီလူတွေ အတော်အားပုံရတယ်။ အလုပ်မရှိ တရားစွဲခံချင်လို့ဖြစ်မယ်..
    တို့လည်း ဖေ့ဘွတ်မှာ တစ်ခုခု လုပ်ဦးမှပါ
    နာမည်များကြီးမလားလို့လေ။

    ReplyDelete
  5. အစ္စရေးတွေက သူများနဲ့ မတူတဲ့၊
    ခပ်ကြောင်ကြောင်အတွေးအခေါ်ရှိတာတော့။
    ထိပ်ဆုံးကပါဘဲလေ..။

    ReplyDelete
  6. သတင်းလေးအတွက်ကျေးဇူးပါ။ အစ်ကိုမောင်သန့်ရေ။

    ReplyDelete