Monday, December 12, 2011

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၃

Ataxophobia: The fear of disorder or untidiness

ဒီအကြောက်ရောဂါကတော့ အစီအစဉ်တကျ မရှိမှု၊ သပ်ရပ်မှုမရှိတာတွေကို ကြောက်တတ်တဲ့ ရောဂါပါတဲ့။ ဒီရောဂါရှိတတ်တဲ့ လူတွေဟာ နည်းနည်းတော့ သတိထားရတတ်တယ်။ ဘာလို့လဲဆို သူတို့ဟာ သူတို့ရှေ့မှာ အဲလို အစီအစဉ်တကျ မဖြစ်နေဘူး၊ သပ်ရပ်မှုမရှိဘူးဆိုတာ တွေ့ရင် အင်မတန်မှ ဒေါသထွက် စိတ်ဆိုးတတ်ပြီး အနားမှာ ရှိသမျှကို တိုက်ခိုက်တတ်ပါတယ်တဲ့။ ပြီးတော့ သူတို့ဟာ အစီအစဉ်မကျဖြစ်မဲ့ ကိစ္စတွေအတွက်လည်း အမြဲတမ်း စိုးရိမ်ပူပန်နေတတ်ပါတယ်။

ဒီရောဂါရှိတဲ့သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလို တွေ့ရတတ်မှာပါ။ အများအားဖြင့် တစ်ချို့သော အိမ်ရှင်မတွေဟာ သူတို့အိမ်ကို သန့်ရှင်းတောက်ပြောင် သပ်သပ်ရပ်ရပ် ဖြစ်နေမှ ကြိုက်တယ်။ အဲလိုဖြစ်အောင်လည်း အမြဲတမ်း တသသ လုပ်တတ်တယ်။ ကလေးတွေများ တခုခု ရှုပ်ပွအောင်လုပ်လိုက်မိရင် တုတ်စာမိတော့တာပဲ :P ဒါက ရောဂါ အသေးစားလေးပေါ့ (တိုက်ဆိုင်မှုရှိရင် ခွှင့်လွှတ်ပါ။)

အဲရောဂါ နည်းနည်းကြီးတဲ့လူကျတော့ အိမ်မှာ ရှိတဲ့ပစ္စည်း ဒါမှမဟုတ် တနေနေရာမှာ ပစ္စည်းတွေ အစီအစဉ်တကျ မဖြစ်နေဘူးဆို သူတို့ မနေတတ်ပါဘူး။ အဲဒါ သွားပြီးတော့ သွားစီပေးတတ်တယ်။ ဥပမာ ဗူးခွံတွေ၊ ပုလင်းတွေ၊ နောက် စာအုပ်တွေ စီထားတာ မညီရင် ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သွားစီပေးတတ်တယ်။ မစီပေးရရင် မနေနိုင်ဘူး။ တွေ့နေရရင် စိတ်ဆင်းရဲနေတတ်တယ်။

နောက်တစ်မျိုးကကျ စဉ်းစားထားတာတွေ လုပ်မဲ့ဟာတွေ အစီအစဉ်မကျ မရေမရာ ဖြစ်တာကို မခံစားနိုင်တဲ့သူမျိုး... ဥပမာ မနက်ဖြန် ဘာလုပ်မယ်၊ ဘာစားမယ်၊ ဘယ်သွားမယ်၊ ဘာဝတ်မယ်ဆိုတာကအစ သေသေချာချာ မစဉ်းစားထားပဲနဲ့ အိပ်ယာဝင် အိပ်မပျော်တဲ့သူမျိုးပါ။

တကယ်တမ်း ဒီရောဂါက ကိုယ်မှာရှိနေတယ်လို့ သံသယ၀င်ရင် စိတ်ဓါတ်တော့ မကျပါနဲ့။ ကိုယ့်မှာ ကမ္ဘာကျော် အဖော်တစ်ယောက် ရှိနေသေးလို့ နှစ်သိမ့်လို့ရတယ်။ သူကဘယ်သူလဲဆိုတော့ ကမ္ဘာကျော် ပျိုမေတို့ အသည်းစွဲ ဘော်လုံးမင်းသား ဒေးဗစ်ဘက်ခမ်းပါ။ ဒေးဗစ်ဘက်ခမ်းဟာ သူ့ဇနီး ဗစ်တိုးရီးယားနဲ့ သူကိုယ်တိုင် မီဒီယာအင်တာဗျူးတွေမှာ ၀န်ခံချက်အရ ဒီရောဂါဟာ သူ့မှာ ထင်ထင်ရှားရှား ရှိနေကြောင်း သိရပါတယ်။

ဘက်ခမ်းဟာ ရေခဲသတ္တာထဲမှာ Diet Coke သုံးဘူးရှိရင်တောင် တစ်ဘူးကို လွှင့်ပစ်ပြီး နှစ်ဘူးပဲထားပါတယ်။ ဘာလို့ဆိုတော့ စုံဖြစ်နေအောင်လို့ပါတဲ့၊ အဲလိုပဲ အိမ်မှာရှိတဲ့ အရာအားလုံးဟာ ဘက်ညီရှိနေမှ သူစိတ်ချမ်းသာတယ်လို့ ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီယားကပြောပါတယ်။
နောက်ပြီးတော့ ဗီရိုထဲက အ၀တ်အစားတွေကို အရောင်လိုက် သူက စီထားတတ်ပါတယ်တဲ့။ အိမ်မှာ ရှိတဲ့ ကော်ဇောဖျာကိုတောင် ၀င်ဘာလေကွင်းထဲက မြက်ခင်းလိုင်းညီညီတွေအတိုင်းရှိတဲ့ ဖျာဝယ်ထားရပါတယ်။ နောက်ပြီး ဗစ်တိုးရီးယားက သူ့ကို အမြဲသတိပေးရတယ်။ ဘာလို့လဲဆို ကလေးတွေ အိပ်နေချိန်မှာတောင် ဂရုမစိုက်အားပဲ အဲဒီကော်ဇောအမွေးလိုင်းတွေ ညီအောင် ဖုန်စုတ်စက်နဲ့ စုတ်နေလို့ပါတယ်လို့ သူကိုယ်တိုင် ၀န်ခံထားပါတယ်။ နောက်တစ်မျိုးကတော့ သူ့ဟာ မနက်ဖြန် ဘာဝတ်ရမယ်ဆိုတာ သေချာစဉ်းစားစီစဉ်ပြီးမှာ ညမှာ အိပ်ပျော်တတ်သူပါတဲ့ဗျာ...

