Sunday, September 9, 2012

ဒီမိုကရက် က ရီပါတ်ပလစ်ကန် ကို တွစ်တာမှာ နိုင်

မကြာခင်လေးကတင် အသီးသီး ကျင်းပ ပြီးစီးသွားတဲ့ အမေရိကန်က နိုင်ငံရေး ပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် (Democratic) နဲ့ ရီပါတ်ပလစ်ကန် (Republican) တို့ရဲ့ DNC 2012 (Democratic National Convention 2012) and RNC 2012 (Republican National Convention 2012) လို့ခေါ်တဲ့ ပါတီ ညီလာခံတွေမှာ လာမယ့် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေနဲ့ ဒုတိယ သမ္မတလောင်းတွေကို အတည်ပြု အဆိုတင်သွင်းခဲ့ကြ၊ ပြီးတော့ သမ္မတလောင်းတွေ၊ သမ္မတလောင်းတွေရဲ့ ဇနီးတွေ အပြင် သူတို့ကို ထောက်ခံသူ နာမည်ကျော်တွေက အပြိုင်အဆိုင် မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။

တကယ်တမ်း ဒီညီလာခံကြီးနှစ်ခု ကျင်းပတာကို အမေရိကန်တွင်မက အမေရိကန်ပြင်ပက ကမ္ဘာ့နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေပါ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြတာပါ။ ပြီးတော့ ဒီညီလာခံမှာ ပရိသတ်တွေရဲ့ အားပေးမှုနှုန်း ထောက်ခံမှုနှုန်းတွေကို ကြည့်ပြီးလည်း လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရနိုင်မလဲဆိုတာလည်း ခန့်မှန်းတတ်ကြပါတယ်။

လောလောဆယ်ကတော့ အဲလို ခန့်မှန်းဖို့ကို အထောက်အကူပြုတဲ့ အချက်အလက်အများကြီးထဲက နည်းပညာ ဆက်သွယ်ရေးခေတ်မှာ အရေးပါဆုံး လူမှုဆက်သွယ်ရေး (Social Network) တစ်ခုဖြစ်တဲ့  တွစ်တာ (Twitter) မှာ ဒီညီလာခံကြီး နှစ်ခုအကြောင်းကို လူတွေ ဘယ်လောက် ပြောဆိုနေကြလဲ ဆိုတဲ့ အချက်အလက်ပေါ်မှာ မူတည်ပြီး ခန့်မှန်းနိုင်ပါပြီ။

ကဲ တွစ်တာက ပေးတဲ့ အချက်အလက်တွေ အရ ဘယ်ပါတီက အနိုင်ရသွားလဲဆိုတာ ဆက်လက် ကြည့်ရှုပါဦး။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း (လက်ရှိ သမ္မတလည်း ဖြစ်တဲ့) 'ဘားရက် အိုဘာမား' (Barack Obama) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၅၂၇၅၇ တွစ် ကြတယ် (52,757 Tweets Per Minute)

ရီပါတ်ပလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း 'မစ်ရွန်နေ' (Mitt Romney) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၁၄၂၈၉  တွစ် ကြတယ် (14,289 Tweets Per Minute)

သမ္မတ အိုဘာမားကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ ဒီမိုကရက်တစ်ပါတီဝင် သမ္မတဟောင်း 'ဘီ ကလင်တန်' (Bill Clinton) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၂၂၀၈၇  တွစ် ကြတယ် (22,087 Tweets Per Minute) 


ရီပါတ်ပလစ်ကန်ပါတီ ကိုယ်စားပြု ဒု-သမ္မတလောင်း 'ပေါလ် ရွိင်ရယ်' (Paul Ryan) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၆၆၆၉ တွစ် ကြတယ် (6,669 Tweets Per Minute)

သမ္မတ အိုဘာမားကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ သူ့ရဲ့ ချစ်ဇနီး 'မစ်ချယ် အိုဘာမား' (Michelle Obama) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၂၈၀၀၀  တွစ် ကြတယ် (28,000 Tweets Per Minute)

ရီပါတ်ပလစ်ကန် သမ္မတလောင်း 'မစ် ရွန်နီ' ကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ သူရဲ့ ချစ်ဇနီး 'အန် ရွန်နီ' (Ann Romney) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၆၁၉၅  တွစ် ကြတယ် (6195 Tweets Per Minute) 

RNC 2012 (Republication National Convention 2012) ရီပါတ်ပလစ်ကန်ပါတီ ညီလာခံကြီး အကြောင်းကိုတော့ တွစ်တာမှာ တစ်မိနစ်ကို ၃သန်း တွစ်ကြတယ် (9 Millions Tweets Per Minute)

And The Winner is DNC 2012 (Republication National Convention 2012) 
ဒီမိုကရက်တစ်ပါတီ ညီလာခံကြီး အကြောင်းကိုတော့ တွစ်တာမှာ တစ်မိနစ်ကို ၉သန်းခွဲ တွစ်ကြပြီး ဒီမိုကရက်တစ်က တွစ်တာမှာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်ခင်ဗျာ (9.5 Millions Tweets Per Minute)

ကဲ ကျနော်တို့ဆီမှာရော ၂၀၁၅ရောက်ရင် အဲလိုတွစ်နိုင်ကြမလား ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ အဲလေ လိမ်ဖယ် လိမ်ဖယ်နဲ့ စောင့်မျှော်ကြည့်ရှု ကြစို့လား....

All Photos Credit to CBS News, AP, Reuter

ကိုးကား (Ref)
http://www.buzzfeed.com/h2/pulse/andrewkaczynski/the-democratic-and-republican-conventions-by-the-t

1 comment:

  1. ကျွန်တော်တို့က လက်ဘက်ရည်ဆိုင်မှာတွတ်ကြမယ်
    လေ.....ဆြာသန့်......:)))

    ReplyDelete