Tuesday, January 8, 2013

တခြား ဂြိုလ်ပေါ်မှာ သင့်အသက် ဘယ်လောက် ရှိမလဲ

ကျနော်တို့ နေ့ရက်တွေ တွက်ကြတဲ့အခါမှာ ကမ္ဘာက သူ့ဝင်ရိုး အပေါ်မှာ တစ်ပတ်ပြည့်အောင် လည်တာကို တစ်နေ့ (တစ်ရက်)၊ ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် ပတ်တာကို တစ်နှစ်လို့ သတ်မှတ်ပါတယ်။ ကျနော်တို့ နေစကြ၀ဠာမှာ ဂြိုလ်ကြီး ၉လုံးက (အခုတော့ ၈လုံး ပေါ့လေ) သူတို့ ၀င်ရိုးပေါ်မှာ တပတ်ပြည့်အောင် လည်ကြတဲ့အချိန်နဲ့ ကျနော်တော့ ကမ္ဘာကြီး တပတ်ပြည့်အောင် လည်တဲ့အချိန်က မတူဘူး။ တစ်ချို့လည်တာ မြန်သလို တစ်ချို့ကလည်း နှေးတယ်။ အဲလိုပဲ နေကို တစ်ပတ်ပြည့်အောင် ပတ်တာလဲ မတူဘူး။ နေနဲ့ ပိုနီးတဲ့ ဂြိုလ်တွေက တစ်ပတ် ပြည့်အောင် ပတ်နိုင်တဲ့ အချိန်က တိုပြီးတော့ ဝေးတဲ့ ဂြိုလ်တွေက ပတ်နိုင်တဲ့အချိန်က ပိုရှည်တယ်။

အဲဒီတော့ ကျနော်တို့ ကမ္ဘာဂြိုလ်မှာ ကျနော်တို့ ရှိတဲ့ အသက်နဲ့ တခြားဂြိုလ်မှာ ရှိမယ့် အသက်က မတူဘူး။ အဲဒါ တခြားဂြိုလ်မှာ ကိုယ်အသက် ဘယ်လောက် ရှိနေလဲ ဆိုတာ သိရအောင် ကိုယ်မွေးတဲ့ မွေးနေ့ကို ထည့်ပြီး တွက်ပေးတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုတွေ့လို့ အပျော်သဘော မျှဝေပေးလိုက်တယ်။ ကမ္ဘာမှာ အသက် ၁၀၀လောက် ရှိနိုင်တဲ့ မွေးခုနှစ်ကို ထည့်ပြီ တွက်လိုက်တာ အောက်ကအတိုင်း ထွက်လာတယ်။ ၀ါသနာပါရင် ဒီဆိုဒ်မှာ စမ်းကြည့်ကြရအောင်...

အသက် အငယ်ဆုံး ဖြစ်ချင်ရင်တော့ နေနဲ့ အဝေးဆုံး ဖြစ်တဲ့ ပလူတို ဂြိုလ်မှာသာ ပြောင်းနေလိုက်တော့။


1 comment:

  1. MARS လောက်မှာ နေလို့ရရင်တော်ပါဘီ...

    ReplyDelete