ယခင် စပေါ်ကစနဲ့ ယခု နည်းပညာ ပစ္စည်းများရဲ့ဈေးနှုန်း ကွာခြားမှုလေးပါ။
"The true value of a human being is determined primarily by the measure and the sense in which he has attained to liberation from the self" ― Albert Einstein
Monday, February 6, 2012
Friday, February 3, 2012
The Lady ရယ် J.Edgar ရယ် စင်ကာပူပရိုမိုးရှင်းရယ် - Court Megatex Expo Sales (IT & Electronics Ware House Sale)
The Lady ကို ဒီတပတ်ရုံတင်မယ်လို့ အရင်က ကြော်ငြာထားရာကနေ မတ်လ ၁ရက်နေ့ကို ရွေ့သွားပြန်ပြီး... ထိုင်းမှာကြည့်လို့ရနေပြီ ဖြစ်လို့ ကြည့်ထားတဲ့ လူတွေက YPI ရဲ့ ဖေ့ဘွတ်(Facebook) စာမျက်နှာမှတဆင့် ရီဗြူး(Review) ရေးထားတာမှာ 'ရုပ်ရှင်ထဲမှာ အချက်အလက်အမှားတွေ အများကြီးပါတယ်... အဲထဲမှာ ပါဝင်ရိုက်ကူးတဲ့ မြန်မာတွေက ထောက်ပြတာတောင် ဒါရိုက်တာက မပြင်ဘူးတဲ့... စိတ်ပျက်ချင်လာပြီ မတ်လ ၁ရက်နေ့တင်လဲ ခါတိုင်းလို တင်တင်ချင်း ကြည့်ဖြစ်မှာ မဟုတ်တော့ မကြည့်ဖြစ်ဖို့ များနေပြီး...
နောက် ကြည့်မယ်မှန်းထားတဲ့ ကြည့်ကို ကြည့်မယ်လို့ ဆုံးဖြတ်ထားတဲ့ လီယိုနာဒို အက်ဘီအိုင် မှုးကြီးအဖြစ် သရုပ်ဆောင်တဲ့ J.Edgar ကိုကြည့်ဖို့ကလည်း နောက်အပတ်မှတဲ့...
အဲဒီတော့ ထုံးစံအတိုင်း ယားလို့ ရှာကုတ်လိုက်တာမှာ အိတ်စ်ပိုတွင် ကော့ဒ်(Court)မှ အိုင်တီနဲ့ လျှပ်စစ်ပစ္စည်း ဈေးရောင်းပွဲ ရှိကြောင်း တွေ့ရှိရလို့ သွားချောင်းမလား ဆိုတာတော့... မသေချာပေမယ့် ပရိတ်သတ်ကြီးကို ထုံးစံအတိုင်း လက်တော့တို့လိုက်ပါတယ်...မနေ့ကတည်းက စနေတာပါ။
အသေးစိတ်ကို အောက်ကပုံတွင် ကြည့်နိုင်ပါသည်။ အားလုံး ၀ိကမ်း(Weekend)မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းထားသမျှ ပျော်ရွှင်စွာ အပန်းဖြေနိုင်ကြပါစေ...

Disclaimer
The contents providing on this post are just
for information sharing purpose only. I am not affiliated with any sales or
promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice.
I will not be responsible on any lost or damages happen to you
concerning above information All logos, posters and graphical contents
are copyright of their respective owners and I do not own any of them.
