Friday, April 6, 2012

ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]

အခု မြန်မာပြည်က ပြန်ရောက်တာမှာ တစ်လတောင် ရှိသွားပါပြီ... အခုမှ မြန်မာပြည်က အကြောင်းတွေ ပုံတွေတင်ဖို့ ဆိုတာတော့ စောတယ် ပြောရမလား နောက်ကျနေပြီ ပြောရမလားပဲ... ဘာပဲဖြစ်ဖြစ် Late is better than never ဆိုသလို... တတ်နိုင်သမျှ ဖြေးဖြေးချင်း တင်သွားပါမယ်... အလုပ်ကတော့ အရင်လို ပြန်အားဖို့တော့ မရှိသလောက်ပါပဲ... အခုတောင် မနက်ဖြန် စနေနေ့မှာ အလုပ်သွားရပါဦးမယ်...

မဂ်လာဆောင်ပြီး နောက်တရက်ကျတော့ ကျနော်တို့ မန္တလေးနဲ့ အလွန်နီးတဲ့ စစ်ကိုင်းကို သွားဖြစ်ပါတယ်... စစ်ကိုင်းမှာ ဘုန်းကြီး ၀တ်နေတာ နှစ် ၂၀လောက် ရှိပြီဖြစ်တဲ့ သူမတို့ အဖိုးဘုန်းကြီးကို သွားကန်တော့တာပါ... အဖွားလည်း အတူပါ ပါတယ်... အဖိုးဘုန်ကြီးက သက်တော် ၈၀ရှိနေပါပြီ... အဖိုးရော အဘွားရော သန်သန်မာမာပါပဲ... လေးလဲ လေးစားစရာပါ... ကိုယ်တွေတောင် သူတို့အသက်အရွယ် ရောက်တဲ့အထိ အသက်ရှင်နေရင်တောင် ဒီလို လုပ်နိုင်ပါ့မလားဆိုတာ တွေးမိပါတယ်...

အရင်ဆုံး ခရီးမသွားခင် ဓါတ်ဆီ အရင်ဖြည့် အဲလေ ဗိုက်အရင် ဖြည့်ရမယ်လေဆိုတော့ အတူပါလာတဲ့ အဒေါ်က အားလုံး လူ ၁၀ယောက်ကျော်ကို သူကျွေးပါမယ်တဲ့ အဲဒါနဲ့ပဲ အောက်က ဆိုင်မှာ ပေါ့ပေါ့ ပါးပါးလေးပဲ စားလိုက်ကြတယ် :D





စစ်ကိုင်းကို စသွားတာနဲ့ အခုလို ဖုန်ပေါတဲ့ အညာမြေရဲ့ အစကို တွေ့ရပါမယ်...




 ဧရာဝတီမြစ်ရဲ့ သောင်တွေပေါ်မှာ ဖြစ်ထွန်းတဲ့ ဖရဲသီးတွေပါ... ကားကြီး ကားငယ်တွေနဲ့ အနယ်နယ် အရပ်ရပ်နဲ့ နိုင်ငံခြားကို သယ်ကြ ဖြန့်ကြသလို အနီးအနား ရွာတွေကို ဖြန့်ဖို့လည်း လှည်းတွေနဲ့ သယ်ကြပါတယ်။ အထက် မြန်မာပြည်ကို တောင်ကြီး၊ အင်းလေး၊ ပုဂံက လွဲရင် အညာမြေစစ်စစ်တွေဘက်ကို မရောက်ဖူးသေးတဲ့ ကျနော့်အတွက်တော့ အသစ်အဆန်း မြင်ကွင်းတွေပါပဲ...



လမ်းတလျှောက်မှာ လက်ပံပင်တွေ အများကြီး တွေ့ရပါတယ်၊ ဦးလေးတစ်ယောက်ကတော့ လက်ပံပင်တွေမှာ လက်ပံပွင့်တွေကြွေနေတာကို မြင်တိုင်း ရင်ကိုလှုပ်ခတ်ကာ အလွမ်းတွေကို အဟောင်းကနေ အသစ်ဖြစ်စေတယ်တဲ့။ ကျနော်ကတော့ အညာမြေရဲ့ ဒီလို ထူးခြားတဲ့ လက္ခဏာ တွေကို ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေထဲကနေ ရင်းနှီးနေပြီးသားပေမယ့် အခုမှ မျက်မြင်ကိုယ်တွေ့ တွေ့ရခြင်း ပါပဲ...






