Tuesday, October 18, 2011

သူများအသိုက်ကို ခိုးတဲ့ အချောင်သမား ပင်ဂွင်းလေး

အောက်ကဗွီဒီယိုလေးမှာ ပင်ဂွင်းလေးတစ်ကောင်က တစ်ခြားပင်ဂွင်းလေးတစ်ကောင် အသိုက်ဆောက်ဖို့  ရှာထားတဲ့ကျာက်တုံးတွေကို အလစ်မှာ ၀င်နှိုက်ပြီး သူအသိုက်ထဲ ပြန်ထည့်ဆောက်နေတာပါ။ ရီလည်း ရီစရာ၊ ပြီးတော့ တိရိစ္ဆာန်တွေမှာလည်း ဒီလိုအချောင်သမား ရှိတာပဲလို့ သိလိုက်ရတယ်...

(Criminal Penguin via BBC One Channel)

ဒီဗွီဒီယိုကလစ်လေးကို Frozen Planet လို့ အမည်ပေးထားတဲ့ Documentary ရိုက်ကူးရေးအဖွဲ့က လေးလကြာ အန္တာတိကတိုက်၊ ရော့စ်ကျွန်းကလေးပေါ်မှာ ကိုလိုနီပင်ဂွင်းလေးတွေကို မှတ်တမ်းတင်ရင် တွေ့ရှိရိုက်ကူးခဲ့မိတာပါ။

အဖွဲ့ရဲ့ ဒါရိုက်တာ 'ဂျက်ဖ် ၀ဲလ်ဆင်' (Jeff Wilson) က 'သူတို့အဖွဲ့ဟာ တစ်ချို့ ပင်ဂွင်းတွေ ဒီလို အပြုအမူရှိတတ်မှန်း သိပေမယ့် ဒီလိုလုပ်နေတာကို ကြုံကြိုက်ပြီး ရိုက်ကူးမိဖို့ အင်မတန်မှ စိတ်ရှည်ရပြီး၊ ခက်ခဲတယ်လို့ ဒီ Documentary ကို ထုတ်လွှင့်မယ့် BBC Nature ကို ပြောပါတယ်... ပြီးတော့ ဒီပင်ဂွင်းလေးတွေဟာ အရပ် ၁ပေခွဲသာသာလောက်ပဲ ရှိလို့ ကင်မရာ အယူအဆချိန်ဖို့လည်း တော်တော်လေး ကြိုးစားခဲ့ရတယ်လို့' ဆိုပါတယ်။ နောက်ဆုံး စိတ်ရှည်ပြီး ကြိုးစားမှုက ရလဒ်က ဒီမြင်ကွင်းလေး မှတ်တမ်းတင်လိုက်နိုင်တာပဲ။ ဒီဖြစ်ရပ်ကို ရိုက်ကူးနိုင်ခဲ့တဲ့သူက အဖွဲ့ထဲက ကင်မရာဆရာ 'မတ်ခ် စမစ်' (Mark Smith) လို့ သိရပါတယ်။

ဒီပင်ဂွင်းလေးတွေဟာ သူတို့ ဥလေးတွေ နွေရာသီ ရေခဲတွေ အရည်ပျော်တဲ့အခါ ပျော်သွားတဲ့ ရေတွေနဲ့အတူ ပါမသွားဖို့ ကျောက်တုံးလေးတွေနဲ့ အသိုက်ဆောက်ပြီး ဥလေးတွေကို ကာကွယ်တတ်ကြပါတယ်။ အဲဒီကျောက်တုံးအသိုက်ကောင်းကောင်း ဆောက်နိုင်တဲ့ ပင်ဂွင်းလေး အထီးလေးတွေဟာ ပင်ဂွင်းအမတွေကို ပိုပြီး ဆွဲဆောင်နိုင်မှု ရှိတယ်လို့ သိရပါတယ်။

Ref:
http://www.bbc.co.uk/nature/15305502

5 comments:

  1. cute..they are intelligence ones. love it.

    ReplyDelete
  2. အီဖေကိုကြီးရဲ့ ကွန်မန့် ဘယ်ရောက်သွားသတုန်းဟင်... မထူးပါဘူး ထပ်ရေးလိုက်ဦးမယ်

    ha ha... so funny :P

    ReplyDelete
  3. အီဖေကို ချောတီးပါ... ဒီဇိုင်း အပြောင်းအလဲကြောင့် ပျောက်သွားတာ ဖြစ်မယ် :P

    ReplyDelete