Tuesday, April 10, 2012
ရွှေပြည်ကြီးမှ အပြန် - ၂ [ဇေယျာရွှေမြေ ခရီး]
ကဲ စစ်ကိုင်းရောက်နေပြီးမှ မန္တလေးဘက်ကနေ ပြန်စထွက်ကြမယ်... ((ဟမ်)) :D
ဒါကတော့ မန္တလေးကနေ အထွက်နားလေးမှာပါ။ ရှေ့ပိုစ့်မှာ တင်ချင်ဇောနဲ့ ပုံနဲ့ စာနဲ့ မဆိုင်သလို ဖြစ်သွားတယ်... လမ်းတောက်လျှောက် ဖရဲသီးတွေပါ... ၀ါဝါ အသီးတွေက ဘာအသီးမှန်းလဲတော့ မသိပါဘူး... အတော်တော့ ကြီးတဲ့ အသီးပါပဲ...
ဖရဲသီးတွေက ကားလမ်းနဘေးက ဧရာဝတီ မြစ်ထဲက သောင်တွေပေါ်မှာ ပေါက်ပါတယ်။ အဲဒီမှာ သောင်တွေထဲကနေ စက်လှေတွေနဲ့သယ် လမ်းပေါ်ရောက် လမ်းပေါ်ကနေ အခုလို ကားတွေ၊ လှည်းတွေနဲ့ သယ်ကြတာပေါ့ ...
ကျနော် စဉ်းစားမိတယ် ဒီမှာ အလုပ်လုပ်နေတဲ့ လူတွေလည်း ကျနော်တို့လို လူသား တစ်ယောက်ပဲ စားဝတ်နေရေးနဲ့ အသက်ရှင်နေတာ ... သူရဲ့ စားဝတ်နေရေးဟာ ဒီဖရဲသီးတွေ ရှိနေရင် တော်ပြီ ... ဒီဖရဲသီးတွေနဲ့ သူတို့ မိသားစုဟာ နေနိုင်တယ် စားနိုင်တယ် ၀တ်နိုင်တယ် ... သူတို့ဟာ စင်ကာပူ လာစရာမလိုဘူး ...
ဒါဆို ငါကရော စင်ကာပူမှာ အလုပ်လုပ်နေတာ ဘာအတွက်လဲ ... စားဝတ်နေရေး? ... လုပ်နေတဲ့ အလုပ်ကနေ အကြောင်းကြောင်းကြောင့် ပြုတ်သွားမှာကို ဘာလို့ ပူနေပါလိမ့် ... ဒီအလုပ် မရှိရင် ငါ့ဘ၀ ငါ့မိသားစု ဘ၀ပျက်ပြီလို့ ဘာလို့ ထင်နေပါလိမ့် ... ဒီအလုပ်တွေကို လက်မလွှတ်ရအောင် လူရော စိတ်ရော ဘာလို့ ပုံအပ်ထားနေပါလိမ့် ... ကြည့်စမ်း ... အခုချိန်မှာ ငါဟာ ဖရဲသီး သည်တွေရဲ့ ဘ၀ကို ပြန်အားကျနေရတယ် ...
လက်ပံပင်အောက်က ဖရဲသီးဆိုင် ဘယ်လောက်လှလိုက်သလဲနော်...
စစ်ကိုင်းတံတား အသစ်ပေါ်ကနေ ဖြတ်နေတုန်း ...
တံတားကို ဖြတ်ပြီးပြီးခြင်း ဒီမြင်ကွင်းလေးကို အရမ်းသဘောကျတယ် ...
စစ်ကိုင်းမြို့ထဲ စ၀င်လာပါပြီ ... စစ်ကိုင်းချောင်လို့ ဘာလို့ ခေါ်ကြသလဲဆိုတာ ကျနော် သဘောပေါက်ပြီ ...
