Thursday, August 30, 2012

စင်ကာပူ အကြီးကျယ်ဆုံး အိုင်တီရှိုးပွဲတွေထဲက Comex 2012 IT Show စတင်နေပြီ

စင်ကာပူမှာ တစ်နှစ်ကို လေးကြိမ် နာမည်လေးမျိုးနဲ့ ကျင်းပနေကျ ဖြစ်တဲ့ စင်ကာပူရဲ့ အကြီးကျယ်ဆုံး အိုင်တီရှိုးတွေထဲက ဒီနှစ်ရဲ့ တတိယအကြိမ်မြောက် အနေနဲ့ ကျင်းပတဲ့ Comex 2012 အိုင်တီပြပွဲ၊ ဈေးရောင်းပွဲကို စင်ကာပူ မြို့လယ်က 'ဆန်းတက်ခ် စီးတီး ကွန်ဗင်ရှင်း စင်တာ' (Suntec City Convention Center) မှာ ဒီနေ့က စပြီး ကျင်းပနေပါပြီ။


ကျင်းပတဲ့ နေ့ရက်တွေက -             သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၂ရက် ထိ
အချိန်ကတော့ -                          နေ့လည် ၁၂နာရီ ကနေ ည ၉နာရီထိ
လိပ်စာ အတိအကျကတော့ -          1 Raffles Boulevard, Suntec City, Singapore 039593
အနီးဆုံး ရထားဘူတာတွေကတော့ - City Hall (Green and Red Line), Esplanade and Promanade
                                              (Circle (Yellow) Line)


စိတ်ပါဝင်စား သူတွေ လူမတိုး ရလေအောင် စောနိုင်သမျှ စောစော သွားကြပါခင်ဗျာ။ မဟုတ်ရင် အောက်ကပုံအတိုင်း လူတိုးမှာပါခင်ဗျ။


ပြပွဲဈေးနှုန်းတွေ တစ်နေရာထဲမှာ စုထားတာ ကြည့်ချင်ရင် အောက်ကလင့်ခ်ကို သွားပါ။

http://itfairsg.com/comex2012/price-list/


No comments:

Post a Comment