Sunday, September 11, 2011

နှစ်ပေါင်း တစ်ရာတိုင်အောင် ထိန်းသိမ်းခဲ့တဲ့ မဂ်လာရက်

စက်တင်ဘာ ၉ရက်နေ့က လက်ထပ်မဂ်လာပွဲကျင်းပခဲ့တဲ့ အမေရိကန် အိုးဟိုင်းယိုးက သတို့သမီးလေးဟာ သူမတို့ အဘီလက်ထက်ကတည်း မျိုးရိုးစဉ်ဆက် သတ်မှတ်ခဲ့တဲ့ လက်ထပ်မဂ်လာပွဲရက်ကို နှစ်ပေါင်းတရာပြည့် ထိမ်းသိမ်းခဲ့သူ အဖြစ်မှတ်တမ်း ၀င်သွားခဲ့ပါပြီ

လွန်ခဲ့ နှစ်ပေါင်းတစ်ရာက စက်တင်ဘာ ၉ရက်နေ့ဟာ သူမတို့အဘီ လက်ထပ်ခဲ့နေ့ဖြစ်ပြီး... သူမရဲ့ အဘေး၊ အဘိုးအဖွားတို့နဲ့ အဖေအမေတွေဟာလည်း ဒီရက်မှာ လက်ထပ်ခဲ့ကြတာပါ။ သူမလက်ထက်မှာတော့ ဒါဟာ ရာစုနှစ်တစ်ခုရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။

သူမနဲ့ သူမရဲ့ သတို့သားတို့ လက်ထပ်မယ့်ကို ရွေးကြတဲ့အခါ သူမတို့ အဘိုးအဖွား အဖေအမေတွေ လက်ထပ်ပြီးစီးကြောင်း ကြော်ငြာခဲ့တဲ့ သတင်းစာဖြတ်ပိုင်းလေးတွေကို ပြပြီး သူမလည်း ဒီ စက်တင်ဘာ ၉ရက်မှာ မဂ်လာဆောင်ချင်ကြောင်း တောင်းဆိုခဲ့တဲ့အခါမှာ... သူမရဲ့သတို့သားက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။ သူမရဲ့ သတို့သားကတောင် နောင်သူတို့ရဲ့ သာသမီး မြေး မြစ် တီ တွတ် တွေထိ ဒီအမွေကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ခဲ့ရင် ကောင်းမှာပဲလို့  မျှော်လင့်နေပါတယ်။

ဒါပေမယ့် သူမတို့ မိသားစုဝင်တွေက သူတို့ရဲ့ ဘေး ဘိုးတွေ ဒီရက်ကိုမှ ဘာကြောင့် သတ်မှတ်ခဲ့ရသလဲ ဆိုတာကို သေချာ မသိရှိခဲ့ပါဘူးတဲ့.... ဗျာ...

Source

8 comments:

  1. ထူးဆန်းပါပေ့ကိုကိုတွတ်ရယ်လို့သာပြောလိုက်ချင်ပါပြီ
    (မသေးမျှင်လေသံနှင့်)
    ခင်မင်တဲ့

    ReplyDelete
  2. နှစ်ပေါင်းတစ်ရာအထိမင်္ဂလာရက်ကို ထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတော့ မိသားစုအစဉ်အလာကို လေးစားတတ်သူများလို့ ထင်မြင်ယူဆမိတယ်။
    ဗဟုသုတလေးအတွက် ကျေးဇူးပါနော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဘယ်လိုအစဉ်အလာနဲ့ဘဲစခဲ့စခဲ့
    အခုလိုဆိုတော့လည်း..အမှတ်တရဖြစ်တာပေါ့

    ခင်မင်တဲ့ blackroze

    ReplyDelete
  4. ဂျပ်စ်မင်းလည်း အားမကျဘူးလား ဟီးဟီး...

    အန်တီတင့်... ဟုတ်ပ ထိန်းသိမ်းနိုင်တာ လေးစားစရာပါ။ မြန်မာပြည်မှာတော့ မလွယ်ဘူး ပြဿဒါးနဲ့ တိုက်နေရင်တော့ သွားပဲ :P

    Blackroze ... အမှတ်တရအပြင် နှစ်ပတ်လည်လဲ မမေ့တော့ဘူးပေါ့ :P

    အာလုံးကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ကုန်လွန်ခဲ့ပီးသော ၁၉၁၁ နှစ် စက်တင်ဘာ ၉ ရက်နေ့သည် သောကြာနေ့ဖြစ်w,f စနေ တနင်္ဂနွေရုံးပိတ်ရက် မင်္ဂလာဆောင်ရင် လူအများကြီးလာနိုင်ခြေရှိရယ်သားနဲ့ သောကြာနေ့မှာမင်္ဂလာဆောင်တယ်ဆိုတော့ ဒါကို စဉ်းစားကြည့်ခြင်းအားဖြင့် အဘီ လက်ထပ်တုန်းကတိုင် ကပ်စီးနဲခဲ့တာ နှစ်တရာရှိပီပဲ ဟဲ ဟဲ

    ပုံ/ဖြူ မေစံရှား :)

    ReplyDelete
  6. PhyuT - သေချာကို တွက်တာပဲ.. ဟားဟား

    ReplyDelete
  7. ဦးမောင်သန့် နော် လူကိုများ ဟားဟား တဲ့ ဟွင့် အားကြီး စိတ်ဆိုးတယ် :P

    ReplyDelete
  8. မှားပါတယ်... ဦးမောင်သန့်တဲ့ :(

    ReplyDelete