Wednesday, February 1, 2012
အင်ဒိုနီရှားမှ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ အမွှာညီအစ်မ ထူးထူးခြားခြား တိုက်ဆိုင်မှုများနှင့် ဆွီဒင်နိုင်ငံတွင် ပြန်ဆုံ
ပုံသဏ္ဍန်မတူတဲ့ အမွှာညီအစ်မနှစ်ယောက် ဖြစ်တဲ့ အမ်မလီဖော့(Emilie Falk) နဲ့ လင်ဘက်မန်း(Lin Backman)တို့နှစ်ယောက်ဟာ ငယ်ငယ်တုန်းက မိဘမဲ့ကလေးကျောင်းကနေ ဆွီဒင်မှ ယခုမိဘများ မွေးစားခံခဲ့ရတဲ့အချိန်ကစပြီး ကွဲကွာခဲ့တာ အခုဆိုရင် သူမတို့အသက် ၂၉နှစ်ရောက်တဲ့အထိပါပဲ... ထူးခြားတာက သူမတို့နှစ်ယောက်ဟာ အရွယ်ငယ်ငယ် စတင်မွေးစားခံရတုန်းက နီးစပ်ဖို့ အခွင့်အရေး တစ်ခါရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမတို့နှစ်ယောက်မှာ အမွှာညီအစ်မရှိမှန်း စာရွက်ပေါ်က အချက်အလက်တွေက သက်သေမပြနိုင်ခဲ့တာကြောင့် အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရဖူးပါတယ်။
အခုတော့ သူမတို့နှစ်ယောက်ဟာ အမွှာဖြစ်ကြောင်း DNA စစ်ဆေးတာမှာ ၉၉.၉၈ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း သက်သေပြချက် ထုတ်နိုင်ခဲ့ပါတယ်။ သူမတို့နှစ်ယောက် ပြန်လည် ဆုံတွေ့ချိန်မှာ သူမတို့နေထိုင်တဲ့နေရာဟာ ကီလိုမီတာ ၄၀သာ ကွာဝေးပါတယ်။ သူမတို့နှစ်ယောက် အခုချိန်မှာ ထူးထူးခြားခြား တိုက်ဆိုင်မှုတွေ ရှိနေပြီး သူမတို့နှစ်ယောက် ပြန်ဆုံအောင် ခေတ်မီနည်းပညာနဲ့ ဆက်သွယ်မှုတွေက အထောက်အကူ ပြုခဲ့ပါတယ်။
သူမတို့နှစ်ယောက် ခွဲခွာခဲ့ရာကနေ ပြန်လည်ဆုံတွေ့ချိန်ထိ အနည်းငယ် ရှုပ်ထွေးလှတဲ့ ဇတ်လမ်းကို ကြည့်ပါဦး...
ဖော့နဲ့ ဘက်မန်းတို့ဟာ မွေးကတည်း အင်ဒိုနီရှားနိုင်ငံမြောက်ပိုင်း ဆမ်မရက် မိဘမဲ့ ကျောင်းမှာ ကြီးပြင်းခဲ့ရတာပါ။ တိုက်ဆိုင်တာမှာ 'ဖော့' ရော 'ဘက်မန်း' ရော တဖက်နဲ့ တဖက် မသိကြတဲ့ ဆွီဒင်လင်မယားနှစ်စုံက မွေးစားခဲ့ကြပါတယ်။ 'ဘက်မန်း' ရဲ့မိဘတွေ သူမကို လာခေါ်တဲ့အချိန်မှာ တက္ကစီဆရာက တခြားညီအစ်မတစ်ယောက်ရောလို့ မေးတော့ 'ဘက်မန်း' တို့မွေးစားမိဘတွေက သူမရဲ့ညီအစ်မ 'ဖော့' နာမည်ကို တက္ကစီဆရာကနေတဆင့် မှတ်သားထားလိုက်ကြပါတယ်။
