Tuesday, January 3, 2012

လမ်းကူးခြင်း အနုပညာ

ဘလော့ စာဖတ်ပရိတ်သတ်များ နှစ်သစ်ကူးမှာ တစ်မနေဘဲ အသစ်တွေပဲပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာပထမ နုတ်ခွန်း ဆက်သလိုက်ပါတယ်။

ကျွန်တော်တို့ စင်ကာပူရောက်တာ မကြာသေးတဲ့ကာလတုန်းကပေါ့... အိမ်မှာစုနေတဲ့သူတွေ ဒီလိုပဲ အလုပ်ကပြန်လာ စားပြီးသောက်ပြီး ထုံးစံအတိုင်း တီဗွီရှေ့ထိုင်ကာ စကားပြောတတ်ကြတယ်။

တစ်ရက်ကြတော့ အသစ်ရောက်လာတဲ့တစ်ယောက်ကို စင်ကာပူက နေရာတွေအကြောင်းပြောပြရင်းနဲ့ စင်ကာပူမှာ အဖြူကြားရှိတဲ့လမ်းဆို ကားလာလာ မလာလာ လမ်းကူးလို့ရကြောင်း ကားက လူကိုဦးစားပေးရတဲ့အကြောင်း ပြောပြဖြစ်တယ်။

 (စင်ကာပူက ကားကလူကို ဦးစားပေးရတဲ့ အဖြူကြား)
(Photo via Google StreetView)

အဲလို ပြောပြောခြင်း တစ်ယောက်က ထပြောတယ် 'ဟမ်... အဖြူကြားဆိုတာ ရှိသေးလား' တဲ့

ဒါနဲ့ အသစ်တစ်ယောက်က လွဲရင် အိမ်ကလူတွေက မရှေးမနှောင်း ဒီရောက်ကြတဲ့လူတွေပါ။ နည်းနည်းတော့ ၀ါရင့်တွေပေါ့။ ဒါနဲ့ သူကအဲလိုပြောတော့

'အင်းလေ... လူတွေ လမ်းမဘက်ကနေ ပလက်ဖောင်းဘက်ကို ကူးတဲ့နေရာ လမ်းဆုံမှာ မီးပွိုင့်စောင့်စရာမလိုဘဲ ကားကွေ့လို့ရတဲ့နေရာမှာ အဖြူကြားတွေ လုပ်ထားပေးတဲ့နေရာတွေလေ..' လို့ပြောလိုက်တော့...

'ဟုတ်လား... ငါက အဲဒါမသိဘူး ငါမှတ်ထားတာက ဟိုတိုင်နှစ်တိုင်က မီးလေးမှိတ်တုတ်မှိတ်တုတ် ပြနေတာဆိုရင် ကူးလို့ရတာပဲ မှတ်ထားတာ' တဲ့ ဟမ်

အဲဒီအချိန် နောက်တစ်ယောက်ကလည်း အားကျမခံ
'ငါကတော့ အ၀ါအနက်အကြား တိုင်နှစ်တိုင် မြင်ရင် ကူးလိုက်တာပဲ' ဟင် သူလည်း မှန်တာပဲ

သြော်... တယ်လည်း အမှတ်အသားကောင်းကြတယ်လို့ ချီးကျူးမလို့ကြံနေတုန်း... နောက်တစ်ယောက်က ဆက်ပြောလိုက်တာမှာ မောင်သန့်လည်း ကိုယ့်နဖူးကိုပဲ အကြိမ်ကြိမ် ရိုက်နေမိတော့သည်။ သူပြောလိုက်သည်က

'ငါကတော့ သူများကူးရင် လိုက်ကူးလိုက်တာပဲ အဲဒါတွေ ဘာမှမသိဘူး' ဟုပင် ဖြစ်ပါတော့သည်။

(သက်ဆိုင်သူများ ဖတ်မိပါက ဗွေမယူပါနဲ့... ပျော်စေပျက်စေ ကလက်စေပါနော်) :D

5 comments:

  1. အနက်ကြားလား အဖြူကြားလား
    သေချာပြောပါ..

    ပျော်စရာနှစ်သစ်ဖြစ်ပါစေနော်..

    ReplyDelete
  2. သူများကူးရင် လိုက်ကူးလိုက်တာ အန္တရာယ် အကင်းဆုံး
    သူ့အိုင်ဒီယာ မိုက်တယ် ဟိဟိ
    နှစ်သစ်မှာ အသစ်နဲ့ ပျော်ပါစေ မောင်သန့်ရေ
    ဘာအသစ်လဲတော့ မသိဘူးနော်
    အသစ်ဆိုတော့ အားလုံး ကောင်းတယ် မှတ်တာဘဲ..း)

    ReplyDelete
  3. သိပ်တိုက်ဆိုင်နေတော့တင်းတယ် တင်းတယ်ဟေ့း)

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  4. အမှန်က လူကူးမျဉ်းကြား... :P
    ကျွန်တော်မှန်တယ်။

    ReplyDelete
  5. အဲ...ရောက်စကကိုယ်တွေလည်း သူများကူးလိုက်ကူးတာ
    ပဲဗျ....ဟီး....

    ReplyDelete