Thursday, October 13, 2011

ဒါတွေကို သင်သိရဲ့လား - ၆

- လူတိုင်း သတိမထားမိတဲ့ အချက်တစ်ခုက နေဆိုတာလည်း ကြယ်တစ်လုံးပါပဲ

- အလင်းနှစ်ရဲ့ တစက္ကန့်ဟာ အကွာအဝေးမိုင်ပေါင်း ၁၈၆၂၈၂ ကို ကိုယ်စားပြုပါတယ်။ အလင်းနှစ် တစ်နှစ်လို့ ပြောရင်တော့ 5,878,625,373,183.608 miles (မိုင်ပေါင်း ၆ထရီလီယံခန့် ရှိပါတယ်)။ အာကာသမှာ ကြယ်တွေ၊ ဂြိုလ်တွေဟာ တစ်ခုနဲ့ တစ်ခု အလွန့် အလွန်ဝေးကွာတဲ့အတွက် အလင်းနှစ်နဲ့ တိုင်းတာပြီး ပြောကြပါတယ်။

- အာကာသထဲမှာ အသံကို ကြာနိုင်ဖို့ မရှိပါဘူး... အသံဟာ ကြားခံတုန်ခါမှု တစ်ခုခု ရှိမှ အသံ ခရီးသွားတာပါ။ အနည်းဆုံး ကမ္ဘာမြေမှာ အသံကို သယ်ဆောင်နိုင်တဲ့ 'လေ' ရှိပါတယ်။ တခြားသော ကြားခံအမြားအပြားလည်း ရှိပါတယ်..

- ဂျူပီတာဂြိုလ်ဟာ ကျန်တဲ့ နေစကြာဝဠာထဲက ဂြိုလ်ကြီး ၇လုံး ပေါင်းထက် ကြီးပါတယ်။

- ဗီးနပ်ဂြိုလ်ဟာ တခြားဂြိုလ်တွေနဲ့ မတူဘဲ နာရီလက်တံ အတိုင်း လည်နေပါတယ်... ကမ္ဘာအပါအ၀င် တခြားဂြိုလ်တွေက နာရီလက်တံ ပြောင်းပြန် လည်နေတာပါ။ ဒါကြောင့် ဗီးနပ်ဂြိုလ်မှာ နေဟာ ကမ္ဘာက အရပ်မျက်နှာနဲ့ ပြောရင် အနောက်က နေထွက်ပြီး အရှေ့က နေ၀င်ပါတယ်။

ဒါတွေကို သင်သိရဲ့လား -၅
ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

1 comment:

  1. နေဆိုတာ ကြယ်ဆိုတာတော့ သိပါရဲ့
    အလင်းနှစ်ရဲ့ တွက်ချက်ပုံကတော့ သင်္ချာတွက်တာ နည်းနည်းပျင်းတဲ့သူမို့ သိဘူး။
    အာကာသမှာ အသံကို မကြားနိုင်ဘူးဆိုတာလည်း သိပေမဲ့ မေ့နေတယ်။ Star War လို ဇာတ်ကားတွေကြည့်ပြီး ကြားရတယ်ဘဲ ထင်မိတာ
    ဂျူပီတာ ဒီလောက်ကြီးတာ ခုမှသိတယ်
    ဗီးနပ်စ်ဂြိုလ်အကြောင်းလည်း မှတ်သွားပြီ

    ReplyDelete