Tuesday, September 11, 2012

ယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ မိန်းမရဲ့ အဖြစ်

မိန်းမက ခင်ပွန်းယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန် နယူးအော်လင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။

အသက် ၅၃နှစ် ရှိတဲ့ မိန်းမက အသက် ၅၇နှစ် ရှိတဲ့ ယောက်ျားကို တနင်္လာနေ့ မနက် ၁၁နာရီကျော်လောက်မှာ မြို့ရဲ့ (၉)ရပ်ကွက်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်မှာ ပစ်မိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ပစ်ခံရတဲ့ အမျိုးသားနဲ့ ပစ်တဲ့ အမျိုးသမီး ဘယ်သူ ဘယ်ဝါလဲဆိုတာ ထုတ်ဖော်ပြောဖို့ ဆွေမျိုးတွေဆီက ခွင့်ပြုချက် စောင့်နေတယ်လို့လည်း ရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူကိုမှ အရေးယူခြင်း မရှိသေးပါဘူး။

ရဲတွေက ဒီအမှုကိစ္စကို ပြန်လည်ကြည့်ရှု စစ်ဆေးဖို့ 'အောလင်းပါရစ်' (Orleans Parish) ခရိုင် တရားရုံးကို လွှဲအပ်မယ်လို့ ပြောပါတယ်။

ဘယ်လိုကနေ ဘယ်လို ဘယ်သေနတ်တွေနဲ့ ပစ်ထည့်လိုက်တယ် စတဲ့ အသေးစိတ်ကိုတော့ သတင်းထဲမှာ မဖော်ပြထားပါဘူး ခင်ဗျာ။

ကိုးကား (Ref)
http://www.sacbee.com/2012/09/10/4807416/police-woman-kills-husband-mistaken.html

No comments:

Post a Comment