Tuesday, August 21, 2012

ကမ္ဗည်းတင်ခံရတဲ့ 'အိုဘာမား' တို့ စုံတွဲ ပထမဆုံး အနမ်းချွေတဲ့ နေရာ

အမေရိကန်တို့ရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန် လူမည်း သမ္မတ 'ဘာရက် အိုဘာမား' ရဲ့ ယခု ဇနီးသည် 'The First Lady' ဖြစ်လာမယ့် 'မစ်ချယ် အိုဘားမား' ကို ရည်စားဘ၀ ပထမဆုံး အနမ်းချွေခဲ့တဲ့ နေရာက ချီကာဂိုက ရေခဲမုန့်ဆိုင်တစ်ဆိုင်ရဲ့ ဘေးမှာပါတဲ့....

အခုတော့ ချီကာဂိုက လူတွေ ဂုဏ်ယူစရာ အထိမ်းအမှတ် တစ်ခုအနေနဲ့ အဲဒီနေရာမှာ ကမ္ဗည်းမှတ်ကျောက် တစ်ခု ထိုးထားကြပါတယ်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့သူကတော့ Hyde Park shopping center ရဲ့ ပိုင်ရှင်ပါ။ ပေါင် ၃၀၀၀ခန့်လေးတဲ့ ဂရင်းနိုက် ကျောက်ပေါ်မှာ 'အိုဘာမား' တို့ စုံတွဲ ပုံတစ်ပုံနဲ့ ဒီနေရာ သမ္မတ အိုဘာမားတို့ စုံတွဲ ပထမဆုံး နမ်းခဲ့ပါတယ် ဆိုတဲ့ စာသားလေး ထွင်းထားပါတယ်။ ဓါတ်ပုံမှာတော့ အိုဘာမားက မစ်ချယ်ကို ရေခဲမုန့် ၀ယ်ကျွေးပြီး ဘယ်လို အနမ်းချွေခဲ့တယ် ဆိုတာကို အောပရာ မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းမှာ သမ္မတ 'အိုဘားမား' က ပြန်ပြောင်း ပြောပြထားတဲ့ စာသားကို ထည့်သွင်း ထားပါတယ်။

(Credit - Getty Image via)

ဒီချစ်စရာ အဖြစ်အပျက်လေးက ၁၉၈၉မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး၊ အခုလာမယ့် အောက်တိုဘာလ ဆိုရင် အိုဘားမား တို့ ဇနီးမောင်နှံ မဂ်လာနှစ်ပတ်လည် အနှစ် ၂၀ ပြည့်မြောက်တော့မှာပါ။ သမ္မတ 'အိုဘာမား' ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ  ၄ ရက်နေ့ကတင် အသက် ၅၁နှစ် ပြည့်ခဲ့ပါတယ်။

(Credit - Getty Image via)

အခု ကမ္ဗည်းထိုးထားတဲ့ နေရာနဲ့ မနီးမဝေးမှာ 'အိုဘားမား' တို့ မိသားစု ပိုင်တဲ့ အိမ်တစ်လုံးလည်း ရှိပါတယ်။ ဒီကမ္ဗည်းကို ထိုးတဲ့ ဈေးဝယ်စင်တာ ပိုင်ရှင်ကတော့ ဒီကမ္ဗည်းကို ထိုးရတဲ့ အဓိက အကြောင်းအရင်းက ဂုဏ်ယူစရာ အမှတ်တရ အဖြစ်နဲ့ရော ခရီးသွားတွေကို ဆွဲဆောင်ဖို့ အတွက်ရော ရည်ရွယ်တယ်လို့ ဆိုပါတယ်... ခင်ဗျာ...

ကိုးကား (Ref)
http://thegrio.com/2012/08/16/plaque-marks-chicago-site-of-obamas-1st-kiss/#s:on-august-16-2012-in-chicago-illinois-4

1 comment: