Sunday, December 18, 2011

ဂူးဂဲလ်ကဖန်တီးတဲ့ နှစ်ထောင်ဆယ့်တစ်ကို နောက်ပြန်ကြည့်ခြင်းနှင့် ရင်ကိုထိတဲ့ အကြောင်းအရာတစ်ခု

ဂူးဂဲလ်က ဖန်တီးထားတဲ့ နှစ်ထောင့်ဆယ့်တစ်ကို နောက်ပြန်ကြည့်ခြင်း ဗီဒီယိုပါ။ နှစ်ထောင့်ဆယ့်တစ်မှာ ကမ္ဘာတစ်လွှား ဖြစ်ပျက်ခဲ့တဲ့ ထူးခြားအဖြစ်အပျက်များထက် လူတွေရဲ့ ရင်ကို လှုပ်ခတ်ခဲ့တဲ့ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယို မှတ်တမ်းလေးတစ်ခုလို့ မြင်ပါတယ်။




ဒီအထဲမှာ ကျွန်တော့် ရင်ကိုထိတဲ့ အပိုင်းလေး တစ်ခုပါပါတယ်။ အဲဒါကတော့

Dad, I'm a gay. Do you still love me? I still love you, son.

ဆိုတဲ့ စစ်သားလေးက ဖုန်းထဲကနေတဆင့် သူ့အဖေနဲ့ ပြောဆိုတဲ့ အပိုင်းလေးပါပဲ.

ဒီစစ်သားရဲ့ နာမည်က Randy Phillips ပါ။ ဂျာမနီမှာ အခြေစိုက်တဲ့ အမေရိကန် စစ်တပ်ထဲကပါ။
အမေရိကန်မှာ မိမိကိုယ်ကို Gay တွေလို့ ကြော်ငြာထားတဲ့လူကို စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်း သို့မဟုတ် စစ်တပ်ထဲရောက်နေပြီးသား Gay တွေကို မိမိကိုယ်ကို ဂေးတွေလို့ ထုတ်ဖော်ဝန်ခံခြင်း မပြုရခြင်းနှင့် ဂေးလို့ သံသယရှိတဲ့ စစ်သားကို စုံစမ်းစစ်ဆေးခြင်း၊ စော်ကားခြင်း မပြုရခြင်း ဆိုတဲ့ ဥပဒေရှိခဲ့ပါတယ်။ ဒါကို သူတို့က "Don't ask Don't tell" လို့ ခေါ်ကြပါတယ်။ ဒီဥပဒေကို ၁၉၉၃ သမ္မတ ဘီလ်ကလင်တန် လက်ထက်ကတည်းက ပြဌါန်းခဲ့ပြီး ဒီနှစ်ထဲမှာ သမ္မတအိုဘာမားက ဦးဆောင်ကာ စစ်တပ်ထဲရောက်နေပြီးသား ဂေးတွေကို မိမိကိုယ်ကို ထုတ်ဖော် ၀န်ခံလျှင်တောင် အပြစ်မဖြစ်စေဖို့ အဲဒီ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒီလိုပြန်လည် ပြင်ဆင်လိုက်တာကို အတည်ပြုတဲ့အချိန်ကနေ နာရီပိုင်း အကြာမှာပဲ ဒီစစ်သားလေးက သူ့အဖေဆီကို ဖုန်းဆက်ပြီး သူ့ကိုယ်သူ ဂေးပါလို့ ၀န်ခံကာ သူ့ကိုချစ်သေးလားလို့ မေးတာကို သူကိုယ်တိုင် မှတ်တမ်းတင် ဗွီဒီယိုရိုက်ကာ ယူကျူ(YouTube) ပေါ်တင်ခဲ့ပါတယ်။ တင်ပြီးပြီချင်း မကြာမှီမှာပဲ ဒီ Clip လေးကို ကြည့်ရှုသူ သန်းချီရှိသွားခဲ့ကာ လူများစွာ လူမှုကွန်ရက်ဆိုဒ်တွေကနေ ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒီနေရာမှာ ကျွန်တော်ရင်ထဲ ထိစေတာက တခြားလူနဲ့ မတူတဲ့ တခြားလူတွေကဲ့ရဲ့ နိုင်တဲ့အရာ သူ့မှာဖြစ်နေတာကို မိသားစုကသိရင် သူ့ကိုချစ်သေးရဲ့လားစိုးရိမ်နေတဲ့သားနဲ့ သားက ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဘယ်သူဘာပြောပြော ကိုယ့်သားကို ကိုယ်ချစ်နေဆဲဖြစ်တဲ့ အဖေအမေရဲ့ နွေးထွေးပြီး မေတ္တာလွှမ်းခြုံတဲ့ ပြီးတော့ လူသားတိုင်းရဲ့ အခွင့်အရေးကို လေစားတဲ့ စိတ်ဓါတ်လေးကို တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ ဒါဟာ တွေရခဲတဲ့ အရာတစ်ခု ဖြစ်တာကြောင့်ပါပဲ။ အနည်းဆုံး လူကဲ့ရဲ့ခံရမှာစိုးလို့ ဆိုတာတွေ ရှိကြတာများပါတယ်။

