Tuesday, January 31, 2012
ဥရောပရောက် ဗမာဆင်မလေး '၀င်းသီတာ' ရဲ့ ပထမဆုံး မျက်ကပ်မှန်
 '၀င်းသီတာ' ဟာ မြန်မာပြည်မှာ မွေးဖွားတဲ့ မြန်မာဆင်မလေးပါ။ အခု သူမအသက် ၄၅နှစ်တောင် ရှိပါပြီ။ ၁၉၈၉မှာ နယ်သာလန်ကို ရောက်လာပြီး ၂၀၀၄ခုနှစ်မှာ အခု သူမနေထိုင်တဲ့ အာတစ်စ်(Artis) တိရိစ္ဆာန်ရုံကို ရွှေ့ခဲ့ကာ အခုတော့ သူမဟာ အဲဒီမှာ ဆင်အားလုံးရဲ့ အကြီးအကဲ ဖြစ်နေပါတယ်။
'၀င်းသီတာ' မျက်ကပ်မှန် တပ်ရခြင်း အကြောင်းအရင်းက မကြာသေးမှီအချိန်က သူမဟာ တခြားဆင်တစ်ကောင်နဲ့ တွန်းထိုးကြမှု ဖြစ်ရင်း သူမမျက်ကြည်လွှာမှာ ခြစ်ရာရသွားပါတယ်။ အဲဒီကတည်းက မျက်လုံးကို ကောင်းကောင်းဖွင့်လို့မရဘဲ မျက်လုံးကနေ အရည်တွေအများကြီး ထွက်နေတတ်ပါတယ်။
အဲဒါနဲ့ တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဒီလိုကိစ္စမှာ ကျွမ်းကျင်တဲ့ ဆရာမ 'ဗာဘရပ်ဂျန်'(Verbruggen) ကို ဆင့်ခေါ်လိုက်ပြီး ကုသစေပါတယ်။ 'ဗာဘရပ်ဂျန်' သူမအရင်တုန်းက မြင်းတွေမှာ လုပ်ပေးနေကျ မျက်ကပ်မှန် တပ်ပေးဖို့ ပြင်ဆင်ပါတယ်။ ဒါပေမယ့် ဆင်ကို မျက်ကပ်မှန်တပ်တာဟာ သူမရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပြီး '၀င်းသီတာ' ဟာလည်း ဥရောပမှာ ပထမဆုံး မျက်ကပ်မှန် တပ်မယ့်ဆင် ဖြစ်လာပါတယ်။
ဒီလိုလုပ်မယ့် အစီအစဉ်မှာ အခက်အခဲဆုံးက '၀င်းသီတာ' ရဲ့ ရှည်လျားလှတဲ့ အရပ်ပါ။ ဆင်တွေက ကြာကြာလှဲလျက်မနေနိုင်ဘူး သူတို့ရဲ့ ကြီးမားလှတဲ့ ၀ိတ်ကြောင့် သူတို့ အသက်ရှုတာကို အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် မျက်ကပ်မှန်ကို လှေကားထောင်ပြီး တပ်ဖို့ ရက်သတ္တပတ်များစွာ လေ့ကျင့်မှုပြီးလုပ်ခဲ့ပြီး တကယ်တပ်တဲ့အချိန်မှာ နာရီဝက်ခန့်တာ အချိန်ယူခဲ့ရပါတယ်။ သူမကို မတ်ရပ်စေပြီး အခုလိုတပ်ပေးတာ ပိုပြီးကြည်နှုးနေတဲ့ပုံပါပဲလို့ 'ဗာဘရပ်ဂျန်' ပြောပါတယ်။ မျက်ကပ်မှန် တပ်ပြီးနောက်ပိုင်း သူမမျက်ကြည်လွှာဟာ ပြန်ပြီးတဖန် ကောင်းမွန်လာတော့မှာပါ။
ဝင်းသီတာကို မျက်ကပ်မှန် တပ်ပေးနေစဉ်
(Photo via spiegel.de)
အခုတော့ '၀င်းသီတာ' ဟာ သူမတို့ ဆင်မျိုးတွေကြားမှာ ပထမဆုံး မျက်ကပ်မှန်တပ်တဲ့ ဆင်မလေးဖြစ်သွားတဲ့အပြင် မျက်ဝန်းလဲ့လဲ့နဲ့ စတိုင်ပိုရှိသွားကာ စတားပိုဖြစ်သွားပြီ ထင်ပါတယ်။
