Friday, September 9, 2011

ရည်စားဟောင်းကို ဖုန်းအကြိမ် ၆၅၀၀၀ ခေါ်လို့ တရားစွဲခံရတဲ့ အမျိုးသမီး

နယ်သာလန် သဟိတ်ခ်မြို့က အသက် ၆၂အရွယ် အမျိုးသားတစ်ယောက် သူရဲ့ရည်စားဟောင်းက လွန်ခဲ့တဲ့ နှစ်တွေမှာ အဖုန်းအကြိမ်ပေါင်း ၆၅၀၀၀ခန့် ထပ်တလဲလဲ ခေါ်ခဲ့လို့ တရားရုံးကို တက်ရောက် တိုင်ကြားကာ တရားစွဲခဲ့ပါတယ်...

အဲဒီလိုတိုင်ကြားခဲ့လို့ သဟိခ်မြို့က ရဲတွေဟာ ထိုဖုန်းထပ်တလဲလဲ ခေါ်ခဲ့တဲ့ အသက် ၄၂အရွယ် အမျိုးသမီးကို သူမရဲ့နေအိမ်ရှိရာ ရိုတာဒန်မြို့ကနေ ဟန်းဖုန်းအများအပြား၊ ကွန်ပြူတာတွေနဲ့အတူ သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။

တရားရုံးမှာ ထွက်ဆိုကြတဲ့အခါမှာတော့ အမျိုးသမီးက သူ့ကိုတရားစွဲတဲ့ အမျိုးသားဟာ သူမနဲ့ ဇတ်လမ်းရှိခဲ့ကြောင်းနဲ့ သူမ ဖုန်းခေါ်တဲ့အကြိမ်ရေဟာ အဲလောက်မများပါဘူးလို့ ထွက်ဆိုခဲ့ပြီး တရားလို အမျိုးသားကတော့ သူမနဲ့ သူနဲ့ ဇတ်လမ်းရှိခဲ့တာကို ငြင်းဆိုသွားပါတယ်။

နောက်ဆုံးမှာ တရားရုံးက အမျိုးသမီးကို တရားလိုအား နောက်ထပ်ဖုန်းထပ်မခေါ်တော့ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ :D

Source

4 comments:

  1. စားတယ်နော် ထိုအမျိုးသမီး ....

    ReplyDelete
  2. ဟားဟားဟား.... ရီရတယ်... မိန်းကလေးတွေ အချစ်ကြီးပုံများ... :P :P

    ReplyDelete
  3. လွန်တာပေါ့ကွယ်း)

    ReplyDelete
  4. ပေါ့ဆိမ့်ကတော့ သောက်ပဲသောက်တယ် ထင်တယ်.. နောက်တာနော်..

    ကန်ဒီကတော့ ကိုယ့်ဘက်ကို ကဲ့သွားသေးတယ်... ဟားဟား

    ဘလက်ရိုစ့်.... လွန်လို့ တရားသူကြီးက ပြင်းပြင်းထန်ထန် အမိန်ချမှတ်လိုက်တယ် ဟီးဟီး

    ReplyDelete