ကဲ ဒီရောဂါကတော့ အစီအစဉ်မကျတော့ သပ်ရပ်မှုမရှိတာကို သဘောမကျတာ ဖြစ်တဲ့အတွက် ကောင်းတယ်လို့ ပြောလို့ရပေမယ့် ဒါတွေအတွက် အလွန်အကျွံစိတ်စွဲလန်းတဲ့အခါ စိတ်ပင်ပန်းပြီး စိုးရိမ်တွေအမြဲအဖြစ်နေတတ်တာတော့ မကောင်းဘူးပေါ့။ အဲလိုဖြစ်နေရင် ကုသဖို့ အချက်ကတော့ ဒီလူအမြင်တွေကို အခါမလပ်ကောင်ဘက်ကိုပြောင်းပေးဖို့ပါ။ ဥပမာပေါ့ မညီညာ မစီရီ ဖြစ်နေတာကို မနေတတ်ရင် တဖက်ပြန်ပြီး ပြီးရင် သူများတွေ လာစီမှာပေါ့... ကိုယ်က သိပ်မစိုးရိမ်နဲ့... အဲဒါမျိုးပေါ့...

ကဲ ကိုယ့်မှာရော ဒီရောဂါ ရှိလား ဆန်းစစ်ကြည့်ကြပါဦးခင်ဗျာ။ ကျွန်တော်ကတော့ ပြောင်းပြန်ပါ... ဖွရမှ ကြိုက်တတ်တဲ့သူ... တခါတလေ စိတ်ကူးပေါက်မှ ထရှင်းတတ်တာမျိုးပါ။ :D

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၂

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Ref:
http://www.celebrities-with-diseases.com/health-conditions/ataxophobia-the-fear-of-disorder-1766.html

10 comments:

  1. အခုမှ သတိထားမိလာတယ်။ ဒီလိုအဖြစ်မျိုး ရင်းရင်းနှီးနှီးကြီးကို တွေ့ဖူးနေတယ်။း)
    စိတ်ဝင်စားစရာကောင်းပါ့ဗျာ။ ဆက်ပါအုံး..
    N/A

    ReplyDelete
  2. ဟီးဟီး.. အဲ့ရောဂါအသေးစား ကန်ဒီ့မှာ ရှိတယ်ထင်တယ်။ ပစ္စည်းတစ်ခုကို ဒီနေရာမှာစီထားရင် အဲ့ပစ္စည်းကိုယူပြီးရင် အဲ့နေရာမှာ ပြန်ထားမှကြိုက်တယ်.. ဟိုထား ဒီထားမကြိုက်ဘူး.. :P :P

    ReplyDelete
  3. Qt မှာလဲ အဲလို ရောဂါမျိုး ....ပေးစရာ အကြွေးရှိရင် တနှစ်နေလို့ တခါ မှတ်မိတက်ဖူး ....ရစရာရှိလို့ကတော့ သုံး ခါလောက်သွားတောင်းဖြစ်တယ်....:) ရော၈ါတွေကလည်းနော် ထူးဆန်းလိုက်တာ ဟီးဟီးးးးး

    ReplyDelete
  4. I have that phobia but still as not bad as Beckham :-)

    ReplyDelete
  5. ကျွန်တော်ကတော့ပေးစရာရှိရင် နေလို့ကိုမရတာ
    ရစရာတွေမရရင်လဲ စိတ်ထဲမှာ စနိုးစနှောင့် အမြဲဖြစ်နေတယ်
    အဲဒါလဲရောဂါထင်တယ်နော် အကိုမောင်သန့်

    ReplyDelete
  6. အင်း...ဆြာသန့်နဲ့ကျွန်တော် ရောဂါခြင်းတူသဗျ...၊ကျွန်တော်လည်း ဖွရမှ
    နေတတ်သူကိုဖြစ်လို့......:)))

    ReplyDelete
  7. ဟဲ ဟဲ ကိုမောင်သန့် ဆီကို အွန်လိုင်းကနေ ထပ်ပြီးလာလည်တာ...

    ReplyDelete
  8. ရောဂါလေးတွေကို ဗဟုသုတအဖြစ် မှတ်ယူသွားတယ် မောင်သန့်ရေ။
    မောင်ညိမ်းနဲ့မောင်သန့် တီတင့်ဆီလာလည်မယ်ဆို ကြိုပြောနော်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ကိုအောင်(ပျူနိုင်ငံ)December 13, 2011 at 5:46 AM

    ကြောက်တဲ့ရောဂါ ရောဂါကြောက် ...း)

    ReplyDelete
  10. အခန်းပွနေရင် မနေတတ်တာလည်း ရောဂါထင်ပါရဲ့ 

    ReplyDelete