Monday, September 10, 2012

၉/၁၁ ကို သီချင်းတစ်ပုဒ်တည်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုမယ့်သူ

အမေရိကန်နိုင်ငံ ယူတား (Utah) က လူတစ်ယောက်ဟာ အမေရိကန်တို့ရဲ့ ၀မ်းနည်းဖွယ် အကောင်းဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာလ ၁၁ရက်နေ့ နှစ်ပတ်လည်နေ့မှာ "God Bless U.S.A" ဆိုတဲ့ သီချင်းကို အကြိမ်ပေါင်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုဖို့ လုပ်နေပါတယ်။

ဒီအစီအစဉ်ကို တနဂ်နွေနေ့ မနက်မှ စတင်ပြီး စက်တင်ဘာလ ၁၁ရက် အင်္ဂါနေ့ မနက် ၆နာရီ ၄၆မိနစ်ခန့် အချိန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သီချင်းကို ၁နာရီ ၁၉ကြိမ်နှုန်း သီဆိုမှာ ဖြစ်ပြီးတော့ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားထဲမှာ ၁၅မိနစ်ခန့် ရပ်နားသွားမှာပါ။

ဒီစိတ်ကူးကို နယူးယောက် (New York) ကျောင်းတစ်ခုက ဒီသီချင်း သင်ကြားမှု အစီအစဉ်ကို ရပ်နားလိုက်တာကို မကျေနပ်ရာကနေ စတင်ရခဲ့တာလို့ သူ က ပြောပါတယ်

သူ သီချင်း သီဆိုမယ့် ရွက်ဖျင်တဲလေး ပတ်ပတ်လည်မှာ အလံပေါင်း ၅၀၀ကို စိုက်ထားမှာ ဖြစ်သလို နေရောင်ခြည် ဓါတ်အား အသုံးပြုမယ့် မီးသီး ၃၄၉၇ ချောင်းကိုလည်း ထွန်းထားမယ်လို့ ဆိုပါတယ်။ ဒီ ၃၄၉၇ အရေအတွက်ကတော့ စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ သူတွေရဲ့ အရေအတွက်ကို ဂုဏ်ပြုထားတာပါ။

ဒါ့အပြင် ပတ်ဝန်းကျင် စတိုးဆိုင်တွေကနေ လှူဒါန်းဖြန့်ဝေပေးမယ့် Apple Pie မုန့်တွေကိုလည်း တနဂ်လာနေ့ကနေ စပြီး လာရောက်နားထောင်မယ့် ဧည့်ပရိသတ်တွေကို တတ်နိုင်သလောက် ဧည့်ခံကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။

သီချင်း နောက်ဆုံးအကြိမ် ၉၁၁ကြိမ်မြောက် သီဆိုမယ့် အင်္ဂါနေ့ မနက်ပိုင်းမှာ လူတွေအားလုံး ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ပြီး သူနဲ့အတူ သီချင်းသီဆိုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီအစီအစဉ်ကို နောက်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်တဲ့။

၂၀၀၁နှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်လေးစင်းကို အပိုင်စီးပြီး အထပ် ၁၁၀ ရှိတဲ့ နယူးယောက် ကုန်သွယ်ရေး အဆောက်အဦး ညီနောင်၊ ပင်တဂွန် စစ်ဌါနချူပ် နဲ့ အိမ်ဖြူတော်တို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ရာမှာ နှစ်စင်းက နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦးကို ၀င်တိုက်ခဲ့ပြီး တစ်စီးက ပင်တဂွန် စစ်ဌါနချူပ် အနီးမှာ ပျက်ကျခဲ့ကာ နောက်တစီးကတော့ အိမ်ဖြူတော်နားကိုပင် မရောက်ဘဲ လမ်းမှာတင် ပျက်ကျခဲ့တာပါ။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ လေယာဉ်ကို လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေက စုပေါင်းပြီး အကြမ်းဖက်သမားများကို တုန့်ပြန်ခဲ့ကာ လမ်းမှာတင် ပျက်ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ကြံစည်ခဲ့တဲ့ အယ်ကိုင်ဒါ အကြမ်းဖက်သမား ခေါင်းဆောင် 'အိုစမာ ဘင်လာဒင်' (Osama Bin Ladin) ကိုတော့ အမေရိကန်တွေက တိုက်ခိုက်ခံရအပြီး ၁၀နှစ်ကြာ မနှစ်က မေလ မှာ သူပုန်းခိုနေတဲ့ ပါကစ္စတန်နိုင်ငံ၊ အဘိုဒါဘတ် (Pakistan, Abbottabad) မြို့က အိမ်ကြီးထဲမှာ လျှို့ဝှက် စစ်ဆင်ရေး ဆင်နွှဲပြီး သုတ်သင်နိုင်ခဲ့ပါတယ်။

သည်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ လူတွေကို အောက်မေ့ဘွယ်နဲ့ နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦး လေယာဉ် ၀င်တိုက်ခံရပြီး မီးလောင်နေတဲ့ အချိန်မှာ လူတွေကို ကယ်ဆယ်ဖို့ ကြိုစားယင်း အသက်စွန့်သွားခဲ့တဲ့ မီးသတ်သမားများကို ဂုဏ်ပြုတဲ့ အခမ်းအနားကို စက်တင်ဘာလ ၁၁ရက်နေ ရောက်တိုင်း အမေရိကန် သမ္မတကိုယ်တိုင် တက်ရောက်ကာ ကျင်းပလေ့ ရှိပါတယ်။ နိုင်းအလဲဗင်း (9/11) လို့ ခေါ်ကြတဲ့ အဲဒီနေ့အဖြစ်အပျက်ဟာ အခုဆိုရင် ၁၁နှစ်တိုင် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

Thanks to "Anonymous" for correction of "Utah" pronunciation in the comment.

ကိုးကား (Ref)
http://hosted2.ap.org/APDEFAULT/Oddities/Article_2012-09-07-Patriotic%20Singer/id-74463089e96b44b2ace413db3a20b5bf

2 comments:

  1. - Correction -> The "Utah" State is pronounced as "You-Tah". It is NOT "Oo-Tah".
    just fyi. thnx.

    ReplyDelete
  2. Really thanks a lot for the correction :)))))
    Appreciate it!!!

    ReplyDelete