Tuesday, November 1, 2011

ဂူးဂဲလ်(Google)မှာ အလုပ်ရဖို့ သိထားသင့်တဲ့ အချက်အလက်တွေ

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဂူးဂဲလ်(Google)မှာ အလုပ်လုပ်ဖို့ဆိုတာ လူတိုင်းမက်ချင်နေတဲ့ အိပ်မက် တစ်ခုပါ။ ကမ္ဘာပေါ်မှာ လစာအများဆုံးပေးတဲ့အထဲ ပါသလို လုပ်ငန်းခွင်မှာလည် ကိုယ့်အိမ်မှာလိုပဲ... ကလေးခေါ်ခွင့်၊ အိမ်မွေးတိရိစ္ဆာခေါ်ခွင့်နဲ့ အခမဲ့အစားအသောက် စတာတွေထားပေးပါတယ်။ အဲဒါအပြင် လုပ်ငန်းခွင် ပတ်ဝန်းကျင်ကိုလည်း အပန်းဖြေစရာများ၊ ဆော့စရာများ၊ ကျန်းမာရေး ထောက်ကူပြုပစ္စည်းတွေ၊ အားကစား ပစ္စည်းတွေကိုလည်း ထားရှိထားပေးပါတယ်။

ဒီလိုနေရာမျိုးမှာ လူတိုင်းလိုလိုက အလုပ်လုပ်ချင်တယ် ဆိုတဲ့အတိုင်း ဂူးဂဲဟာ တစ်နှစ်ကို အလုပ်လျှောက်လွှာပေါင်း တစ်သန်းခန့် လက်ခံရရှိပြီး အဲဒီအထဲကမှာ ၀.၀၁ မှ ၀.၀၄ ရာခိုင်နှုန်း သို့မဟုတ် ၄၀၀၀ နဲ့ ၆၀၀၀ ကြားကိုသာ ခေါ်ယူ ခန့်အပ်ပါတယ်တဲ့... ဂူးဂဲလ်မှာ အလုပ်ရဖို့ အိပ်မက် မက်မိရင် ၀.၀၄ရာခိုင်နှုန်းထဲမှာဖို့ ဆိုတာ အင်မတန်မှ တော်ပြီး ကံကောင်းတဲ့ သူတွေဖြစ်မှပါပဲ...

အိပ်မက် မက်မိပြီး ဆိုပါတော့ ၀.၀၄ရာခိုင်နှုန်းထဲ ပါဖို့အတွက် ဖြတ်သန်းရမယ့် တံတိုင်း အဆင့်ဆင့်ကို JobVine ဆိုတဲ့ အဖရိက က အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက "What does it take to get a job at Google" ဆိုပြီး အောက်ပါအတိုင်း အင်ဖိုဂရပ်ဖစ်(Infographic) လေးနဲ့ စိတ်ဝင်စားစရာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ တစ်ချို့ ဖြေရတဲ့ အင်တာဗျူး မေးခွန်းလေးတွေက ထူးခြားပါတယ်။ ဥပမာ ကားတစ်စီးထဲမှာ ဂေါက်သီး ဘယ်နှစ်လုံး ဆန့်လဲတဲ့..  ဘယ်လိုဖြေမလဲ စဉ်းစားကြပါဦး... ကဲ အိပ်မက် မမက်ဘူးဆိုလည်း ဗဟုသုတ အနေနဲ့ လေ့လာကြတာပေါ့...


What does it take to get a job at Google
Infographic by Jobvine Job Search

6 comments:

  1. ရှင်းရှင်းလင်းလင်းသွားကြည့်လိုက်တော့ လစာတွေပဲ မျက်လုံးထဲပေါ်လာတယ် ကိုမောင်သန့်ရေ... ဟီး ဟီး... သူတို့ Management က တော့ ပွင့်ပွင့်လင်းလင်းကြီးနော်.... မိုက်ရှ်တယ်။

    ReplyDelete
  2. google က ပေးတဲ့ လစာကတော့ ရှယ်မိုက်တယ်နော်.. အခွင့်အရေးကလည်း ကောင်း
    သို့သော်လည်း ကိုယ်တွေက ပညာအရည်အချင်းက ဒီလောက်မကောင်းတယ် ခပ်တယ်..
    ဟုတ်ပ ဂူဂဲလ်မှာ အလုပ်ရဖို့ဆိုတာ အိပ်မက်တစ်ခုပါဘဲ. အဲဒီအိပ်မက်က အလှမ်းဝေးနေတဲ့ အိပ်မက်...

    ReplyDelete
  3. မောင်သန့်ရေ အားကျစရာကောင်းပေမယ့် ကိုယ့်အရည်အချင်းက လက်လှမ်းမမီဘူးလေကွယ်း) ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုအားထိုင်၊ မချော၊ တီတင့် ကျနော်ကတော့ အိပ်မက်မက်တယ်ဗျ... ကျနော်မက်ထားတာ Google မှာ သွားပြီး သန့်ရှင်းရေးလုပ်မလို့... ဟားဟား

    ReplyDelete
  5. မောင်သန့် Google မှာသန့်ရှင်းရေမန်နေဂျာရာထူးရရင် Qt ကို အလုပ်လေးတခုလောက်ပေးပါနော် :)

    ReplyDelete
  6. အံမယ်.. မဆိုးဘူး သန့်ရှင်းရေးတောင် မန်နေဂျာတဲ့ မပူနဲ့ QT ကို မီးဖိုးချောင် သန့်ရှင်းရေးခန့်မယ်... :P

    ReplyDelete