Thursday, September 8, 2011

ဟောင်ကောင် တရုတ် အဆိုကျော် CoCo Lee လက်ထပ်တော့မည်

ဟောင်ကောင်နှင့် တရုတ်တွင် ကျော်ကြားရုံမျှမက အော်စကာဆု စကာတင်စာရင်းတွင်ပင် ၀င်ခဲ့သူ အဆိုတော် ကိုးကိုးလီ ဟာ သူမနဲ့ ၈နှစ်ကြာ လက်တွဲခဲ့တဲ့ အသက် ၅၄နှစ် အရွယ် ကနေဒါ စီပွားရေးလုပ်ငန်းရှင် ဘရုစ်ရော့ကိုဝစ် (Bruce Rockowitz) နဲ့ လာမည့် အောက်တိုဘာ ၂၈ရက်နေ့မှာ လက်ထပ်မဂ်လာပွဲ ကျင်းပတော့မှာ ဖြစ်ကြောင်း စက်တင်ဘာ ၅ရက်နေ့က သတင်းတွေမှာဆိုပါတယ်။

(Photo via Xin.MSN)

မဂ်လာပွဲဖိတ်စာတွေကို စတင်ဖြန့်ဝေနေပြီးဖြစ်ကာ လူအများစိတ်ဝင်တစား ဖြစ်လှသည့် ဖိတ်မယ့်သူစာရင်းထဲမှာ Talk Show ဘုရင်မကြီး အော်ပရာဝင်းဖရေး (Opera Winfrey)၊ ဂျက်ကီချန်း၊ အဆိုတော် ဘီယွန်ဆေးတို့ ပါဝင်ကြပါတယ်။ အော်ပရာ ၀င်းဖရေးနဲ့ ဂျက်ကီချန်းတို့က မဂ်လာပွဲကို တက်ရောက်ဖို့ အတည်ပြုခဲ့ကြပေမယ့် ဘီယွန်ဆေးကတော့ သူမရဲ့ ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားတာကြောင့် တက်ရောက် မသေချာဘူး ဖြစ်နေပါတယ်။ မဂ်လာပွဲတက်ရောက်တဲ့ သူတွေအတွက် သူမတို့ ကိုယ်တိုင် စီစဉ်ပေးတဲ့ သီးသန့်ဂျက်လေယာဉ်နဲ့ ကြိုပို့ဖို့ လုပ်ထားပါတယ်။

မဂ်လာပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ စီစဉ်ဖို့အတွက် သူမရဲ့ အလုပ်တွေကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရပ်နားထားတဲ့ ကိုးကိုးလီဟာ ပွဲကို ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မြောက်ရေး ဟောလီးဝုဒ်က ဆုရ အခမ်းအနားပြင်ဆင်သူ ပရက်စတန် ဘေလေ (Preston Beiley)ကို မဂ်လာပွဲစီစဉ်ရေး အတိုင်ပင်ခံအနေနဲ့ ခန့်ထားပါတယ်။ မဂ်လာပွဲခန်းမအနေနဲ့ ရွေးချယ်ထားတာကတော့ ဟောင်ကောင်က ရှောဘရားသား သီးသန့် စတူဒီယိုခန်းမ ဖြစ်ပြီး နိုင်ငံတကာအဆိုတော်တွေနဲ့ ဖြေဖျော်ဖို့လည်း စီစဉ်ထားကြောင်းနဲ့ ဒီပွဲရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၀သန်းခန့် ရှိမယ်လို့ သိရပါတယ်။

ကိုးကိုးလီဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မှာ ကျော်ကြားတဲ့ အဆိုတော်ဖြစ်ပြီး အမ်တီဗွီအေးရှားရဲ့ ထိပ်ဆုံးစာရင်းတွေမှာ အကြိမ်ကြိမ်ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကျော်ကြားတဲ့ သီချင်းတွေဖြစ်တဲ့ "Do You Want My Love" "Just No Other Way" တို့ဟာ အာရှတင်မက အမေရိကန်နဲ့ ပြင်ပ အဂ်လိပ်သီချင်း ဈေးကွက်တွေမှာပါ အလွန်အောင်မြင်ခဲ့ပါတယ်။  ရုပ်ရှင်ဆုတွေ မြောက်များစွာ ရရှိပြီး အောင်မြင်ခဲ့တဲ့ 'Crouching Tiger Hidden Dragon' ရုပ်ရှင်ရဲ့ ဇတ်ဝင် သီချင်း 'A Love Before Time' ဟာ သူမသီဆိုပေးခဲ့တာ ဖြစ်ပြီး ၇၃ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ စကာတင်စာရင်း ပါဝင်ခဲ့တယ်... သူမကိုယ်တိုင်လည်း အော်စကာဆုပေးပွဲ သမိုင်းမှာ မထမဆုံး ပါဝင်ဖျော်ဖြေခဲ့ဖူးတဲ့ တရုတ်အဆိုတော် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမ အသံသရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့တဲ့ ဇတ်ကားတကားကတော့ ဝေါ့ဒစ်စနေက ထုတ်လုပ်ခဲ့တဲ့ Mulan ကာတွန်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ကိုးကိုးလီဟာ ကွမ်တုန်၊ မန်ဒရင်း တရုတ် နဲ့ အဂ်လိပ် ဘာသာစကား သုံးမျိုးကို ကျင်လည်စွာ ပြောဆိုနိုင်ပါတယ်။

အသက် ၃၆နှစ်ရှိပြီးဖြစ်တဲ့ ကိုးကိုးလီဟာ  သူမရဲ့သတို့သားလောင်းနဲ့ ၂၀၀၃ခုနှစ်ကတည်းက တွေ့ဆုံခဲ့ပြီး ၂၀၀၅ခုနှစ်က စေ့စပ်ခဲ့ကာ စတင်တွေ့ဆုံချိန်မှ ခုချိန်ထိ ၈နှစ်ကြာလက်တွဲခဲ့ပြီးမှ အခုလို လက်ထပ်ဖို့ စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။

Ref: 
http://www.channelnewsasia.com/stories/entertainment/view/1151145/1/.html
http://en.wikipedia.org/wiki/Coco_Lee

7 comments:

  1. I also cannot attend their wedding too. (but not b'coz of pregnanent like Beyonz :D)
    pN

    ReplyDelete
  2. A hum :D I know why Sis... bcuz you cannot sit in on private jet due to it is small enough squeezing :D

    ReplyDelete
  3. ooopss! i m now posting this comment on my very owned private jet on my way to Paris.. can u believe this.. :P

    ReplyDelete
  4. မင်္ဂလာစရိတ် ဒေါ်လာ ၁၀သန်းဆိုတော့ အတော်လေးကြီးကျယ်ခမ်းနားမဲ့ မင်္ဂလာပွဲနော်။ ဗဟုသုတမျှဝေပေးတာ ကျေးဇူးပါနော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကျေးဇူးပါ အန်တီတင့်... အန်တီတင့် ပို့သတဲ့ မေတ္တာနဲ့ ပြည့်စုံရပါစေ... အန်တီတင့်လည်း ကျန်းမာပါစေ.. ဟင်းချက်ပြီး ဘုရားတွေ ဖူးနိုင်ပါစေ :)

    ReplyDelete
  6. ဒီ ၁၀ သန်းကို သာ မိဘမဲ့ကလေးတွေ ပညာရေးအတွက်လှူလိုက်ရင် ကျောင်းကောင်းကောင်း ၁ဆောင်ရယ် ဆရာ၊ ဆရာမ တွေရဲ့ လခ ၅ နှစ်စာလောက်ရယ်၊ စာအုပ်စာတမ်းနဲ့ လက်တွေ့ အသုံးချ ပစ္စည်းတွေ ၅ နှစ်စာလောက်ရယ်၊ ကျောင်းသားတွေနေဖို့ ဘော်ဒါဆောင် အပြင် မနက်ည ထမင်းစရိတ် ၃၊ ၄ နှစ်စာဖိုးလောက် ရနိုင်သပ။ သြော်.. သူ့ဟာ သူမင်္ဂလာဆောင်တာကို ဘယ်နှယ့် မဆီမဆိုင် လျှောက်တွေးနေရပါလိမ့်။

    ReplyDelete
  7. ကိုယ့်အတွေးနဲ့ကို ကယ်စမ်တွေကာ :D

    ReplyDelete