Friday, September 16, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Like "Spinelli" on Facebook Get Free Coffee & 120 hrs Body Shop promo cupon


ကဲ... စင်ကာပူမှ ကော်ဖီကြိုက်သူများအတွက်  Spinelli ကော်ဖီရဲ့ Facebook Page ကို Like လုပ်လိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့စမတ်ဖုန်း သို့မဟုတ် Tablets ပေါ်က Facebook "Like" session ကို ပြလိုက်... အဲထဲမှာ သူတို့ Facebook Page ပါနေတာတွေ့ရင်.. လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ကော်ဖီတစ်ခွက် အလကားပေးမယ်တဲ့။

နေရာကတော့ အော်ချတ် ထိုင်းသံရုံး မျက်နှာချင်းဆိုင်က Forum The Shopping Mall မြေအောက် ပထမထပ်မှာပါ... သူ့ဘေးမှာ Hilton Hotel ရှိတယ်။

****************************************************************


ဒါကတော့ The Body Shop က ၃၅နှစ်ပြည့် အထိမ်းအမှတ်ဆင်နွှဲဖို့ နာရီ ၁၂၀အတွင်း လျှော့ဈေးပေးမယ့် အစီအစဉ်ပါ။ ကြိုက်တဲ့ The Body Shop တစ်ဆိုင်ဆိုင်ကို သွားပြီး အပေါ်က ကူပွန်ကို ဒေါင်းလုပ် လုပ်ယူပြီး ပရင့်ထုတ်လို့သော်လည်းကောင်း၊ ဖုန်းထဲမှာ ထည့်သိမ်းသွားလို့သော်လည်းကောင်း တစ်နည်းနည်းနဲ့  သယ်ယူ သွားပြလိုက်ပါ။  ၂၀ရာခိုင်နှုန်း လျှော့ဈေးနဲ့ လက်ဆောင်ပါ ရပါလိမ့်မယ်။

4 comments:

  1. သြော်.. မြင်သာမြင်ရ မကြင်ရဘ၀ပါလားနော်.... ခက်ပါဘိ။ "ဂလု" ကော်ဖီ အလကား သောက်ရမယ်ဆိုပြီး ဖတ်လိုက်ရလို့ မြိုချလိုက်တာ.... :)

    ReplyDelete
  2. ကို AH ဘယ်ကို ရောက်နေလို့တုန်း ... ဒီတခါ ကော်ဖီ သွားသောက်ကြမယ်လေ :P

    ReplyDelete
  3. ဟီး ဟီး ဒီနေ့ ညနေပိုင်း အားလို့ လျှောက်သွားနေတာ...... ခုမှ ပြန်ရောက်တယ်။ ပဒေသာကပွဲလိုလိုဟာကို သွားကြည့်နေတာ။ ရှောင်လင်ဘုန်းကြီးက ကြက်ဥလောက်ရှိတဲ့ သံလုံး ၂ လုံးကို မြိုသဗျ.. တစ်ကယ်.. တစ်ကယ်။ ဓာတ်ပုံ မရိုက်ရဘူးဆိုလို့ ဓာတ်ပုံတောင် မရိုက်ခဲ့ရိုက်ဘူး... စုံနေတာဘဲ ဘာတွေမှန်းကို မသိဘူး တစ်ရုတ်လိုက တစ်လုံးမှနားမလည်တို့ သူတို့ ကွိကျိကွကျပြောလိုက် လူတွေက လိုက်ရယ်လိုက်၊ ကျွန်တော်က ဘူ့မသိ ဘမသိ လိုက်ရယ်လိုက် ဟုတ်တော့ ဟုတ်နေတာဘဲ :P

    ReplyDelete
  4. သြော် ကောင်းပါတယ်ဗျာ အဲလို လျှောက်လည်တာ...

    ReplyDelete