ကားပေါ်ကနေ လှမ်းရိုက်ရတာမို့ တစောင်းဖြစ်သွားပါတယ် ... မမြင်ရရင် ပြောပြပါမယ် ထိန်ငူချောင် သီလရှင် စာသင်တိုက်ပါ။
ဒါကတော့ မြင်ရမယ် ထင်ပါတယ် ... သန္တိသုခချောင် ပါ။ အခုလို ချောင် ပေါင်းများစွာ ရှိပါတယ်
ချောင်နာမည် ကျောင်းနာမည်တော့ မသိပါဘူး ... ကျနော်တို့ မြန်မာပြည်မှာ အခုလို နေရာတွေ ရှိတယ် ...
ကျနော် စိတ်ကူးထဲ အမြဲတမ်း ရောက်ဖူး ချင်နေတဲ့ စစ်ကိုင်းချောင်တွေကို ကျနော် ရောက်ခဲ့ပြီ
စစ်ကိုင်းတောင်မှ ကြိုဆိုပါ၏
ကျနော် အတွေ့ဖူးချင်ဆုံးထဲက သီတဂူ ဆရာတော်ရဲ့ ၀ါးချက် ဇီဝိတဒါန ဆေးရုံပါ
အဖိုး ဘုန်ကြီး ကျောင်းရှိတဲ့ ချောင်ထဲကို ရောက်လာပါပြီ ...
ကျနော့်ကို လာနှုတ်ဆက်တဲ့ ဘော်ဒါလေးပါ ...
ဆက်ပါဦးမည်...
ဆက်စပ်ဖတ်ရှုရန်
ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]
10 comments:
  1. ဟန်ကြည်April 10, 2012 at 4:23 AM
    စစ်ကိုင်းတံတားတောင် အသစ်ဖြစ်သွားပြီကိုး...ကောင်းပါရဲ့လေ...
    အရင် တံတားဟောင်းက သက်တန်းစေ့နေခဲ့တာ ကြာတောင်ကြာနေမင့်ကိုး...တံတားပေါ်က ဖြတ်တိုင်း ရသမျှဘုရားစာ အကုန်ရွတ်နေရတာ အခုထိ မှတ်မိနေတုန်း...တစ်ချို့ကဆို စိတ်နာနာနဲ့ ကိုယ်ဖြစ်ကိုယ်ခံ တံတားလို့တောင် ခေါ်ကြသကိုး...
    ပုံတွေကြည့်ပြီး အညာကိုတောင် ပြန်လွမ်းလာပါရဲ့...
    ReplyDelete
  2. ပုံတွေကြည့်ပြီး ကြည်နူးရပါတယ်
    ကျန်တဲ့ပုံလေးတွေလဲတင်ပါနော်
    ReplyDelete
  3. ဖရဲသီးနဲ့တွဲရောင်းတဲ့ အ၀ါရောင် အသီးတွေက သခွားမွှေးသီးတွေပေါ့ ဂျာ
    သိမ့် စားကောင်းတဲ့ အတီးပေါ့
    အစားခဲ့ဝူးလား ဂျ
    ကိုင်းသီး ကျွှန်းသီး နှစ်မျိုးကွဲသွားသေးတာ
    နုန်းတင်မြေနုကျွှန်းသီး က ပိုချိုသဗျ
    ကျူပ် အဖေက ဈေးခေါင်းလေ ဂေါင်မှ ရွေးစားခဲ့တာ ဂျ
    ...နိုင်ငံခြား ခေတ်မှီလယ် တဲ့ ဂျာ
    ရွာက သခွားမွှေးမျိုး အရှိပါဖူး ဂျာ
    ......ဒါနဲ့ ဦးမောင်သန့်
    ဖရဲသီးသည်ကို အထင် မတေးနဲ့ဂျ
    တူတို့က တရာသီအောင်မြင်ရင် သိန်း ၁၅၀ သုံးရာသီ ထိုင်စားလို့ ရလယ်ဂျ
    ကွန်မန်းတောင် အတော် ရှည်တွားပြီ
