Monday, September 3, 2012

ပြည့်တန်ဆာက ကြေး တိုးတောင်းလို့ ရဲ ကို ခေါ်တဲ့သူ

အမေရိကန်၊ မစ်ချီဂန်၊ အမ်အာဘော် (Ann Arbor, Michigan) က အသက် ၄၅နှစ် အရွယ် လူတစ်ယောက် ည ၁၀နာရီခွဲခန့်မှာ ရဲစခန်းကို ခေါ်ပြီး သူ လုယက်ခံနေရကြောင်း ရဲ ကိုတိုင်ကြားပါတယ်။ ရဲတွေ သူ့အိမ်ကို ရောက်လာတဲ့အခါမှာတော့ သူဘယ်လို လုယက်ခံနေရလဲဆိုတယ် တွေ့လိုက်ရတော့ ရီရခက် ငိုရခက် ဖြစ်သွားပါတဲ့

ဖြစ်ပုံ အသက် ၄၅နှစ် ရှိပေမယ့် ပျော်ပျော်နေချင်သေးတဲ့ ကိုယ်တော်က အွန်လိုင်း ၀က်ဘ်ဆိုဒ်တစ်ခုပေါ်ကနေ အသက် ၁၉နှစ်အရွယ် အိုဟိုင်းရိုးက ကောင်မလေးတစ်ယောက်နဲ့ ကြေးတစ်ခုသတ်မှတ် ချိတ်ဆက်ပြီး သူ့အိမ်မှာ နှစ်ပါးခွင် ကကြပါသတဲ့။ ကလည်း ပြီးလို့ ကောင်မလေးကို ကျသမျှ ပိုက်ဆံပေးတဲ့အခါမှာတော့ ကောင်မလေးက ပိုတောင်းပါတယ်။ ကောင်မလေးပြောတာက ကုန်ဈေးနှုန်းက ရုတ်တရက်တက်သွားလို့ပါသတဲ့။

အဘိုးကြီးခမျာ တော်တော် အကျပ်ရိုက်သွားတော့ နောက်ဆုံး ရဲကို ခေါ်ဖို့ ဆုံးဖြတ်လိုက်သတဲ့လေ။ အဲ အခုတော့ ရဲတွေက ကုန်ဈေးနှုန်းကြီးအောင်လုပ်တဲ့ ကောင်မလေးကို ဖမ်းထားလိုက်ပါတယ်။ အဘိုးကြီးကိုရော ဖမ်းဖို့ မဖမ်းဖို့ကတော့ အစိုးရ တရားလိုတွေ အပေါ်မှာ မူတည်တယ်လို့ ရဲက ပြောပါတယ်။

ဝမ်းနည်းစရာကတော့ အဲလေ ရဲတွေကတော့ ကောင်မလေးကို ပေးဖို့ သဘောတူထားတဲ့ကြေးနဲ့ ကောင်မလေးကို ဆက်သွယ်လိုက်တဲ့ ၀က်ဘ်ဆိုဒ်ကို ထုတ်ဖော်ပြောခြင်း အလျင်းမရှိကြောင်း... ပါ။

ကိုးကား (Ref)
http://www.annarbor.com/news/crime/ann-arbor-police-john-calls-police-after-prostitute-took-his-money-and-raised-her-price/#.UETBX5ZqCSq


4 comments:

  1. အောက်ဆုံးက စာကြောင်းကတော့ ကိုမောင်သန့် လျှိုထားတာပဲ ဖြစ်ရမယ်... :P

    ReplyDelete
  2. ၀က်ဘ်ဆိုဒ်ကို ထုတ်ဖော်ပြောပြရင် ဘာလုပ်မှာလဲ ငှင်...း)

    ကိုမောင်သန့် ရေ အိုင်တီ ရှိုး နောက်ထပ် ဘယ်တော့ လာဦးမှာလဲဗျိုးးး သံချောင်း ခေါက်ပါဦးနော်။

    ReplyDelete
  3. ဘိုးတော် တော်တော်ဆိုးတယ်
    ကောင်မလေးလည်း ဆိုးတယ်

    နွေလ

    ReplyDelete
  4. ကိုအားထိုင်... သိမှာစိုးလို့ ရှိုထားတာဗျ...

    အမသံ ... ထုတ်ပြောရင် ရဲဖမ်းမယ်...အဟီး.. ပြောပြမယ်ဗျို့

    ကိုနွေလ တစ်ယောက်ပဲ လိမ္မာတယ် (((ဟမ်))) စတာ အတည်... :D

    ReplyDelete