ဘလော့မရေးဖြစ်တာ ကြာနေပြီဖြစ်တဲ့ မောင်သန့်တစ်ယောက် ဒီကနေ့ ဘလော့ ပြန်လည် စတင်ရေးတော့မယ်လို့ ကြံပြီး ကုန်ကြမ်းများကို ဂျောင်ဂျိုဂျောင်ကြား ရှာရာမှာ ထူးထူးခြားခြား ဥရောပရောက် '၀င်းသီတာ' လို့ခေါ်တဲ့ ဗမာ ဆင်မလေးအကြောင်း ဖတ်လိုက်ရတော့ ပျော်သွားပါတယ်။ အဲဒါနဲ့ ထုံးစံအတိုင်း စာဖတ်ပရိသတ်ကြီး မျှဝေလိုက်ရပါတယ် ခင်ဗျာ။
News Source
http://www.spiegel.de/international/europe/0,1518,811536,00.html
10 comments:
  1. ဆင်မလေးဆိုလို့ စိတ်ဝင်စားတယ်
    ဥရောပကို ဘယ်လိုရောက်သွားလဲမသိဘူးနော်
    ဗီဇာတွေဘာတွေ လွယ်သလားပေါ့လေ :P
    တိုင်းပြည်မှာ မိုးသောက်ပြီဆိုတော့
    သူ့ကို မေးပေးပါအုံး ဘယ်တော့ပြန်လာမှာလဲလို့ နော် :)
    ReplyDelete
  2. အောင်မယ်
    ဆင်တောင်မှ မျက်ကပ်တွေဘာတွေနဲ့တဲ့
    ReplyDelete
  3. ဒီဆင်ဥရောပကို ဘယ်လိုရောက်သွားလဲမသိဘူးနော်
    ReplyDelete
  4. ကြည့်ရတာ နိုင်ငံရေးခိုလှုံခွင့် ယူသွားပုံရတယ်...၊၈၉မှာ
    ရောက်တယ်ဆိုတော့လေ......:D
    ReplyDelete
  5. မခရစ်စတယ်... ဆင်မလေးက အသက်ကြီးပြီဆိုတော့ ပြန်နိုင်ဦးမလား မသိဘူး... :P
    ဂျပ်စ်... အားကျတယ်နော် :D
    ကိုဘိုဖြူ... ဂူးဂဲလ်လိုက်လေ... :P
    ကိုညိမ်းနိုင်... တွေးတတ်ပါ့ဗျာ... :D
    ReplyDelete
  6. ကိုညိမ်းနိုင်ကတော့ တွေးတတ်ပါ့..နိုင်ငံခြားရောက်တာ တို့ တွေထက်တောင် စီနီယာကျနေသေးတယ်..
    ReplyDelete
  7. ကြံကြံဖန်ဖန်နော်..း).. ဆင်တွေတောင် မျက်ကပ်မှန်တပ်ကုန်ပြီ.. ကိုညိမ်းနိုင်ကတော့ ပေါက်ကရရေးပြီ... :P
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  8. တိရိစ္ဆာန်ဆိုပြီးအထင်သေးလို့မရဘူးနော်။'ဝင်းသီတာ'
    မျက်ကပ်မှန်တပ်နိုင်တယ်။ ဥရောပမှာနေနိုင်တယ်။
    အရာရာမှာယှဉ်လို့ရမယ် ကံမှာယှဉ်လို့မရဘူးး)
    ဗဟုသုတလေးအတွက်ကျေးဇူးပါ မောင်သန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  9. ကိုမောင်သန့်၊ မလာတာကြာလို့ လာလည်သွားပါသည်။ ကြာကြာလှဲဖို့ အဆင်မပြေတဲ့ ဝင်းသီတာလေးကို လှေကားနဲ့ မျက်ကပ်မှန်တပ်ပေးတဲ့ အကြောင်းပါ ဖတ်သွားသည်။
    ReplyDelete
  10. @ကို အဲလေ မစန်းထွန်း စီနီယာကတော့ တော်တော့်ကိုကျတယ် ပြောရမယ်
    @နေ၀သန်
    ခေတ်မှီတယ် ပြောရမလားပဲ
    @တီတင့်
    ဟုတ်တယ် တီတင့် အချို့တိရိစ္ဆာန် ကုသိုလ်ကံက ကောင်းကြတယ် တိရိစ္ဆာန် ဖြစ်နေတာလေး တစ်ခုပဲ
    @မြတ်ကြည်
    ReplyDelete