အဲဒီနောက် သူတို့ဆွီဒင်ကိုရောက်ကြတဲ့အချိန် စုံစမ်းလိုက်တော့ 'ဖော့' တို့ မိဘတွေကို ခြေရာခံမိကြပြီး၊ နှစ်ဖက်စလုံး ဒီကလေးနှစ်ယောက် တကယ် အမွှာညီအစ်မဟုတ်မဟုတ်ဆိုတာ ကလေးတွေရဲ့မူလဇစ်မြစ် အချက်အလက် စာရွက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးတာ လုပ်ခဲ့ပါတယ် ဒါပေမယ့် သူတို့ဆီမှာ ရှိတဲ့စာရွက်တွေမှာ ပါတဲ့အချက်အလက်တွေက မွေးတဲ့အမေနာမည်သာ တူပြီး အဖေ နာမည်မတူဘူး ဖြစ်နေလို့ သူတို့နှစ်ယောက်ကို အမွှာညီအစ်မ ဖြစ်ကြောင်း သက်သေမထူနိုင်ခဲ့ပါဘူး ပြီးတော့ အဲတုန်းက ဒီအင်အေ စစ်ဆေးတာတွေလည်း ခေတ်မစားသေးတော့ အဲမှာတင် ဇတ်လမ်းက ဆုံးသွားပါတယ်။ နောက်ပိုင်း နှစ်ဖက်သောမိဘတွေကလည်း အဆက်အသွယ်တွေ ပြတ်ကုန်ပါတယ်။ ဒါပေမယ့် မိဘတွေက သူတို့နှစ်ယောက် ငယ်ငယ်လေးမှာ ဒီအကြောင်းတော့ ပြောပြဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ငယ်တုန်းမှာ ကြားထားဖူးတဲ့ဟာ ကြီးလာတော့ သူတို့လည်း မေ့ကုန်ပါတယ်။
ဒီလိုနဲ့ နေလာလိုက်တာ 'ဖော့' ဟာ အိမ်ထောင်ကျသွားပြီး မိသားစုနဲ့ ဖြစ်လာတဲ့အခါ သူမ မွေးစားခံခဲ့ရတဲ့အကြောင်းတွေကို ပြန်တွေးဖြစ်ခဲ့ပြီး.. သူမ မိဘတွေကို ငယ်တုန်းက အကြောင်းတွေ ပြန်မေးမိပါတယ်... အဲဒီမှာ 'ဖော့' မိဘတွေက သူတို့နှစ်ယောက် အကြောင်းကို ပြန်ပြောပြတော့ 'ဖော့' လည်း အမွှာညီအစ်မ အကြောင်း ပြန်သတိရသွားပြီး ညီအစ်မ ဖြစ်နိုင်ချေရှိတဲ့ 'ဘက်မန်း' ကို ရှာပုံတော်ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ သူမအရင်ဆုံး ရှာတဲ့နေရာက ဘယ်နေရာလို့ ထင်ပါသလဲ... ဟုတ်ပါတယ်... ဖေ့ဘွတ်မှာပါ။ 'ဘက်မန်း' နာမည်နဲ့ အင်ဒိုနီးရှားမှ မွေးစားခံခဲ့ရတဲ့ ကလေးများ ကွန်ရက်ကနေတဆင့် ရှာလိုက်တဲ့အခါမှာ တန်းတန်းမတ်မတ်ပဲ တွေ့ပါတော့တယ်။
တွေ့တွေ့ချင်း 'ဖော့' ဟာ 'ဘက်မန်း' ဆီကို အကျိုးအကြောင်း မက်ဆေ့ပို့လိုက်ပါတယ်။ မက်ဆေ့ထဲမှာ သူမရဲ့ မွေးနေ့ဟာ မတ်လ ၁၈ရက် ၁၉၈၃ဖြစ်ကြောင်း သူမရဲ့မွေးမိခင်ဟာ 'ဆာမာရက်' က 'မာရတီ' ဖြစ်ကြောင်း ပြောလိုက်တာမှာ 'ဘက်မန်း' က မကြာမှီမှာပဲ သူ့မရဲ့မွေးနေ့ဟာလည်း