Friday, September 2, 2011

Andriod OS သုံးထားတဲ့ ဆိုနီ Tablets တွေလာပြီ


SONY Table S & Tablet P


၂၀၁၁မှာ ပေါ်ပြူလာ အဖြစ်ဆုံး Gadgets ကတော့ စားပွဲတင်ကွန်ပြူတာလို့ ခေါ်ရမလားမသိတဲ့ Tablet Computer တွေပါပဲ... Apple ရဲ့ iPad 2, Samsung ရဲ့ Galaxy Tab 10.1 … ခု ဆက်မထုတ်တော့ဘူး ပြောကာမှ နာမည်ကြီးသွားတဲ့ HP ရဲ့ TouchPad တို့ဟာ ဒီနှစ်ထဲမှာ ပေါ်ပြူလာဖြစ်ကြတဲ့ Tablet တွေပါ။

သူတို့တွေ အားလုံးဟာ မတူညီတဲ့ OS တွေဖြစ်တဲ့ iPad2 က iOS 4, Galaxy Tab 10.1 က Google ရဲ့ Andriod 3.0 Honeycomb, TouchPad က WebOS 3.0 စတာတွေ သုံးထားကြပါတယ်။
HP TouchPad ကတော့ သူ့ကိုယ်သူ တခြား Tablet တွေကြားမှာ ရောင်းမကောင်းဘူး ထင်ပြီး ဆက်မထုတ်တော့ဘူးလို့ ကြော်ငြာလိုက်ပြီး လက်ရှိဈေးကို တော်တော်ချလိုက်ကာမှာ ရောင်းမလောက်ဖြစ်ပြီး နောက်တစ်သုတ် ထပ်ထုတ်မယ်လို့ လေသံပစ်လာပါတယ်။

အခု အဲဒီ Tablet ပြိုင်ပွဲတွေကြားမှာ SONY က Andriod 3.0 Honeycomb based iPad အရွယ်အစားနီးပါးရှိတဲ့ Tablet S နဲ့ ခေါက်ချိုးပြီး သုံးလို့ရတဲ့ Tablet P တို့နဲ့ ထပ်ပြီး ၀င်ရောက်လာပါပြီ။ 

ဒီ SONY ရဲ့ Tablet တွေ ဘယ်လောက် စွံမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ SONY ကတော့ လာမယ့် မတ်လ ဘဏ္ဍာရေးနှစ်မှာ ၂သန်းနဲ့ နောက်တစ်နှစ်လုံးထဲမှာ ၃.၂သန်းလောက်ထိ ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်။ 

Tablet S ကို ဂျပန် ယန်းငွေ ၄၅၀၀၀နဲ့ စက်တင်ဘာ ၁၇ရက်နေ့က စပြီး ဂျပန်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး Tablet P ကိုတော့ နိုဝင်ဘာလမှာ ဂျပန်မှာပဲ စတင်ရောင်းချဖို့ ကြော်ငြာထားပါတယ် Tablet P ရဲ့ ဈေးနှုန်းကိုတော့ မကြေငြာ ရသေးပါဘူး….

SONY Tablets များရဲ့ အသေးစိတ် အချက်အလက်များကိုတော့ အောက်ပါ လင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ။

3 comments:

  1. အဟီး . . Tablet လိုချင်နေတာနော်။
    အခု ဆိုနီက ထပ်ထွက်နေပြီ ဆိုတော့ . . ဟီးဟီး ဈေးကျအောင် စောင့်ရတော့မှာပေါ့ :D

    ReplyDelete
  2. အဲ . . . S ကို ယန်း ၄၅၀၀ နဲ့ ရောင်းမယ် ဆိုတာ ဟုတ်ပါ့မလား။
    $ 59 လောက်ပဲ ကျတော့မှာပေါ့။ ၄၅၀၀၀ နဲ့များ မှားလား မသိ။

    ReplyDelete
  3. ဟုတ်တယ် ကိုဇော် ယန်း ၄၅၀၀၀ ပါ။ အမှားပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ Android based iPad အရွယ်အစား Tablet ကို ရှာနေတာ… ဆိုနီက ဖြည့်ဆည်းပေးနိုင်မလားပဲ… မျက်စိနဲ့ အပြင်မှာ သေချာတွေ့ရမှ ဆုံးဖြတ်နိုင်မယ်။
    လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

    ReplyDelete