Friday, February 3, 2012

The Lady ရယ် J.Edgar ရယ် စင်ကာပူပရိုမိုးရှင်းရယ် - Court Megatex Expo Sales (IT & Electronics Ware House Sale)

The Lady ကို ဒီတပတ်ရုံတင်မယ်လို့ အရင်က ကြော်ငြာထားရာကနေ မတ်လ ၁ရက်နေ့ကို ရွေ့သွားပြန်ပြီး... ထိုင်းမှာကြည့်လို့ရနေပြီ ဖြစ်လို့ ကြည့်ထားတဲ့ လူတွေက YPI ရဲ့ ဖေ့ဘွတ်(Facebook) စာမျက်နှာမှတဆင့် ရီဗြူး(Review) ရေးထားတာမှာ 'ရုပ်ရှင်ထဲမှာ အချက်အလက်အမှားတွေ အများကြီးပါတယ်... အဲထဲမှာ ပါဝင်ရိုက်ကူးတဲ့ မြန်မာတွေက ထောက်ပြတာတောင် ဒါရိုက်တာက မပြင်ဘူးတဲ့... စိတ်ပျက်ချင်လာပြီ မတ်လ ၁ရက်နေ့တင်လဲ ခါတိုင်းလို တင်တင်ချင်း ကြည့်ဖြစ်မှာ မဟုတ်တော့ မကြည့်ဖြစ်ဖို့ များနေပြီး...

နောက် ကြည့်မယ်မှန်းထားတဲ့ ကြည့်ကို ကြည့်မယ်လို့ ဆုံးဖြတ်ထားတဲ့ လီယိုနာဒို အက်ဘီအိုင် မှုးကြီးအဖြစ် သရုပ်ဆောင်တဲ့ J.Edgar ကိုကြည့်ဖို့ကလည်း နောက်အပတ်မှတဲ့...

အဲဒီတော့ ထုံးစံအတိုင်း ယားလို့ ရှာကုတ်လိုက်တာမှာ အိတ်စ်ပိုတွင် ကော့ဒ်(Court)မှ အိုင်တီနဲ့ လျှပ်စစ်ပစ္စည်း ဈေးရောင်းပွဲ ရှိကြောင်း တွေ့ရှိရလို့ သွားချောင်းမလား ဆိုတာတော့... မသေချာပေမယ့် ပရိတ်သတ်ကြီးကို ထုံးစံအတိုင်း လက်တော့တို့လိုက်ပါတယ်...မနေ့ကတည်းက စနေတာပါ။

အသေးစိတ်ကို အောက်ကပုံတွင် ကြည့်နိုင်ပါသည်။ အားလုံး ၀ိကမ်း(Weekend)မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းထားသမျှ ပျော်ရွှင်စွာ အပန်းဖြေနိုင်ကြပါစေ...


Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own any of them.

2 comments:

  1. ၀ုတ်ကဲ့ ၀ုတ်ကဲ့ :P

    ReplyDelete
  2. ၀ိးကမ်းမှာ သူများအိမ်သွားလည်ပြီး လျှောက်စားနေတာ၊ ညနေမှ ပြန်ရောက်တယ်.... ဟီး ဟီး ဟီး

    ReplyDelete