အဲဒီနေ့ဖြစ်ကြောင်းနဲ့ မွေးမိခင်ရဲ့နေတဲ့အရပ်နဲ့ နာမည်ဟာလည်း အတူတူဖြစ်ကြောင်း အကြောင်းပြန်လာပါတယ်။ ဆိုတော့ သူမတို့နှစ်ယောက်ဟာ နောက်ဆုံး ဒီအင်အေစစ်ဖို့ လုပ်ခဲ့ပြီး အပေါ်ကပြောတဲ့အတိုင်း ဒီအင်အေက အမွှာညီအစ်မဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။
နောက်ထပ်အံ့သြစရာကောင်းတဲ့ သူမတို့ နှစ်ယောက်ရဲ့တူညီမှုတွေကတော့
- သူမတို့နှစ်ယောက်လုံး ဆွီဒင်နိုင်ငံ တောင်ဘက်အစွန်မှာ နေထိုင်ကြပြီး နှစ်ယောက် နေထိုင်တဲ့နေရာဟာ ကီလိုမီတာ ၄၀ခန့်သာ ကွာဝေးပါတယ်။
- သူမတို့နှစ်ယောက်လုံး ဆရာမတွေ ဖြစ်နေကြတယ်။
- သူမတို့နှစ်ယောက် မဂ်လာဆောင်တဲ့ရက် တူပြီး တစ်နှစ်သာခြားပါတယ်။
- နှစ်ယောက်စလုံး မဂ်လာဆောင်မှာ ကခဲ့တဲ့ သီချင်းက Lifehouse ရဲ့ You and Me သီချင်းပါတဲ့
အခုတော့ သူမတို့နှစ်ယောက် သူတို့ရဲ့ မွေးမိဘများကို အင်ဒိုနီးရှားမှာ သွားရောက်ရှာဖွေဖို့ လုပ်နေကြပြီး ထပ်မံစုံစမ်းပြီး ရလာတဲ့အချက်အလက်အရ သူမတို့ရဲ့ အဖေဟာ တက္ကစီမောင်းသမား တစ်ယောက်ဖြစ်ကြောင်း သိထားရပါတယ်။ အဲဒီမှာ 'ဖော့' က တက္ကစီဆရာဆိုတော့ ဟို တက္ကစီဆရာပဲ ဖြစ်နေမလားဆိုတာ တော်တော်သိချင်နေမိပါတယ်။
'ညီအစ်မနှစ်ယောက် အခုထက်စောပြီး တွေ့ရင် ပိုပျော်မလား' လို့ အေအက်ဖ်ပီ သတင်းဌါနက မေးရာမှာ 'ဖော့' က 'အဲဒါတွေကို တွေးပြီး ၀မ်းနည်းနေမဲ့အစား အခုတွေ့ရတာကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်' လို့ ပြန်ပြောပါတယ်' တဲ့
သူမတို့နှစ်ယောက်ဟာ Non-Identical Twin လို့ ပြောပါတယ်။ Identical Twin နဲ့ Non-Identical Twin ကွားခြားချက်ကတော့
- Identical Twin ဟာ အမိရဲ့ မျိုးဥတစ်ခုထဲကနေ ကလေးနှစ်ယောက်ဖြစ်လာတာ ဖြစ်ပြီး
- Non-Identical Twin အမိမျိုးဥ နှစ်လုံးကနေ မျိုးအောင်ပြီး ကလေးနှစ်ယောက် ဖြစ်လာတာပါ...
လို့ မှတ်သား ဖတ်ရှုရပါတယ်။ အမှတ်မှားပါက စာဖတ်သူများ ပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်ကတော့ အမြွှာဖြစ်ပေမယ့် ပုံသဏ္ဍန်မတူလို့ ပုံသဏ္ဍန်မတူတဲ့ အမြွှာလို့ ဘာသာပြန်လိုက်ပါတယ် ခင်ဗျာ...