ဘယ်နေရာမှာမဆို အခုလို ကြည်ညိုဖွယ်ရာ စေတီလေးတွေ ရှိနေတာ ကမ္ဘာပေါ်မှာ မြန်မာ တစ်နိုင်ငံတည်းသာဆိုတာ ဂုဏ်ယူစရာ ပြောချင်ပါတယ်


စစ်ကိုင်း တံတား အသစ်


နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်တဲ့ စစ်ကိုင်းတံတား အဟောင်း


ဇေယျာရွှေမြေမှ နှုတ်ခွန်းဆက်သ ပါတယ်


ဆက်ပါဦးမည်...

8 comments:

  1. မင်္ဂလာဆောင်ပြီးထဲက ပျောက်သွားတာ ခုမှ ပြန်ပေါ်လာတော့တယ် ကိုမောင်သန့် တစ်ယောက်... :)

    ReplyDelete
  2. ဟင်
    ပုံတွေကြည့်ပြီး
    လွမ်းနေတဲ့ အလွမ်းလေးတောင် မဆုံးသေးဖူး
    ပို့စ်က ပြီးသွားပြီ
    လုပ်ပီ
    ဦးမောင်သန့်တို့ကတော့
    ...အနော်က အညာသူမဆိုတော့ ပုံလေးတွေကြည့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  3. မင်္ဂလာဆောင်ပြီး ပုံတွေမတင်ဘူးလား
    စုံတွဲလေးကြည့်ချင်လို့ပါ
    ခုပုံတွေက ရှယ်ပဲနောက်ကျန်တာတွေမြန်မြန်လေးနော်

    ReplyDelete
  4. ဟုတ်ပါတယ် မင်္ဂါဆောင်တွေလည်း တင်ပါဗျို့..
    အဲဒါတော့ ချန်ထားလို့ ဘယ်ရမလဲနော်
    သတို့သမီးချောချောလေးကို ဖွက်ထားချင်တယ်ထင်တယ်။း)
    ပိတ်သတ်ကြီးက တောင်းဆိုနေပါတယ် အမြန်တင်ပါ :P

    ReplyDelete
  5. ဆရာအားထိုင်ရေ
    မပျောက်ပါဘူး ဖတ်ပဲဖတ်ပြီး သိပ်မရေးဖြစ်လို့... အလုပ်ကလည်း ရှုပ်နဲ့ပါဗျာ.. ဆရာနဲ့ စကားပြောချင်နေတာ အားကို မအားဘူး...

    ကျူးတီရေ
    မတွေ့တောင် အတော်ကြာပြီး... နေကောင်းပါစ... ဆက်တင်မယ်နော်.. မကြာစေရဘူး... :P

    မစံပယ်ချို
    တင်ပါ့မယ် တကယ့်ရိုက်ထားတဲ့ ပုံတွေက မစုံသေးဘူး စုံအောင် စောင့်နေတာ.. စိတ်ချ ပြီးရင် အသားကုန်ကြွားမှာ ဟားဟား

    မချော
    မဖွက်ပါဘူး လာပါ့မယ်... အပီအပြင်ကို ကြွားဦးမှာ ဟားဟား...

    အားလုံးကို ကျေးဇူးပါ

    ReplyDelete
  6. အညာမြေကို လာလည်သွားတယ်ဗျို့ .အပေါ်ကလူတွေ ပြောတာ ထောက်ခံပါတယ်..မင်္ဂလာဆောင်ဓာတ်ပုံတွေ တင်ပါဗျို့ 

    ReplyDelete
  7. I plan to visit Burma... Where are exactly those places on your photos in this posting?

    ReplyDelete
  8. Hi,

    It is called "Sagaing" near Mandalay City which is second largest city in Myanmar.

    Thanks you.

    ReplyDelete