    ..ဒါနဲ့ ဦးမောင်သန့် မျက်နှာမမြင်ရပေမယ့် ချောလယ် တိယား :D :D
    ReplyDelete
  4. ဟဲဟဲ မင်းသားက နောက်ဆုံးမှာ လျှပ်တပျက်ပါလာတယ်။ :D :D
    ReplyDelete
  5. အမ သက်ဝေ - ကျေးဇူး အထူး တင်ပါတယ်
    ကိုဟန်ကြည် - ကျေးဇူးပါ အညာဆိုတာ လွမ်းစရာကောင်းတဲ့ နေရာတစ်မျိုးပဲဗျ
    မစံပယ် ခေါ် ဂျပ်စ် - ကျေးဇူးပါ လာမယ်ပေါ့နော်
    ကျူးတီ - ကောမက်အရှည်ကြီး အတွက်ရော မျက်နှာမမြင်လို့ ချောတယ်လို့ ပြောတာအတွေက်ရော ကျေးဇူးတင်တယ်... ဖရဲသီးအကြောင်း သခွားသီးမွှေး အကြောင်း ဗဟုသုတအတွက်ရော ပဲနော်..
    မြတ်ကြည် - ဟဲဟဲ .. :D
    ReplyDelete
  6. ဖရဲသီးတောင် စားချင်သွားပြီ..မင်းသားကလည်း Mask ချွှတ်ပြီး ကင်မရာကို တည့်တည့်ကြည့်လိုက်တာ မဟုတ်ဘူး...
    ReplyDelete
  7. ကျွန်တော် ရင်းနှီုးခဲ့ဘူးတဲ့ နေရာလေးတွေ
    ပြန်မြင်လိုက်ရတော့ ရင်တွေများတောင် ခုန်လို့ဗျာ
    .တစ်ခုတော့ ပြောပြခဲ့ချင်သေးတယ်ဗျို့
    ကနေစပြီး မျိုးယူလာခဲ့လို့ ဟားမီကွသခွါးမွှေးလို့
    ခေါ်ပါတယ်.အဲဒိအသီးတွေကို တရုတ်တွက
    လယ်သမားတွေစီကနေမြေတွေငှါးပြီး
    စိုက်ကြပါတယ် အသီးအနှံကောင်းတာတွေကိုတော့
    တရုတ်ပြည်မကြီးကိုပို့ကြပါတယ် အပုပ်အပွ နဲ့
    လူရာမ၀င်တဲ့ အသီးတွေကိုတော့ မြန်မာပြည်ကလူ
    တွေကိုပြန်ရောင်းစားပါတယ်း( အခုနောက်ပိုင်းတော့
    လယ်သမားတွေက အဲ့ဒီအခွါးမွှေးစိုက်ပျိုးနည်းကို
    သိသွားကြပြီထင်ပါရဲ့.အခုနောက်ပိုင်းတော်တော်များ
    များစိုက်လာတာတွေ့ရတယ်ခင်မျ..၂၀၀၀ပြည့်နှစ်
    လောက်ကမှမြန်မာပြည်ကိုစပြီးဝင်ခဲ့တဲ့သခွါးမွှေးမျိုးတွေ
    ပေါ့..ကျွန်တော်ကိုယ်တိုင် အဲ့ဒီတုန်းကတရုတ်တွေနဲ့
    အတူစိုက်ပျိုးခဲ့ဘူးလို့ အခုလိုပြောပြရတာပါ
    (လေရှည်သွားရင်ခွင့်လွတ်ပါခင်မျာ) ဟီးးးးး
    (ဒုတိယ)
    ReplyDelete
  8. Nice photos...
    Where exactly are those places in your photos?
    ReplyDelete
  9. Hi,
    It is called "Sagaing" near Mandalay City which is second largest city in Myanmar.
    Thanks you.
    ReplyDelete