News Source
http://news.xin.msn.com/en/weird/article.aspx?cp-documentid=5830493

(Emilie Falk) နဲ့ လင်ဘက်မန်း(Lin Backman)
(Photo via)

Tuesday, January 31, 2012
ဥရောပရောက် ဗမာဆင်မလေး '၀င်းသီတာ' ရဲ့ ပထမဆုံး မျက်ကပ်မှန်
'၀င်းသီတာ' ဟာ မြန်မာပြည်မှာ မွေးဖွားတဲ့ မြန်မာဆင်မလေးပါ။ အခု သူမအသက် ၄၅နှစ်တောင် ရှိပါပြီ။ ၁၉၈၉မှာ နယ်သာလန်ကို ရောက်လာပြီး ၂၀၀၄ခုနှစ်မှာ အခု သူမနေထိုင်တဲ့ အာတစ်စ်(Artis) တိရိစ္ဆာန်ရုံကို ရွှေ့ခဲ့ကာ အခုတော့ သူမဟာ အဲဒီမှာ ဆင်အားလုံးရဲ့ အကြီးအကဲ ဖြစ်နေပါတယ်။
'၀င်းသီတာ' မျက်ကပ်မှန် တပ်ရခြင်း အကြောင်းအရင်းက မကြာသေးမှီအချိန်က သူမဟာ တခြားဆင်တစ်ကောင်နဲ့ တွန်းထိုးကြမှု ဖြစ်ရင်း သူမမျက်ကြည်လွှာမှာ ခြစ်ရာရသွားပါတယ်။ အဲဒီကတည်းက မျက်လုံးကို ကောင်းကောင်းဖွင့်လို့မရဘဲ မျက်လုံးကနေ အရည်တွေအများကြီး ထွက်နေတတ်ပါတယ်။
အဲဒါနဲ့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဒီလိုကိစ္စမှာ ကျွမ်းကျင်တဲ့ ဆရာမ 'ဗာဘရပ်ဂျန်'(Verbruggen) ကို ဆင့်ခေါ်လိုက်ပြီး ကုသစေပါတယ်။ 'ဗာဘရပ်ဂျန်' သူမအရင်တုန်းက မြင်းတွေမှာ လုပ်ပေးနေကျ မျက်ကပ်မှန် တပ်ပေးဖို့ ပြင်ဆင်ပါတယ်။ ဒါပေမယ့် ဆင်ကို မျက်ကပ်မှန်တပ်တာဟာ သူမရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပြီး '၀င်းသီတာ' ဟာလည်း ဥရောပမှာ ပထမဆုံး မျက်ကပ်မှန် တပ်မယ့်ဆင် ဖြစ်လာပါတယ်။
ဒီလိုလုပ်မယ့် အစီအစဉ်မှာ အခက်အခဲဆုံးက '၀င်းသီတာ' ရဲ့ ရှည်လျားလှတဲ့ အရပ်ပါ။ ဆင်တွေက ကြာကြာလှဲလျက်မနေနိုင်ဘူး သူတို့ရဲ့ ကြီးမားလှတဲ့ ၀ိတ်ကြောင့် သူတို့ အသက်ရှုတာကို အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် မျက်ကပ်မှန်ကို လှေကားထောင်ပြီး တပ်ဖို့ ရက်သတ္တပတ်များစွာ လေ့ကျင့်မှုပြီးလုပ်ခဲ့ပြီး တကယ်တပ်တဲ့အချိန်မှာ နာရီဝက်ခန့်တာ အချိန်ယူခဲ့ရပါတယ်။ သူမကို မတ်ရပ်စေပြီး အခုလိုတပ်ပေးတာ ပိုပြီးကြည်နှုးနေတဲ့ပုံပါပဲလို့ 'ဗာဘရပ်ဂျန်' ပြောပါတယ်။ မျက်ကပ်မှန် တပ်ပြီးနောက်ပိုင်း သူမမျက်ကြည်လွှာဟာ ပြန်ပြီးတဖန် ကောင်းမွန်လာတော့မှာပါ။
ဝင်းသီတာကို မျက်ကပ်မှန် တပ်ပေးနေစဉ်
(Photo via spiegel.de)
အခုတော့ '၀င်းသီတာ' ဟာ သူမတို့ ဆင်မျိုးတွေကြားမှာ ပထမဆုံး မျက်ကပ်မှန်တပ်တဲ့ ဆင်မလေးဖြစ်သွားတဲ့အပြင် မျက်ဝန်းလဲ့လဲ့နဲ့ စတိုင်ပိုရှိသွားကာ စတားပိုဖြစ်သွားပြီ ထင်ပါတယ်။
ဘလော့မရေးဖြစ်တာ ကြာနေပြီဖြစ်တဲ့ မောင်သန့်တစ်ယောက် ဒီကနေ့ ဘလော့ ပြန်လည်
စတင်ရေးတော့မယ်လို့ ကြံပြီး ကုန်ကြမ်းများကို ဂျောင်ဂျိုဂျောင်ကြား
ရှာရာမှာ ထူးထူးခြားခြား ဥရောပရောက် '၀င်းသီတာ' လို့ခေါ်တဲ့ ဗမာ
