Wednesday, August 29, 2012

ဒါတွေကို သင်သိရဲ့လား - ၉ [လန်ဒန် အိုလံပစ် ၂၀၁၂]

- သြစတေးလျနိုင်ငံ ကိုယ်စားပြု အိုလံပစ် ပြိုင်ပွဲဝင် တူညီ အလှရေကူး အားကစားမယ် 'ဘရန်ကာ ဟမ်မက်' (Bianca Hammett) တစ်ယောက် အသက် ၈နှစ် အရွယ်တုန်းက သတင်းစာထဲမှာ ဒီအားကစားနဲ့ ပက်သက်တဲ့ ကြော်ငြာတစ်ခုကို တွေ့ရာကနေ စိတ်ဝင်စားသွားပြီး ကြိုးစားသင်ယူယင်း အခု အသက် ၂၁နှစ်အရွယ်မှာ သြစတေးလျ အိုလံပစ် လက်ရွေးစင် အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ (Source)

- ယူကရိန်းနိုင်ငံမှာ မွေးဖွားပြီး အင်္ဂလန်ကို ၂၀၀၇နှစ်ကမှ ရောက်ရှိခဲ့သူ ဗြိတိန် ကိုယ်စားပြု အိုလံပစ် နပန်း မယ် 'အိုကာ ဘက်ကဘခ်ျ' ဟာ ၂၀၁၂ မေလကမှ အင်္ဂလန် နိုင်ငံသား ရခဲ့သူပါ။ (Source)

- လန်ဒန် အိုလံပစ်မှာ ရွှေတံဆိပ်ဆု ရခဲ့တဲ့ ဗြိတိန် ကိုယ်စားပြု မြင်းစီး အားကစားသမား 'စကော့ ဘာရပ်စ်' ပြိုင်ပွဲဝင်တုန်း စီးခဲ့တဲ့ 'ဟဲလို ဆန်တော့စ်' အမည်ရှိတဲ့ မြင်းဟာ ယူရိုငွေ ၂သန်းတောင် တန်ဖိုး ရှိပါသတဲ့။ (Source)

- အမျိုးသမီး မီတာ ၅၀ သေနတ်ပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ သြစတေးလျနိုင်ငံ ကိုယ်စားပြု အိုလံပစ် သေနတ်ပစ်မယ် 'အလက်တဲလ် ဆတ်မန်း' (Alethea Sedgman) ကတော့ သြစတေးလျနိုင်ငံ လက်ရွေးစင် အဖြစ် အရွေးခံတဲ့အချိန်မှာ သူမနဲ့ အပြိုင် ဖြစ်ခဲ့သူက သူမ ရည်စား 'ခရစ် ဂယ်ဗင်' (Chris Gulvin) ကိုယ်တိုင်ပါ။ နောက်ဆုံးမှာ အမျိုးသမီး သေနတ်ပစ် အားကစားသမားကို အိုလံပစ်အသင်းမှာ ထည့်သွင်းချင်တဲ့ သြစတေးလျ နိုင်ငံတကာ သေနတ်ပစ် အသင်းရဲ့ ရည်ရွယ်ချက်ကြောင့် သူမ ရည်စားကိုကျော်ပြီး အရွေးခံခဲ့ရသူပါ။ (Source)

- ဗြိတိန်ကိုယ်စားပြု အိုလံပစ် သေနတ်ပစ် လက်ရွေးစင် 'ဂျိမ်း ဟပ်ကယ်' (James Huckle) ကတော့ သူ့အဖေက သူတို့ လယ်တောထဲမှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို နှိမ်းနှင်းဖို့ သေနတ်တလက် ၀ယ်ပေးလိုက်တာကနေ အစပြုပြီး အိုလံပစ် သေနတ်ပစ် လက်ရွေးစင် ဖြစ်လာတဲ့အထိ လက်သံပြောင်ခဲ့သူပါ။ (Source)


ဆက်ပါဦးမည်။

ဆက်စပ် ဖတ်ရှုရန်
ဒါတွေကို သင်သိရဲ့လား - ၈ [လန်ဒန် အိုလံပစ် ၂၀၁၂]
ဒါတွေကို သင်သိရဲ့လား - ၇
ဒါတွေကို သင်သိရဲ့လား - ၆
ဒါတွေကို သင်သိရဲ့လား - ၅
ဒါတွေကို သင်သိရဲ့လား - ၎
ဒါတွေကို သင်သိရဲ့လား - ၃
ဒါတွေကို သင်သိရဲ့လား - ၂
ဒါတွေကို သင်သိရဲ့လား - ၁

No comments:

Post a Comment