အောက်မှာ သူ့အဖေသူ့အမေနဲ့ ဖုန်းပြောတဲ့ အပြည့်အစုံကလစ်လေးကို ကြည့်ရှုနိုင်ပါတယ်။


လူသားတိုင်း လူသားတိုင်း ကိုယ့်ကိုယ်ပိုင် အခွင့်အရေးတွေ ထုတ်ဖော်နိုင်ကြပါစေ ထိုက်တန်တဲ့ မေတ္တာတွေ အပြည့်အ၀ရကြပါစေလို့ ဒီဗီဒီယိုလေးနဲ့ ပက်သက်ပြီး ရင်ထဲက ဖြစ်လာတဲ့ ဆုတောင်းလေးတစ်ခု ပြုလိုက်ရပါတယ် ခင်ဗျာ။

Source
http://www.youtube.com/watch?v=SAIEamakLoY
http://www.stripes.com/blogs/stripes-central/stripes-central-1.8040/dad-i-m-gay-do-you-still-love-me-1.155789
http://www.nytimes.com/2011/07/23/us/23military.html
http://en.wikipedia.org/wiki/Don%27t_ask,_don%27t_tell

9 comments:

  1. လူသားတိုင်း ကိုယ့်ကိုယ်ပိုင် အခွင့်အရေးတွေ ထုတ်ဖော်နိုင်ကြပါစေ
    ကဲ မောင်သန့်လည်း ကြောက်နဲ့တော့ ၀န်ခံလိုက်တော့ :P :D စတာအတည်ပဲ

    ReplyDelete
  2. တကယ်တန်းတော့ လူသားတိုင်း ကိုယ့်ဘဝအကြောင်းကံနဲ့ကိုယ်မို့
    အထင်သေးစရာ အထင်ကြီးစရာရယ်လို့ ဝေဖန်ပြစ်တင်ပိုင်းခြား မရပါဘူး။
    ဂိုဂယ်လ်ကဖန်တီးထားတဲ့ ၂၀၁၁ကတော့ မကြုံစဖူးအကြုံထူးတဲ့ အမှတ်ရစရာ
    သဲထိတ်ရင်ဖိုစရာတွေပါပဲနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အကိုမောင်သန့်ရေ
    ဖတ်သွားပါပြီဗျို့

    ReplyDelete
  4. ကိုအောင်(ပျူနိုင်ငံ)December 18, 2011 at 11:11 PM

    ထူးထူးဆန်းဆန်း မောင်သန့် ...း)

    ReplyDelete
  5. I am gay ဆိုရင်.. Almost Famous ရုပ်ရှင်ထဲက လေယာဉ်ပျက်ကျကာနီး အခန်းကို သတိရမိတယ်နော့။ အားလုံးက လေယာဉ်ပျက်ကျပြီး သေတော့မယ်မှတ်လို့.. ကိုယ့်လျှို့ဝှက်အကြောင်းတွေကို အသီးသီး ၀န်ခံကြတာလေ..။ အားလုံးလဲ ၀န်ခံပြီးရော..၊ နောက်တော့ လေယာဉ်က ပျက်မကျဘဲ ပြန်ကောင်းသွားတယ်..။ ကြည့်ပြီးသားလား မသိဘူး။

    http://www.youtube.com/watch?v=VKgS24IG3HY

    pN

    ReplyDelete
  6. @4:00 ~ @4:05
    http://www.youtube.com/watch?v=VKgS24IG3HY
    :)

    ReplyDelete
  7. တစ်ချို့ဝတ္ထုတွေမှာ ဖတ်ရဖူးတယ်
    ဂေးဆိုတာ အမှန်မပြောလို့ သော်လည်းကောင်း
    မိဘက သိသိကြီးနဲ့ သားဖြစ်သူကို အိမ်ထောင်ချပေးလိုက်လို့သော်လည်းကောင်း တစ်ဖက်က မိန်းခလေး အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲရတာ အဆင်မပြေဖြစ်ရတာတွေပေါ့။
    ခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တော့ အားလုံးအတွက် ကောင်းတာပေါ့လေ။ သူတို့လည်း ဂေးဘယ်ဖြစ်ချင်မလဲနော်.

    ReplyDelete
  8. @မဘေဘီ ကျွန်တော်က ၀န်ခံစရာရှိဝူး ဟီးဟီး
    @ဒေါ်လေး PN .. so so funny. Must keep until sure death :D

    အာလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ...

    ReplyDelete