ဆင်မလေးအကြောင်း ဖတ်လိုက်ရတော့ ပျော်သွားပါတယ်။ အဲဒါနဲ့ ထုံးစံအတိုင်း
စာဖတ်ပရိသတ်ကြီး မျှဝေလိုက်ရပါတယ် ခင်ဗျာ။
News Source
http://www.spiegel.de/international/europe/0,1518,811536,00.html

Wednesday, January 18, 2012
နံပါတ်တစ် Rolling in the deep
စာရေးဖို့ ကြိုးစားနေပေမယ့် အကြောင်းမျိုးမျိုးကြောင့် မရေးဖြစ်ပါဘူး...
အဲဒါကြောင့် လောလောဆယ် လက်ရှိ နံပါတ်တစ် ဟော့နေတဲ့ ဗြိတိန်အဆိုတော်မလေး အဒါ(Adele) ရဲ့ Rolling in the deep သီချင်းလေးနဲ့ နှစ်သိမ့်ချင်ပါတယ်။ လက်ရှိ ဒီသီချင်းဟာ ကျနော့်ဖုန်းထဲကို နောက်ဆုံး ရောက်လာတဲ့ သီချင်းလေးပါ။ အခုတော့ ဒီတစ်ပုဒ်ထဲကိုပဲ Repeat လုပ်ပြီး နားထောင် နေမိပါတယ်... အဲလောက်တောင် ကြိုက်လားဆို ကိုယ်တိုင် နားထောင် ခံစားကြည့်ကြည့်ပေါ့... သီချင်းစာသားပါ ထည့်ပေးထားပါတယ်။ နာသောတာဆင်ရင်း ဘ၀ အမောပြေနိုင်ကြပါစေ။
Adele - Rolling In The Deep
There's a fire starting in my heart,
Reaching a fever pitch and it's bring me out the dark.
Finally I can see you crystal clear
Go ahead and sell me out and I'll lay your ship bare.
See how I'll leave, with every piece of you
Don't underestimate the things that I will do.

The scars of your love, remind me of us.
They keep me thinking that we almost had it all
The scars of your love, they leave me breathless
I can't help feeling
We could have had it all
Rolling in the deep
You had my heart inside your hand
And you played it
To the beat
Baby I have no story to be told
But I've heard one of you and I'm gonna make your head burn,
Think of me in the depths of your despair
Making a home down there as mine sure won't be shared
The scars of your love, remind you of us.

But you played it
With a beating
Throw your soul threw every open door
Count your blessings to find what you look for
Turn my sorrow into treasured gold
You pay me back in kind and reap just what you sow
We could have had it all
We could have had it all
We could have had it all
Rolling in the deep
You had my heart inside your hand
And you played it to the beat
We could have had it all
Rolling in the deep
You had my heart inside your hand
But you played it,
You played it,
You played it
You played it to the beat

Subscribe to:
Posts (Atom)